အပစ်ရပ်ဆွေးနွေးပွဲအဓွန့်ရှည်စေတဲ့ ကျိန်စာ

“အပစ်ရပ်ဆွေးနွေးပွဲ”တို့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တို့ဆိုတဲ့ ဝေါဟာရတွေဟာ ပြောရဖန်များ လာတော့အခု ဆိုရင် “စကာနွမ်း”တွေတောင်ဖြစ်နေပြီ။ “ဆီသည်မလက်သုတ်ဖတ်” လိုပါပဲ။ အဖန်တရာတေအောင်သုတ်ထား လေတော့ လက်သုတ်ဖို့နေနေသာသာ ထိတောင်မထိချင် လောက်အောင် စိတ်ကုန်နေတာက  ပြည်သူလူထုပါ။  အပစ်ရပ်ဆွေးနွေးမှု တကြိမ်လုပ်မယ်ကြားတိုင်း ဗုံးခိုကျင်းထဲဝင်နေရတဲ့ လူထုရဲ့ ဒုက္ခက မသေးဘူး။ လက်နက်ကြီးထိလို့ သေသူသေ၊ ဒဏ်ရာရ သူရ။ ဆေးရုံပို့သူပို့ရ။ စစ်ပြေး ဒုက္ခသည်တွေသာ တိုးလာတယ်။ တာဝန်ယူမှု၊တာဝန်ခံမှုကလည်းမရှိ။ ဒီလိုလူတွေလက်ထဲ တိုင်းပြည်အပ်ရမှာကလည်း ရင်လေးစရာ။ စက်တင်ဘာ၁၇ ရက်က ကျိုင်းတုံမှာ  မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ NRPC တို့ အပစ်ရပ်ဆွေးနွေးပွဲ ဒုတိယအကြိမ်လုပ်ကြပြန်ပြီဆိုတဲ့သတင်းတွေ တက်လာတယ်။ သတင်းတွေ တက်မလာခင်ကတည်းက ပြည်သူတွေအနေနဲ့ ရင်ခုန်စောင့်စား နားထောင်ခြင်းမရှိခဲ့ကြပါဘူး။ မယုံကြည်တာလည်းပါရဲ့။ အဖြေကို မှန်းဆသိနေတာလည်း ပါဟန်တူပါတယ်။ လူထုရဲ့ အတွေ့အကြုံကလည်း များနေပြီကိုး။ ပထမအကြိမ်ဆွေးနွေးပွဲပြီးကတည်းက  ဒုတိယ အကျော့ဆွေးနွေးပွဲမှာ ဘယ်လို အချက်တွေ ကို အကြောင်းပြုပြီး ထပ်ရွေ့လိမ့်မယ်ဆိုတာအထိ ခန့်မှန်းပေးနိုင်တဲ့လူထုပါ။ ဆွေးနွေးပွဲအပြီး သတင်းတွေလည်း ဖတ်ကြည့်နားထောင်ကြည့်တော့ လူထုကြိုတင်တွက်ဆထားတဲ့ အတိုင်းပါပဲ။  အဲ့ဒီလိုဗျာဒိတ်ပေးခဲ့သူတွေက ပညာရှင်တွေ၊ လေ့လာသုံးသပ်သူလို့ အမည်ခံသူတွေလည်း မဟုတ်။ တကယ့် ပြည်သူထဲကပြည်သူတွေ။ လူထုထဲကလူထုတွေ။ တိုင်းရင်းသား သေနတ်ကိုင်တို့ရဲ့လော်ဘီလည်းမဟုတ်သလို စစ်တပ်ရဲ့ လော်ဘီတွေလည်းမဟုတ်။ ထိုနည်းတူ ငြိမ်းချမ်းရေးပွဲစာတွေးလည်းမဟုတ်ကြ။  အရပ်တကာလှည့်ပြီးလည်း ငြိမ်းချမ်းရေးတရားလည်းမဟော။ သေနတ်ကိုင်တဲ့သူ နှစ်ယောက်စလုံးရော ပွဲစားရော အားလုံးက အသုဘမှာ ဖဲဝိုင်းထောင်စားတဲ့သူတွေနဲ့ စိတ်ဓာတ်ကအတူတူပဲ။ သူတို့ကတော့ ဆွေးနွေးပွဲ အဓွန့်ရှည်ပါစေ ကြောင်း ဆုတောင်း နေကြလေရော့သလား မသိတတ်နိုင်တော့။  ဆွေးနွေးပွဲ အဓွန့်ရှည်လေ ပြည်သူနာလေပဲ။ နှစ်ပေါင်း(၇၀)ကျော် အော်လာခဲ့ရတဲ့ငြိမ်းချမ်းရေး။ သခင်ကိုယ်တော်မှိုင်းတို့ခေတ်ကတည်း ပြောလာအော်လာခဲ့တာ။ သူလည်းငြိမ်းချမ်းရေးကိုမြင်မသွားရရှာဘူး။  မျက်မှောက်ခေတ်မှာလည်း ငြိမ်းချမ်းရေးအကြောင်းဟော ပြောလိုက်ကြတာ။ ဟိုတယ်ကြီးတွေမှာ တွေ့ဆုံကြ။ ဟောကြ ပြောကြပေါ့။ ဒေါ်လာသန်းပေါင်းရာချီပြီးသာ ကုန်သွားတယ်။ ငြိမ်းချမ်းရေးရောင်ခြည်တောင် မသန်းနိုင်ခဲ့ပါဘူး။ တကယ်တန်း လူထုကြားထဲဆင်းပြီး စစ်တမ်းကောက်ကြည့်တော့ ငြိမ်းချမ်းဖြစ်စဉ်ကိုနားလည်သိရှိသူဟာ မြန်မာပြည်လူဦးရေရဲ့ ၉၂% လောက်က စိတ်မဝင် စားနားမလည်ကြဘူးလို့ဆိုပါတယ်။ ဒါဟာဘာကို ပြလဲဆိုရင် ငြိမ်းချမ်းရေးကလီရှေး(စကားနွမ်း)တွေအပေါ် လူထု မယုံကြည်တော့ခြင်းပါပဲ။ မယုံကြည်ခြင်းဆိုရာမှာ  လက်နက်ကိုင်တဘက်ထဲကိုသာမက သေနတ်ကိုင်သူ အားလုံးကို မယုံကြည်တော့ခြင်းပါပဲ။ သေနတ်ကိုင်သူတွေနဲ့ သေနတ်မကိုင်တဲ့လူထုကြားမှာ ကွာဟမှုဟာလည်း တနေ့တခြား ကြီးမားလာနေတာကိုတွေ့ နေရတယ်။ သေနတ်ကိုင်သူတို့ရဲ့ မဟာလော်ဘီတွေကတော့  ဒီကောက်ချက်ကို လက်ခံကြမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားဟာခါးသီးမြဲပါပဲ။ ဂျွန်စတိန်းဘတ်ကတော့ “စစ်ဖြစ်တာနဲ့ လူသားရဲ့စဉ်းစားဆင်ခြင်မှု စွမ်းရည်ဟာ လျော့ကျသွားတော့ တာပဲ” လို့ ဆိုပါတယ်။   ကဲ..ကြည့်ရအောင် စက်တင်ဘာ ၁၇ ရက်က အပစ်ရပ်ဆွေးနွေးပွဲမှာ ဘာတွေထူးခဲ့သလဲ။ ၇ ချက်သဘောတူတယ်တဲ့။ သဘောတူထားတဲ့ ၇ချက်ကို ဆွေးနွေးဖို့ အောက်တိုဘာထဲချိန်းကြပြန် သတဲ့။ နှစ်ဖက်အပစ်ရပ်လက်မှတ်ထိုးဖို့လည်း သဘောတူကြသတဲ့။ အဲ့ဒီသဘောတူထားတဲ့ လက်မှတ်ထိုးခြင်းကို လက်မှတ်ထိုးဖို့ဆွေးနွေးကြရအုံးမတဲ့။ ဟော TNLA ပြောခွင့်ရ တာဖုန်းကျော်ကတော့ “တိတိကျကျ တိုက်ပွဲလျော့ချရေးကိစ္စကို ကျနော်တို့ မဆွေးနွေး နိုင်ကြဘူး”လို့ ဆိုပြန်ပါတယ်။ အပစ်ရပ်ဖို့မပြောနဲ့ အပစ်လျော့ချရေးတောင် မဆွေးနွေးနိုင်ခဲ့ဟန်ပါပဲ။ “ကြည့်ရတာ ကတော့ နှစ်ဘက်စလုံးက တရုတ်ကို ကြောက်လို့ ဆွေးနွေးပွဲလုပ်ရတယ်ဆိုတာထက် ပိုဟန်မရှိပါဘူး”ဆိုတဲ့ လူထု အသံကပဲမှန်နေလေသလောမသိ။ တကယ့် ငြိမ်းချမ်းလိုသောစိတ်တို့ ကင်းမဲ့နေသယောင်ပင်။  အာဏာရှင်ဆန့်ကျင်သူဟာ အာဏာရှင်အားကျစိတ်ရှိတတ်စမြဲပါ။ သေနတ်ကိုင်တာကြာလာရင် သေနတ်ကိုတွယ်တာခုံမင်လာတယ်။ နောက်တဆင့်တက်တော့ လက်နက်မဲ့ပြည်သူတွေရဲ့ကြောက်ရွံ့စိတ်နဲ့ ထိတ်လန့်စိုးရွံ့ခြင်း အပေါ်မှာ အရသာ ခံလာတတ်လာတယ်။ အဆုံးမှာတော့ သူ့လူထုနဲ့သူနဲ့ အလှမ်းဝေးလာတယ်။  လူထုကို အအုပ် ချုပ်ခံတွေလို့မြင်လာတတ်တယ်။ ဒီလူတွေဟာ လူထုဆန္ဒနဲ့ရ ရွေးကောက်တင်မြှောက်ခြင်းကို မခံရဲတော့ဘူး။ ဒီတော့ စစ်ပြေငြိမ်းမှာကိုကြောက်လာတယ်။ ပြည်သူ့ဆန္ဒနဲ့ရွေးချယ်တင်မြောက်ခြင်းမဟုတ်ဘဲ ဗိုလ်ကျခွင့်ရတဲ့နည်း နဲ့ လွှတ်တော်ထဲ ဝင်ထိုင်ချင်လာတယ်။ အစိုးရအဖွဲ့ထဲဝင်ပါချင်လာတယ်။ဒါဟာ ဆင်ခြင်ဉာဏ်မဲ့ လက်နက်ကိုင်သူ တို့ရဲ့ ဖြစ်တတ်တဲ့စိတ်သဘာဝပဲ။ ဒီသဘာဝ“ငါ့မှာရှိသလား”ဆိုတာကတော့ ကိုယ့်ဖာသာကိုယ်မေးလို့ ကိုယ့်နှလုံး သားနဲ့အဖြေရှာရမှာပါ။   မော်စီတုန်းကတော့ “ငြိမ်းချမ်းရေးဆိုတာ သေနတ်မပါတဲ့ နိုင်ငံရေး၊ စစ်ဆိုတာသွေးနဲ့လုပ်တဲ့နိုင်ငံရေး”တဲ့။ ကဲ.. သင်ဘယ်လမ်းလိုက်မလဲ။ ဆွေးနွေးရင်းတိုက်လို့ တိုက်ရင်းဆွေးနွေးဆိုတဲ့ မှားယွင်းတဲ့အဆိုတခုအပေါ်မှာရပ်မလား။ ကိုယ့်လူထုလိုလားတဲ့ “ကျည်မဖေါက်၊ ယမ်းငွေ့မဝေ”တဲ့ လမ်းလျောက်မလား။  “အပစ်ရပ်ဆွေးနွေးပွဲ အဓွန့်ရှည်ပါစေ”ဆိုတဲ့ ကျိန်စာဟာ နှစ်ပေါင်း(၇၀)ကျော်ခဲ့ပြီမို့ ပြည်သူ့ဆန္ဒနဲ့ ရဲရဲကြီးမှတ်ကျောက်အတင်ခံရဲသူတွေ ဖြစ်ကြပါစေလို့တော့ဆုတောင်းမိရဲ့။ ဘာပဲဖြစ်ဖြစ် လက်နက်မဲ့ ပြည်သူတွေအတွက်ကတော့  ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးရုံမှတပါး အခြားမရှိတော့ပြီပဲလေ။ ထွန်းဇော်ဌေး 
အပစ္ရပ္ေဆြးေႏြးပြဲအဓြန႔္ရွည္ေစတဲ့ က်ိန္စာ ထြန္းေဇာ္ေဌး “အပစ္ရပ္ေဆြးေႏြးပြဲ”တို႔ “ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ”တို႔ဆိုတဲ့ ေဝါဟာရေတြဟာ ေျပာရဖန္မ်ား လာေတာ့အခု ဆိုရင္ “စကာႏြမ္း”ေတြေတာင္ျဖစ္ေနၿပီ။ “ဆီသည္မလက္သုတ္ဖတ္” လိုပါပဲ။ အဖန္တရာေတေအာင္သုတ္ထား ေလေတာ့ လက္သုတ္ဖို႔ေနေနသာသာ ထိေတာင္မထိခ်င္ ေလာက္ေအာင္ စိတ္ကုန္ေနတာက ျပည္သူလူထုပါ။ အပစ္ရပ္ေဆြးေႏြးမႈ တႀကိမ္လုပ္မယ္ၾကားတိုင္း ဗုံးခိုက်င္းထဲဝင္ေနရတဲ့ လူထုရဲ႕ ဒုကၡက မေသးဘူး။ လက္နက္ႀကီးထိလို႔ ေသသူေသ၊ ဒဏ္ရာရ သူရ။ ေဆး႐ုံပို႔သူပို႔ရ။ စစ္ေျပး ဒုကၡသည္ေတြသာ တိုးလာတယ္။ တာဝန္ယူမႈ၊တာဝန္ခံမႈကလည္းမရွိ။ ဒီလိုလူေတြလက္ထဲ တိုင္းျပည္အပ္ရမွာကလည္း ရင္ေလးစရာ။ စက္တင္ဘာ၁၇ ရက္က က်ိဳင္းတုံမွာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕နဲ႔ NRPC တို႔ အပစ္ရပ္ေဆြးေႏြးပြဲ ဒုတိယအႀကိမ္လုပ္ၾကျပန္ၿပီဆိုတဲ့သတင္းေတြ တက္လာတယ္။ သတင္းေတြ တက္မလာခင္ကတည္းက ျပည္သူေတြအေနနဲ႔ ရင္ခုန္ေစာင့္စား နားေထာင္ျခင္းမရွိခဲ့ၾကပါဘူး။ မယုံၾကည္တာလည္းပါရဲ႕။ အေျဖကို မွန္းဆသိေနတာလည္း ပါဟန္တူပါတယ္။ လူထုရဲ႕ အေတြ႕အႀကဳံကလည္း မ်ားေနၿပီကိုး။ ပထမအႀကိမ္ေဆြးေႏြးပြဲၿပီးကတည္းက ဒုတိယ အေက်ာ့ေဆြးေႏြးပြဲမွာ ဘယ္လို အခ်က္ေတြ ကို အေၾကာင္းျပဳၿပီး ထပ္ေ႐ြ႕လိမ့္မယ္ဆိုတာအထိ ခန႔္မွန္းေပးႏိုင္တဲ့လူထုပါ။ ေဆြးေႏြးပြဲအၿပီး သတင္းေတြလည္း ဖတ္ၾကည့္နားေထာင္ၾကည့္ေတာ့ လူထုႀကိဳတင္တြက္ဆထားတဲ့ အတိုင္းပါပဲ။ အဲ့ဒီလိုဗ်ာဒိတ္ေပးခဲ့သူေတြက ပညာရွင္ေတြ၊ ေလ့လာသုံးသပ္သူလို႔ အမည္ခံသူေတြလည္း မဟုတ္။ တကယ့္ ျပည္သူထဲကျပည္သူေတြ။ လူထုထဲကလူထုေတြ။ တိုင္းရင္းသား ေသနတ္ကိုင္တို႔ရဲ႕ေလာ္ဘီလည္းမဟုတ္သလို စစ္တပ္ရဲ႕ ေလာ္ဘီေတြလည္းမဟုတ္။ ထိုနည္းတူ ၿငိမ္းခ်မ္းေရးပြဲစာေတြးလည္းမဟုတ္ၾက။ အရပ္တကာလွည့္ၿပီးလည္း ၿငိမ္းခ်မ္းေရးတရားလည္းမေဟာ။ ေသနတ္ကိုင္တဲ့သူ ႏွစ္ေယာက္စလုံးေရာ ပြဲစားေရာ အားလုံးက အသုဘမွာ ဖဲဝိုင္းေထာင္စားတဲ့သူေတြနဲ႔ စိတ္ဓာတ္ကအတူတူပဲ။ သူတို႔ကေတာ့ ေဆြးေႏြးပြဲ အဓြန႔္ရွည္ပါေစ ေၾကာင္း ဆုေတာင္း ေနၾကေလေရာ့သလား မသိတတ္ႏိုင္ေတာ့။ ေဆြးေႏြးပြဲ အဓြန႔္ရွည္ေလ ျပည္သူနာေလပဲ။ ႏွစ္ေပါင္း(၇၀)ေက်ာ္ ေအာ္လာခဲ့ရတဲ့ၿငိမ္းခ်မ္းေရး။ သခင္ကိုယ္ေတာ္မႈိင္းတို႔ေခတ္ကတည္း ေျပာလာေအာ္လာခဲ့တာ။ သူလည္းၿငိမ္းခ်မ္းေရးကိုျမင္မသြားရရွာဘူး။ မ်က္ေမွာက္ေခတ္မွာလည္း ၿငိမ္းခ်မ္းေရးအေၾကာင္းေဟာ ေျပာလိုက္ၾကတာ။ ဟိုတယ္ႀကီးေတြမွာ ေတြ႕ဆုံၾက။ ေဟာၾက ေျပာၾကေပါ့။ ေဒၚလာသန္းေပါင္းရာခ်ီၿပီးသာ ကုန္သြားတယ္။ ၿငိမ္းခ်မ္းေရးေရာင္ျခည္ေတာင္ မသန္းႏိုင္ခဲ့ပါဘူး။ တကယ္တန္း လူထုၾကားထဲဆင္းၿပီး စစ္တမ္းေကာက္ၾကည့္ေတာ့ ၿငိမ္းခ်မ္းျဖစ္စဥ္ကိုနားလည္သိရွိသူဟာ ျမန္မာျပည္လူဦးေရရဲ႕ ၉၂% ေလာက္က စိတ္မဝင္ စားနားမလည္ၾကဘူးလို႔ဆိုပါတယ္။ ဒါဟာဘာကို ျပလဲဆိုရင္ ၿငိမ္းခ်မ္းေရးကလီေရွး(စကားႏြမ္း)ေတြအေပၚ လူထု မယုံၾကည္ေတာ့ျခင္းပါပဲ။ မယုံၾကည္ျခင္းဆိုရာမွာ လက္နက္ကိုင္တဘက္ထဲကိုသာမက ေသနတ္ကိုင္သူ အားလုံးကို မယုံၾကည္ေတာ့ျခင္းပါပဲ။ ေသနတ္ကိုင္သူေတြနဲ႔ ေသနတ္မကိုင္တဲ့လူထုၾကားမွာ ကြာဟမႈဟာလည္း တေန႔တျခား ႀကီးမားလာေနတာကိုေတြ႕ ေနရတယ္။ ေသနတ္ကိုင္သူတို႔ရဲ႕ မဟာေလာ္ဘီေတြကေတာ့ ဒီေကာက္ခ်က္ကို လက္ခံၾကမွာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ အမွန္တရားဟာခါးသီးၿမဲပါပဲ။ ဂြၽန္စတိန္းဘတ္ကေတာ့ “စစ္ျဖစ္တာနဲ႔ လူသားရဲ႕စဥ္းစားဆင္ျခင္မႈ စြမ္းရည္ဟာ ေလ်ာ့က်သြားေတာ့ တာပဲ” လို႔ ဆိုပါတယ္။ ကဲ..ၾကည့္ရေအာင္ စက္တင္ဘာ ၁၇ ရက္က အပစ္ရပ္ေဆြးေႏြးပြဲမွာ ဘာေတြထူးခဲ့သလဲ။ ၇ ခ်က္သေဘာတူတယ္တဲ့။ သေဘာတူထားတဲ့ ၇ခ်က္ကို ေဆြးေႏြးဖို႔ ေအာက္တိုဘာထဲခ်ိန္းၾကျပန္ သတဲ့။ ႏွစ္ဖက္အပစ္ရပ္လက္မွတ္ထိုးဖို႔လည္း သေဘာတူၾကသတဲ့။ အဲ့ဒီသေဘာတူထားတဲ့ လက္မွတ္ထိုးျခင္းကို လက္မွတ္ထိုးဖို႔ေဆြးေႏြးၾကရအုံးမတဲ့။ ေ ဟာ TNLA ေျပာခြင့္ရ တာဖုန္းေက်ာ္ကေတာ့ “တိတိက်က် တိုက္ပြဲေလ်ာ့ခ်ေရးကိစၥကို က်ေနာ္တို႔ မေဆြးေႏြး ႏိုင္ၾကဘူး”လို႔ ဆိုျပန္ပါတယ္။ အပစ္ရပ္ဖို႔မေျပာနဲ႔ အပစ္ေလ်ာ့ခ်ေရးေတာင္ မေဆြးေႏြးႏိုင္ခဲ့ဟန္ပါပဲ။ “ၾကည့္ရတာ ကေတာ့ ႏွစ္ဘက္စလုံးက တ႐ုတ္ကို ေၾကာက္လို႔ ေဆြးေႏြးပြဲလုပ္ရတယ္ဆိုတာထက္ ပိုဟန္မရွိပါဘူး”ဆိုတဲ့ လူထု အသံကပဲမွန္ေနေလသေလာမသိ။ တကယ့္ ၿငိမ္းခ်မ္းလိုေသာစိတ္တို႔ ကင္းမဲ့ေနသေယာင္ပင္။ အာဏာရွင္ဆန႔္က်င္သူဟာ အာဏာရွင္အားက်စိတ္ရွိတတ္စၿမဲပါ။ ေသနတ္ကိုင္တာၾကာလာရင္ ေသနတ္ကိုတြယ္တာခုံမင္လာတယ္။ ေနာက္တဆင့္တက္ေတာ့ လက္နက္မဲ့ျပည္သူေတြရဲ႕ေၾကာက္႐ြံ႕စိတ္နဲ႔ ထိတ္လန႔္စိုး႐ြံ႕ျခင္း အေပၚမွာ အရသာ ခံလာတတ္လာတယ္။ အဆုံးမွာေတာ့ သူ႔လူထုနဲ႔သူနဲ႔ အလွမ္းေဝးလာတယ္။ လူထုကို အအုပ္ ခ်ဳပ္ခံေတြလို႔ျမင္လာတတ္တယ္။ ဒီလူေတြဟာ လူထုဆႏၵနဲ႔ရ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းကို မခံရဲေတာ့ဘူး။ ဒီေတာ့ စစ္ေျပၿငိမ္းမွာကိုေၾကာက္လာတယ္။ ျပည္သူ႔ဆႏၵနဲ႔ေ႐ြးခ်ယ္တင္ေျမာက္ျခင္းမဟုတ္ဘဲ ဗိုလ္က်ခြင့္ရတဲ့နည္း နဲ႔ လႊတ္ေတာ္ထဲ ဝင္ထိုင္ခ်င္လာတယ္။ အစိုးရအဖြဲ႕ထဲဝင္ပါခ်င္လာတယ္။ဒါဟာ ဆင္ျခင္ဉာဏ္မဲ့ လက္နက္ကိုင္သူ တို႔ရဲ႕ ျဖစ္တတ္တဲ့စိတ္သဘာဝပဲ။ ဒီသဘာဝ“ငါ့မွာရွိသလား”ဆိုတာကေတာ့ ကိုယ့္ဖာသာကိုယ္ေမးလို႔ ကိုယ့္ႏွလုံး သားနဲ႔အေျဖရွာရမွာပါ။ ေမာ္စီတုန္းကေတာ့ “ၿငိမ္းခ်မ္းေရးဆိုတာ ေသနတ္မပါတဲ့ ႏိုင္ငံေရး၊ စစ္ဆိုတာေသြးနဲ႔လုပ္တဲ့ႏိုင္ငံေရး”တဲ့။ ကဲ.. သင္ဘယ္လမ္းလိုက္မလဲ။ ေဆြးေႏြးရင္းတိုက္လို႔ တိုက္ရင္းေဆြးေႏြးဆိုတဲ့ မွားယြင္းတဲ့အဆိုတခုအေပၚမွာရပ္မလား။ ကိုယ့္လူထုလိုလားတဲ့ “က်ည္မေဖါက္၊ ယမ္းေငြ႕မေဝ”တဲ့ လမ္းေလ်ာက္မလား။ “အပစ္ရပ္ေဆြးေႏြးပြဲ အဓြန႔္ရွည္ပါေစ”ဆိုတဲ့ က်ိန္စာဟာ ႏွစ္ေပါင္း(၇၀)ေက်ာ္ခဲ့ၿပီမို႔ ျပည္သူ႔ဆႏၵနဲ႔ ရဲရဲႀကီးမွတ္ေက်ာက္အတင္ခံရဲသူေတြ ျဖစ္ၾကပါေစလို႔ေတာ့ဆုေတာင္းမိရဲ႕။ ဘာပဲျဖစ္ျဖစ္ လက္နက္မဲ့ ျပည္သူေတြအတြက္ကေတာ့ ေဘးအႏၲရာယ္အေပါင္းမွ ကင္းေဝးၾကပါေစလို႔ ဆုေတာင္းေပး႐ုံမွတပါး အျခားမရွိေတာ့ၿပီပဲေလ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up