Home
မြန်မာသတင်း
ဖားကန့်တွင် ဂြိုဟ်တု အပိုင်းအစ ပြုတ်ကျ
DVB
·
September 19, 2019
71209940_2446931152088372_7745800452628807680_o
70937649_2446930772088410_7166811871553519616_n
70925031_2446930898755064_4676030774619668480_n
70846875_2446930992088388_1689373266453463040_n
70587477_517440702416497_3127143027970146304_n
70496504_2446930762088411_7769583803965636608_n
70493500_2446930672088420_4918159633241079808_n
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးမှာ ဂြိုဟ်တု အပိုင်းအစတခု ဒီနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်လောက်က ကောင်းကင်ကနေ ပြုတ်ကျခဲ့တယ်လို့ မျက်မြင်တွေ့ရှိလိုက်ရတဲ့ ဆန်ခါရွာသားတွေထံက သိရပါတယ်။ ပြုတ်ကျလာတဲ့အပိုင်းအစဟာ ပေပါလုံးထက်အဝကျယ်ပြီးတော့ ပေပါလုံးထက်လည်း ရှည်လျားတယ်လို့  မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ "ကောင်းကင်ကနေ အသံအကျယ်ကြီး မြည်ပြီး ကျလာတာ။ တော်တော်အသံကျယ်တယ်။ မီးခိုးတွေ အူပြီးကျလာတာ။ ကျနော်တို့ ရွာနားကို လက်နက်ကြီး ထုပြီ၊ တိုက်ပွဲဖြစ်တာ ထင်နေတာ" လို့ မျက်မြင် တွေ့ရှိတဲ့ ဆန်ခါရွာသားတဦးက ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံးခင်း နယ်မြေရဲစခန်းမှူးနဲ့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။ အခုလို ဖြစ်စဉ်မျိုးကို ၂၀၁၆ ခုနှစ်က လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီးမှာ ပြုတ်ကျခဲ့ဖူးပါတယ်။ ဇော်မိုးထက် (ဖားကန့်)
ဖားကန႔္တြင္ ၿဂိဳဟ္တု အပိုင္းအစ ျပဳတ္က် ေဇာ္မိုးထက္ (ဖားကန႔္) ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု ဆန္ခါေက်း႐ြာအနီးမွာ ၿဂိဳဟ္တု အပိုင္းအစတခု ဒီေန႔ မြန္းလြဲ ၁ နာရီခြဲအခ်ိန္ေလာက္က ေကာင္းကင္ကေန ျပဳတ္က်ခဲ့တယ္လို႔ မ်က္ျမင္ေတြ႕ရွိလိုက္ရတဲ့ ဆန္ခါ႐ြာသားေတြထံက သိရပါတယ္။ ျပဳတ္က်လာတဲ့အပိုင္းအစဟာ ေပပါလုံးထက္အဝက်ယ္ၿပီးေတာ့ ေပပါလုံးထက္လည္း ရွည္လ်ားတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္။ "ေကာင္းကင္ကေန အသံအက်ယ္ႀကီး ျမည္ၿပီး က်လာတာ။ ေတာ္ေတာ္အသံက်ယ္တယ္။ မီးခိုးေတြ အူၿပီးက်လာတာ။ က်ေနာ္တို႔ ႐ြာနားကို လက္နက္ႀကီး ထုၿပီ၊ တိုက္ပြဲျဖစ္တာ ထင္ေနတာ" လို႔ မ်က္ျမင္ ေတြ႕ရွိတဲ့ ဆန္ခါ႐ြာသားတဦးက ေျပာပါတယ္။ အခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး လုံးခင္း နယ္ေျမရဲစခန္းမႉးနဲ႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးထံ ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါဘူး။ အခုလို ျဖစ္စဥ္မ်ိဳးကို ၂၀၁၆ ခုႏွစ္က လုံးခင္းေက်း႐ြာအုပ္စု ေမွာ္စီစာေက်း႐ြာအနီးမွာ ျပဳတ္က်ခဲ့ဖူးပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024