A d v e r t i s e m e n t With Us

သမ္မတထရမ့် မက္ကဆီကိုနယ်စပ်ရှိ  နယ်စပ်တံတိုင်းကို သွားရောက် ကြည့်ရှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မက္ကဆီကိုနဲ့နယ်စပ် ကယ်လိုဖိုးနီးယားပြည်နယ်က  နယ်စပ်တံတိုင်း ဆောက်နေတဲ့နေရာကို စက်တင်ဘာ ၁၈ ရက်က သွားရောက် ကြည့်ရှုခဲ့ပါတယ်။ နယ်စပ် လုံခြုံရေးအဆင့်ဟာ နိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခြေအနေမှာ ရှိနေသေးတယ်လို့လည်း ထရမ့်က ပြောပါတယ်။ အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း ဆောက်နေချိန်မှာ  မက္ကဆီကိုအစိုးရကလည်း သူ့နိုင်ငံဘက်ကနေ ရွှေ့ပြောင်းဒုက္ခသည်တွေ စီးဝင်လာတာကို လျှော့ချပေးမယ်ဆိုရင် နယ်စပ်ကနေ အမေရိကန်စစ်သားတွေကို တပ်ပြန်ရုပ်သိမ်း သွားနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဗဟိုအမေရိကဒေသက ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ပဋိပက္ခတွေကြောင့် မိခင်နိုင်ငံတွေဆီက အစုလိုက်အပြုံလိုက် ထွက်ပြေးလာကြပြီး မက္ကဆီကိုနိုင်ငံကနေ တဆင့် အမေရိကန်နိုင်ငံထဲကိုဝင်ဖို့ ကြိုးစားနေကြတာပါ။  ဒါ့ကြောင့် မက္ကဆီကိုအစိုးရအနေနဲ့ ဒုက္ခသည်တွေ စီးဝင်လာတာကို လျှော့ချပေးမယ်ဆိုရင် မက္ကဆီကို ပို့ကုန်တွေအပေါ် အခွန်ဖြေလျှော့ပေးမယ်လို့ သမ္မတထရမ့်က အပေးအယူ လုပ်ထားပါတယ်။ နိုင်ငံထဲ ဒုက္ခသည်တွေ ဝင်လာတာကို လျှော့ချဖို့ နယ်စပ်တံတိုင်း ဆောက်လုပ်ရေးက ထရမ့်ရဲ့  ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်ကတိတခု ဖြစ်ပါတယ်။ ========================== သမၼတထရမ့္ မကၠဆီကိုနယ္စပ္ရွိ  နယ္စပ္တံတိုင္းကို သြားေရာက္ ၾကည့္ရႈ DVB အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ မကၠဆီကိုနဲ႔နယ္စပ္ ကယ္လိုဖိုးနီးယားျပည္နယ္က  နယ္စပ္တံတိုင္း ေဆာက္ေနတဲ့ေနရာကို စက္တင္ဘာ ၁၈ ရက္က သြားေရာက္ ၾကည့္ရႈခဲ့ပါတယ္။ နယ္စပ္ လုံၿခဳံေရးအဆင့္ဟာ ႏိုင္ငံလုံးဆိုင္ရာ အေရးေပၚအေျခအေနမွာ ရွိေနေသးတယ္လို႔လည္း ထရမ့္က ေျပာပါတယ္။ အေမရိကန္-မကၠဆီကို နယ္စပ္တံတိုင္း ေဆာက္ေနခ်ိန္မွာ  မကၠဆီကိုအစိုးရကလည္း သူ႔ႏိုင္ငံဘက္ကေန ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြ စီးဝင္လာတာကို ေလွ်ာ့ခ်ေပးမယ္ဆိုရင္ နယ္စပ္ကေန အေမရိကန္စစ္သားေတြကို တပ္ျပန္႐ုပ္သိမ္း သြားႏိုင္တယ္လို႔လည္း သူက ဆက္ေျပာပါတယ္။ ဗဟိုအေမရိကေဒသက ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ ပဋိပကၡေတြေၾကာင့္ မိခင္ႏိုင္ငံေတြဆီက အစုလိုက္အၿပဳံလိုက္ ထြက္ေျပးလာၾကၿပီး မကၠဆီကိုႏိုင္ငံကေန တဆင့္ အေမရိကန္ႏိုင္ငံထဲကိုဝင္ဖို႔ ႀကိဳးစားေနၾကတာပါ။ ဒါ့ေၾကာင့္ မကၠဆီကိုအစိုးရအေနနဲ႔ ဒုကၡသည္ေတြ စီးဝင္လာတာကို ေလွ်ာ့ခ်ေပးမယ္ဆိုရင္ မကၠဆီကို ပို႔ကုန္ေတြအေပၚ အခြန္ေျဖေလွ်ာ့ေပးမယ္လို႔ သမၼတထရမ့္က အေပးအယူ လုပ္ထားပါတယ္။ ႏိုင္ငံထဲ ဒုကၡသည္ေတြ ဝင္လာတာကို ေလွ်ာ့ခ်ဖို႔ နယ္စပ္တံတိုင္း ေဆာက္လုပ္ေရးက ထရမ့္ရဲ႕  ၂၀၁၆ ေ႐ြးေကာက္ပြဲ မဲဆြယ္ကတိတခု ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up