အီကွေဒေါတွင် ကိုယ်ဝန်ဖျက်ချမှု ထောက်ခံဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

အီကွေဒေါနိုင်ငံ ကွီတိုမြို့ရဲ့ လမ်းတွေပေါ်မှာ ကိုယ်ဝန်ဖျက်ချတာ လိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ စက်တင်ဘာ ၁၇ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
အဓမ္မပြုကျင့်မှုတွေကြောင့် ရလာတဲ့ ကိုယ်ဝန်တွေကို ဖျက်ချခွင့်ပေးရေး လှုပ်ရှားမှုကို အီကွေဒေါ အမတ်တွေက မဲပေးငြင်းပယ်အပြီး ခုလိုဖြစ်တာပါ။
အီကွေဒေါနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်ရဲ့ အသက်ဘေးကို စိုးရိမ်ရချိန်နဲ့ စိတ်ပိုင်းမကျန်းမာတဲ့ အမျိုးသမီးတယောက် အဓမ္မပြုကျင့်ခံရလို့ ကိုယ်ဝန်ရတာကလွဲရင် တခြားကိုယ်ဝန်ကို ဖျက်ချခွင့် မရှိပါဘူး။
ဇန်နဝါရီလမှာတော့ အီကွေဒေါ အမျိုးသားညီလာခံက အဓမ္မပြုကျင့်မှု၊ သွေးရင်းချင်း စပ်ယှက်မှုနဲ့ မေထုန်မဲ့ အတင်းကိုယ်ဝန်ဆောင်ခိုင်းမှု ကိစ္စတွေမှာ ကိုယ်ဝန်ဖျက်ချတာကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ချပေးရေး ဥပဒေမူကြမ်းကို ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။
အင်္ဂါနေ့မှာတော့ လွှတ်တော်အမတ် ၆၅ ယောက်က ထောက်ခံမဲ ပေးပေမယ့် အနည်းဆုံးလိုအပ်တဲ့ မဲ ၇၀ မရတာကြောင့် ဒီဥပဒေမူကြမ်းကို အတည်မပြုနိုင်ဘဲ အဆိုရှုံးနိမ့်ခဲ့ပါတယ်။
ဒီပြုပြင်ပြောင်းလဲရေးကို အပြင်းအထန်ဆန့်ကျင်တာက သြဇာကြီးတဲ့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းနဲ့ ပိုပြီး ရှေးရိုးစွဲကြီးတဲ့ အမျိုးသားညီလာခံ အဖွဲ့ဝင်တွေပါ။ ကိုယ်ဝန်ကို ဖျက်ချခွင့် ဖြေလျော့ပေးမယ့်အစား မုဒိမ်းသမားကို အပြစ်ပိုပေးဖို့ သူတို့က တိုက်တွန်း ပြောဆိုပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူတွေကတော့ မုဒိမ်းမှုနဲ့ အရွယ်မရောက်ခင် ကိုယ်ဝန်ဆောင်မှုတွေ ပေါများလာတာကို ထောက်ပြပါတယ်။
အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုယ်ဝန်ဖျက်ချမှု တားမြစ်တဲ့ ဥပဒေတွေဟာ အလုပ်သမားလူတန်းစား အမျိုးသမီးတွေကို အထိခိုက်ဆုံးပဲလို့ ပြောပါတယ်။
ပိုဆင်းရဲတဲ့ အမျိုးသမီးတွေဟာ ပိုးဝင်သေဆုံးစေနိုင်တဲ့ တရားမဝင် ကိုယ်ဝန်ဖျက်ချနိုင်မယ့် နေရာတွေကို မလွှဲမရှောင်သာ သုံးနေရတယ်လို့လည်း ပြောပါတယ်။
ဘေးမကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးနှုန်းဟာ အီကွေဒေါ တနိုင်ငံလုံး ၂၀၁၄ မှာ သေဆုံးသူ ဦးရေရဲ့ ၁၅.၆ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး သေဆုံးမှု အားလုံးရဲ့ ၅ ပုံတပုံရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ၂၀၁၇ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
==========================
အီေကြေဒါတြင္ ကိုယ္ဝန္ဖ်က္ခ်မႈ ေထာက္ခံဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ ႐ုန္းရင္းဆန္ခတ္ျဖစ္
DVB
အီေကြေဒါႏိုင္ငံ ကြီတိုၿမိဳ႕ရဲ႕ လမ္းေတြေပၚမွာ ကိုယ္ဝန္ဖ်က္ခ်တာ လိုလားတဲ့ ဆႏၵျပသူေတြနဲ႔ ရဲေတြ စက္တင္ဘာ ၁၇ ရက္က ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။
အဓမၼျပဳက်င့္မႈေတြေၾကာင့္ ရလာတဲ့ ကိုယ္ဝန္ေတြကို ဖ်က္ခ်ခြင့္ေပးေရး လႈပ္ရွားမႈကို အီေကြေဒါ အမတ္ေတြက မဲေပးျငင္းပယ္အၿပီး ခုလိုျဖစ္တာပါ။
အီေကြေဒါႏိုင္ငံမွာ ကိုယ္ဝန္ဖ်က္ခ်တာဟာ တရားမဝင္ပါဘူး။ ကိုယ္ဝန္ေဆာင္ မိခင္ရဲ႕ အသက္ေဘးကို စိုးရိမ္ရခ်ိန္နဲ႔ စိတ္ပိုင္းမက်န္းမာတဲ့ အမ်ိဳးသမီးတေယာက္ အဓမၼျပဳက်င့္ခံရလို႔ ကိုယ္ဝန္ရတာကလြဲရင္ တျခားကိုယ္ဝန္ကို ဖ်က္ခ်ခြင့္ မရွိပါဘူး။
ဇန္နဝါရီလမွာေတာ့ အီေကြေဒါ အမ်ိဳးသားညီလာခံက အဓမၼျပဳက်င့္မႈ၊ ေသြးရင္းခ်င္း စပ္ယွက္မႈနဲ႔ ေမထုန္မဲ့ အတင္းကိုယ္ဝန္ေဆာင္ခိုင္းမႈ ကိစၥေတြမွာ ကိုယ္ဝန္ဖ်က္ခ်တာကို ရာဇဝတ္မႈအျဖစ္ကေန ပယ္ခ်ေပးေရး ဥပေဒမူၾကမ္းကို ေဆြးေႏြးျငင္းခုံခဲ့ၾကပါတယ္။
အဂၤါေန႔မွာေတာ့ လႊတ္ေတာ္အမတ္ ၆၅ ေယာက္က ေထာက္ခံမဲ ေပးေပမယ့္ အနည္းဆုံးလိုအပ္တဲ့ မဲ ၇၀ မရတာေၾကာင့္ ဒီဥပေဒမူၾကမ္းကို အတည္မျပဳႏိုင္ဘဲ အဆိုရႈံးနိမ့္ခဲ့ပါတယ္။
ဒီျပဳျပင္ေျပာင္းလဲေရးကို အျပင္းအထန္ဆန႔္က်င္တာက ၾသဇာႀကီးတဲ့ ႐ိုမန္ကက္သလစ္ ခရစ္ယာန္ ဘုရားေက်ာင္းနဲ႔ ပိုၿပီး ေရွး႐ိုးစြဲႀကီးတဲ့ အမ်ိဳးသားညီလာခံ အဖြဲ႕ဝင္ေတြပါ။ ကိုယ္ဝန္ကို ဖ်က္ခ်ခြင့္ ေျဖေလ်ာ့ေပးမယ့္အစား မုဒိမ္းသမားကို အျပစ္ပိုေပးဖို႔ သူတို႔က တိုက္တြန္း ေျပာဆိုပါတယ္။
ကိုယ္ဝန္ဖ်က္ခ်ခြင့္ကို ေထာက္ခံသူေတြကေတာ့ မုဒိမ္းမႈနဲ႔ အ႐ြယ္မေရာက္ခင္ ကိုယ္ဝန္ေဆာင္မႈေတြ ေပါမ်ားလာတာကို ေထာက္ျပပါတယ္။
အမ်ိဳးသမီး အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ ကိုယ္ဝန္ဖ်က္ခ်မႈ တားျမစ္တဲ့ ဥပေဒေတြဟာ အလုပ္သမားလူတန္းစား အမ်ိဳးသမီးေတြကို အထိခိုက္ဆုံးပဲလို႔ ေျပာပါတယ္။
ပိုဆင္းရဲတဲ့ အမ်ိဳးသမီးေတြဟာ ပိုးဝင္ေသဆုံးေစႏိုင္တဲ့ တရားမဝင္ ကိုယ္ဝန္ဖ်က္ခ်ႏိုင္မယ့္ ေနရာေတြကို မလႊဲမေရွာင္သာ သုံးေနရတယ္လို႔လည္း ေျပာပါတယ္။
ေဘးမကင္းတဲ့ ကိုယ္ဝန္ဖ်က္ခ်မႈေၾကာင့္ ေသဆုံးႏႈန္းဟာ အီေကြေဒါ တႏိုင္ငံလုံး ၂၀၁၄ မွာ ေသဆုံးသူ ဦးေရရဲ႕ ၁၅.၆ ရာခိုင္ႏႈန္းရွိၿပီး အမ်ိဳးသမီး ေသဆုံးမႈ အားလုံးရဲ႕ ၅ ပုံတပုံရွိတယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ၂၀၁၇ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။