ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွင် မန်စီးတီး အနိုင်ရ၊ စပါးအသင်း သရေကျ(ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာ ပရီးမီးယားလိဂ် ကလပ်တွေထဲက မန်စီးတီးနိုင်ပြီး စပါးအသင်းက သရေကျသွားပါတယ်။ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ယူကရိန်းကလပ် ရှာတာဒွန်းတက်ခ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။  မန်စီးတီးအတွက် အနိုင်ဂိုးတွေကို မာရက်ဇ်၊ ဂန်ဒိုဂန်နဲ့ ဂျေစုတို့က သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ မန်စီးတီးက ချန်ပီယံလိဂ်မှာတာ ထွက်ကောင်းခဲ့ပါတယ်။ စပါးအသင်းကတော့ အဝေးကွင်းမှာ အိုလံပီယာကို့စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ စပါးက ဟယ်ရီကိန်းနဲ့ မိုရာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။  ဒါပေမယ့် ဂရိကလပ် အိုလံပီယာကို့စ်က ချေပဂိုးတွေပြန်သွင်းပြီး သရေတမှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ==================== ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္တြင္ မန္စီးတီး အႏိုင္ရ၊ စပါးအသင္း သေရက်(႐ုပ္သံ) DVB မေန႔ညက ယွဥ္ၿပိဳင္သြားတဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲစဥ္ေတြမွာ ပရီးမီးယားလိဂ္ ကလပ္ေတြထဲက မန္စီးတီးႏိုင္ၿပီး စပါးအသင္းက သေရက်သြားပါတယ္။ မန္ခ်က္စတာစီးတီးက အေဝးကြင္းမွာ ယူကရိန္းကလပ္ ရွာတာဒြန္းတက္ခ္ကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တာပါ။ မန္စီးတီးအတြက္ အႏိုင္ဂိုးေတြကို မာရက္ဇ္၊ ဂန္ဒိုဂန္နဲ႔ ေဂ်စုတို႔က သြင္းယူပါတယ္။ ဒီပြဲႏိုင္လို႔ မန္စီးတီးက ခ်န္ပီယံလိဂ္မွာတာ ထြက္ေကာင္းခဲ့ပါတယ္။ စပါးအသင္းကေတာ့ အေဝးကြင္းမွာ အိုလံပီယာကို႔စ္အသင္းနဲ႔ ၂ ဂိုးစီ သေရက်ခဲ့ပါတယ္။ စပါးက ဟယ္ရီကိန္းနဲ႔ မိုရာတို႔ရဲ႕ ဂိုးေတြနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဂရိကလပ္ အိုလံပီယာကို႔စ္က ေခ်ပဂိုးေတြျပန္သြင္းၿပီး သေရတမွတ္ ခြဲယူႏိုင္ခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up