Home
မြန်မာသတင်း
တိုက်ကြီးတွင်  တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရန် လျှပ်စစ်ခြံစည်းရိုးခတ်
DVB
·
September 19, 2019
71501056_889479808118396_2062904562141888512_n
71212645_889479841451726_6439449865666691072_n
71015844_889480024785041_5447927704420614144_n
70489354_889479878118389_1405421412167974912_n
ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ လဟာမငယ်ကျေးရွာမှာ တောဆင်ရိုင်းတွေ စပါးစိုက်ခင်းတွေနဲ့ ကြံစိုက်ခင်းတွေကို ဝင်ရောက်စားသောက်ဖျက်ဆီးနေတာကြောင့်  အမေရိကန် သားရိုင်းတိရစ္ဆာန်နဲ့ငါး ရန်ပုံငွေအဖွဲ့ Grow Back for Posterity ရဲ့ အကူအညီနဲ့ လယ်ဧက ၉၀ ကျော်ကို လျှပ်စစ်ခြံစည်းရိုး ခတ်ပေးခဲ့တယ်လို့ တာဝန်ခံဦးခင်မောင်ကြီးကပြောပါတယ်။ "စပါးနဲ့ ကြံပေါ်ချိန်တွေမှာ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးတာတွေကြောင့် တိုက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို လျှပ်စစ်ခြံစည်းရိုးခတ်ပေးခဲ့တာ ၄ နှစ်ရှိပြီ။ တနှစ်ကို လယ်ဧက ၄၀၀ ခန့်ခတ်ပေးခဲ့တယ်။ အခု ဒီကျေးရွာမှာခတ်ပေးပြီးသွားရင် သနပ်ချောင်းကျေးရွာ ဘက်မှာ ဧက ၁၀၀ ကျော်ခတ်ပေးဖို့ရှိသေးတယ်"လို့ ပြောပါတယ်။ ၃ ရက်ဆက်တိုက် တောဆင်ရိုင်းအုပ်စု ၁၀ ကောင်အထက် ဝင်ရောက်ခဲ့ပြီး အခုအချိန်ထိ ပြန်မထွက်သေးတာကြောင့် ဖော်ကျူးကြံစိုက်ခင်းမှာ ဧက ၂၀ လောက် ပျက်စီးဆုံးရှုံးခဲ့ပြီး တောဆင်ရိုင်းတွေကို မောင်းထုက်ပေးဖို့ သစ်တောဌာနကို အကူအညီတောင်းထားတယ်လို့ စိုက်ခင်းတာဝန်ခံက ပြောပါတယ်။ ဆင်တွေကို မောင်းထုတ်ရာမှာ အခက်အခဲတွေရှိတယ်လို့ သာယာဝတီသစ်ထုတ်လုပ်ရေးမှ ဦးမောင်မောင်ချေက ပြောပါတယ်။ "ဆင်တွေက စိုက်ခင်းတွေထဲကို ဝင်စားလို့ ပြည်သူတွေက မောင်းထုတ်ပေးဖို့ အကူအညီတောင်းတယ်။ ကျနော်တို့က မောင်းထုတ်တဲ့နေရာမှာ အခက်အခဲရှိတယ်ဆိုတာက လိုက်မောင်းတော့ ဆင်ကအုပ်စုဖြစ်တော့ တခြားစိုက်ခင်းတွေ အပျက်အစီးရှိတယ်။ လမ်းမှာ လူတွေနဲ့တိုးလို့ အန္တရာယ်ပေးလို့ တခုခုဖြစ်မှာလည်း ဆိုးရတယ်။ ဆင်တွေက မောင်းလည်း ခဏပဲ ပြန်ရောက်လာတယ်။အခုဆင်တွေကို မောင်းပေးဖို့ပြောထားတဲ့အတွက် သစ်တောဌာနနဲ့တိုင်ပင်ပြီး မောင်းပေးဖို့ စီစဉ်နေပါတယ်"လို့ပြောပါတယ်။ သတင်း - မေသွယ်
ရန္ကုန္၊ တိုက္ႀကီးၿမိဳ႕နယ္၊ ဥကၠံၿမိဳ႕ လဟာမငယ္ေက်း႐ြာမွာ ေတာဆင္႐ိုင္းေတြ စပါးစိုက္ခင္းေတြနဲ႔ ႀကံစိုက္ခင္းေတြကို ဝင္ေရာက္စားေသာက္ဖ်က္ဆီးေနတာေၾကာင့္  အေမရိကန္ သား႐ိုင္းတိရစာၦန္နဲ႔ငါး ရန္ပုံေငြအဖြဲ႕ Grow Back for Posterity ရဲ႕ အကူအညီနဲ႔ လယ္ဧက ၉၀ ေက်ာ္ကို လွ်ပ္စစ္ၿခံစည္း႐ိုး ခတ္ေပးခဲ့တယ္လို႔ တာဝန္ခံဦးခင္ေမာင္ႀကီးကေျပာပါတယ္။ "စပါးနဲ႔ ႀကံေပၚခ်ိန္ေတြမွာ ေတာဆင္႐ိုင္းေတြ ဝင္ေရာက္ဖ်က္ဆီးတာေတြေၾကာင့္ တိုက္ႀကီးၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြကို လွ်ပ္စစ္ၿခံစည္း႐ိုးခတ္ေပးခဲ့တာ ၄ ႏွစ္ရွိၿပီ။ တႏွစ္ကို လယ္ဧက ၄၀၀ ခန႔္ခတ္ေပးခဲ့တယ္။ အခု ဒီေက်း႐ြာမွာခတ္ေပးၿပီးသြားရင္ သနပ္ေခ်ာင္းေက်း႐ြာ ဘက္မွာ ဧက ၁၀၀ ေက်ာ္ခတ္ေပးဖို႔ရွိေသးတယ္"လို႔ ေျပာပါတယ္။ ၃ ရက္ဆက္တိုက္ ေတာဆင္႐ိုင္းအုပ္စု ၁၀ ေကာင္အထက္ ဝင္ေရာက္ခဲ့ၿပီး အခုအခ်ိန္ထိ ျပန္မထြက္ေသးတာေၾကာင့္ ေဖာ္က်ဴးႀကံစိုက္ခင္းမွာ ဧက ၂၀ ေလာက္ ပ်က္စီးဆုံးရႈံးခဲ့ၿပီး ေတာဆင္႐ိုင္းေတြကို ေမာင္းထုက္ေပးဖို႔ သစ္ေတာဌာနကို အကူအညီေတာင္းထားတယ္လို႔ စိုက္ခင္းတာဝန္ခံက ေျပာပါတယ္။ ဆင္ေတြကို ေမာင္းထုတ္ရာမွာ အခက္အခဲေတြရွိတယ္လို႔ သာယာဝတီသစ္ထုတ္လုပ္ေရးမွ ဦးေမာင္ေမာင္ေခ်က ေျပာပါတယ္။ "ဆင္ေတြက စိုက္ခင္းေတြထဲကို ဝင္စားလို႔ ျပည္သူေတြက ေမာင္းထုတ္ေပးဖို႔ အကူအညီေတာင္းတယ္။ က်ေနာ္တို႔က ေမာင္းထုတ္တဲ့ေနရာမွာ အခက္အခဲရွိတယ္ဆိုတာက လိုက္ေမာင္းေတာ့ ဆင္ကအုပ္စုျဖစ္ေတာ့ တျခားစိုက္ခင္းေတြ အပ်က္အစီးရွိတယ္။ လမ္းမွာ လူေတြနဲ႔တိုးလို႔ အႏၲရာယ္ေပးလို႔ တခုခုျဖစ္မွာလည္း ဆိုးရတယ္။ ဆင္ေတြက ေမာင္းလည္း ခဏပဲ ျပန္ေရာက္လာတယ္။အခုဆင္ေတြကို ေမာင္းေပးဖို႔ေျပာထားတဲ့အတြက္ သစ္ေတာဌာနနဲ႔တိုင္ပင္ၿပီး ေမာင္းေပးဖို႔ စီစဥ္ေနပါတယ္"လို႔ေျပာပါတယ္။ သတင္း - ေမသြယ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024