Home
မြန်မာသတင်း
ဧရာဝတီတိုင်း လဝက ဝန်ကြီးအသစ်ကို တိုင်းလွှတ်တော်တွင် အတည်ပြု
သော်ဇင်မျိုး
·
September 19, 2019

ဧရာဝတီတိုင်းဒေသကြီး လဝက ဝန်ကြီးအသစ်ကို ခန့်အပ်ဖို့ကိစ္စ အချိန် နှစ်လကျော် ကြံ့ကြာနေရာက ဒီကနေ့ ကျင်းပတဲ့ ဧရာဝတီတိုင်း လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးသစ်အဖြစ် ပုသိမ်မဲဆန္ဒနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းကို ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ နာမည်စာရင်းတင်သွင်းလာတဲ့အပေါ် လွှတ်တော်မှာ ကန့်ကွက်သူမရှိ တဲ့အတွက် လွှတ်တော်မှာအတည်ပြုခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန အသစ်ဖွဲ့စည်းဖို့နဲ့ ဝန်ကြီး အသစ်ခန့်အပ်ဖို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၉ ကို ဇူလိုင် လဆန်းက ခေါ်ယူကျင်းပခဲ့ပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနအသစ်ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ဝန်ကြီးချုပ်က နာမည်စာရင်းမပို့နိုင်သေးတာကြောင့် ဝန်ကြီးအသစ်မခန့်နိုင်ပဲ လွှတ်တော်အစည်းအဝေး ရပ်နားလိုက်ကာ အချိန် ၂ လ အထိကြာမြင့်ခဲ့တာပါ။


ဧရာဝတီတိုင္း လဝက ဝန္ႀကီးအသစ္ကို တိုင္းလႊတ္ေတာ္တြင္ အတည္ျပဳ ေသာ္ဇင္မ်ိဳး ဧရာဝတီတိုင္းေဒသႀကီး လဝက ဝန္ႀကီးအသစ္ကို ခန႔္အပ္ဖို႔ကိစၥ အခ်ိန္ ႏွစ္လေက်ာ္ ႀကံ့ၾကာေနရာက ဒီကေန႔ က်င္းပတဲ့ ဧရာဝတီတိုင္း လႊတ္ေတာ္မွာ အတည္ျပဳႏိုင္ခဲ့ပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးသစ္အျဖစ္ ပုသိမ္မဲဆႏၵနယ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိုးဝင္းကို ဒီကေန႔က်င္းပတဲ့ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ပုံမွန္အစည္းအေဝးမွာ အတည္ျပဳခဲ့တာပါ။ ဧရာဝတီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ရဲ႕ နာမည္စာရင္းတင္သြင္းလာတဲ့အေပၚ လႊတ္ေတာ္မွာ ကန႔္ကြက္သူမရွိ တဲ့အတြက္ လႊတ္ေတာ္မွာအတည္ျပဳခဲ့ပါတယ္။ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန အသစ္ဖြဲ႕စည္းဖို႔နဲ႔ ဝန္ႀကီး အသစ္ခန႔္အပ္ဖို႔ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး ၁/၂၀၁၉ ကို ဇူလိုင္ လဆန္းက ေခၚယူက်င္းပခဲ့ပါတယ္။ ဒါေပမယ့္ ဝန္ႀကီးဌာနအသစ္ကိုသာ ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ဝန္ႀကီးခ်ဳပ္က နာမည္စာရင္းမပို႔ႏိုင္ေသးတာေၾကာင့္ ဝန္ႀကီးအသစ္မခန႔္ႏိုင္ပဲ လႊတ္ေတာ္အစည္းအေဝး ရပ္နားလိုက္ကာ အခ်ိန္ ၂ လ အထိၾကာျမင့္ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024