အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် လှေတစီး ရေကာတာကို ဝင်တိုက်မိ ၃ ဦး သေ

အီတလီနိုင်ငံ ဗင်းနစ်မြို့ရေပြင်မှာ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက လှေတစ်စီး တိုက်မိတာကြောင့် လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အီတလီ မော်တော်ဘုတ်ဒီဇိုင်းနာ ဖာဘီယိုဘူဇီလည်း ပါတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။  အဲဒီလှေဟာ မိုနာကိုနိုင်ငံ မွန်တီကာလိုမြို့ကနေ အီတလီနိုင်ငံ ဗင်းနစ်မြို့အထိ စံချိန်သစ်တင်ဖို့ ခုတ်မောင်းလာချိန်မှာပဲ ဆန်နီကိုလတ်တို ရေကာတာကို ဝင်တိုက်ခဲ့ပုံရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  အဲဒီလှေဟာ မွန်တီကာလိုမြို့ကနေ အင်္ဂါနေ့ မနက်ပိုင်းကတည်းက ထွက်လာခဲ့တာပါ။ နောက်ထပ်သေဆုံးသူ နှစ်ယောက်ကတော့ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဒေသခံ သတင်းစာတစောင်က ဖော်ပြပါတယ်။  အဲဒီလှေဟာ မီတာ ၂၀ အရှည်ရှိပြီး ၁ နာရီကို မိုင် ၈၀ အထိ မောင်းနိုင်ပါတယ်။ ==================== အီတလီႏိုင္ငံ ဗင္းနစ္ၿမိဳ႕တြင္ ေလွတစီး ေရကာတာကို ဝင္တိုက္မိ ၃ ဦး ေသ DVB အီတလီႏိုင္ငံ ဗင္းနစ္ၿမိဳ႕ေရျပင္မွာ စက္တင္ဘာ ၁၈ ရက္ ညေနပိုင္းက ေလွတစ္စီး တိုက္မိတာေၾကာင့္ လူ ၃ ဦးေသဆုံးၿပီး ၁ ဦး ဒဏ္ရာရခဲ့ပါတယ္။ ေသဆုံးသူေတြထဲမွာ အီတလီ ေမာ္ေတာ္ဘုတ္ဒီဇိုင္းနာ ဖာဘီယိုဘူဇီလည္း ပါတယ္လို႔ ေဒသခံမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ အဲဒီေလွဟာ မိုနာကိုႏိုင္ငံ မြန္တီကာလိုၿမိဳ႕ကေန အီတလီႏိုင္ငံ ဗင္းနစ္ၿမိဳ႕အထိ စံခ်ိန္သစ္တင္ဖို႔ ခုတ္ေမာင္းလာခ်ိန္မွာပဲ ဆန္နီကိုလတ္တို ေရကာတာကို ဝင္တိုက္ခဲ့ပုံရတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ အဲဒီေလွဟာ မြန္တီကာလိုၿမိဳ႕ကေန အဂၤါေန႔ မနက္ပိုင္းကတည္းက ထြက္လာခဲ့တာပါ။ ေနာက္ထပ္ေသဆုံးသူ ႏွစ္ေယာက္ကေတာ့ ၿဗိတိန္ႏိုင္ငံသားေတြ ျဖစ္ၾကတယ္လို႔ ေဒသခံ သတင္းစာတေစာင္က ေဖာ္ျပပါတယ္။ အဲဒီေလွဟာ မီတာ ၂၀ အရွည္ရွိၿပီး ၁ နာရီကို မိုင္ ၈၀ အထိ ေမာင္းႏိုင္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up