A d v e r t i s e m e n t With Us

မလေးရှားနိုင်ငံသား ၂ ဦး  စိတ်ကြွဆေးထုတ်ရာတွင်သုံးသည့် ဓာတုပစ္စည်းများ တင်သွင်းမှုဖြင့် တရားစွဲခံရ

မလေးရှား နိုင်ငံသား ၂ယောက်ကို မက်သာဖက်တာမင်း စိတ်ကြွဆေးရှေ့ပြေးအဆင့် ဖြစ်တဲ့ အီဖယ်ဒရင်းတွေ ၁၂၆၆ ကီလိုထိ စီးပွားဖြစ်ပမာဏ တင်သွင်းလာမှုနဲ့  သြစတြေးလျ နယ်ခြားစောင့်တပ်က တရားစွဲလိုက်ပါတယ်၊။  အိုက်စ် ဒါမှမဟုတ် မက်သာဖက်တာမင်း စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အီဖယ်ဒရင်းကို အသုံးပြုပြီး ဒီပစ္စည်းကို သြစတြေးလျ နိုင်ငံအတွင်း တင်သွင်းခွင့် ထိန်းချုပ် ထားပါတယ်။ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၅၁၂သန်း တန်ဖိုးရှိတဲ့ ဒီပစ္စည်းတွေကို တရုတ်နိုင်ငံကနေ တင်ပို့လိုက်တဲ့ ပရိဘောဂတွေ နောက်မှာ ဝှက်ထားတဲ့ ဓာတုပစ္စည်း ၁၂၇ သေတ္တာကို ရှာတွေ့ခဲ့တယ်လို့ သြစတြေးလျ နယ်ခြားစောင့်တပ်က ဂျွန် ဖှလဲမင်းက ပြောပါတယ်။ ဆစ်ဒနီတရားရုံးမှာ အသက် ၂၂နှစ်နဲ့ ၆၃နှစ်အရွယ်  မလေးရှား အမျိုးသား ၂ယောက်ကို စက်တင်ဘာ ၁၇ရက်မှာ ရုံးထုတ် ရမန်ယူထားပြီး နိုဝင်ဘာလမှာ ရုံးထုတ် စစ်ဆေးမှာပါ။ =================== မေလးရွားႏိုင္ငံသား ၂ ဦး  စိတ္ႂကြေဆးထုတ္ရာတြင္သုံးသည့္ ဓာတုပစၥည္းမ်ား တင္သြင္းမႈျဖင့္ တရားစြဲခံရ DVB မေလးရွား ႏိုင္ငံသား ၂ေယာက္ကို မက္သာဖက္တာမင္း စိတ္ႂကြေဆးေရွ႕ေျပးအဆင့္ ျဖစ္တဲ့ အီဖယ္ဒရင္းေတြ ၁၂၆၆ ကီလိုထိ စီးပြားျဖစ္ပမာဏ တင္သြင္းလာမႈနဲ႔  ၾသစေၾတးလ် နယ္ျခားေစာင့္တပ္က တရားစြဲလိုက္ပါတယ္၊။ အိုက္စ္ ဒါမွမဟုတ္ မက္သာဖက္တာမင္း စိတ္ႂကြေဆး ထုတ္လုပ္ရာမွာ အီဖယ္ဒရင္းကို အသုံးျပဳၿပီး ဒီပစၥည္းကို ၾသစေၾတးလ် ႏိုင္ငံအတြင္း တင္သြင္းခြင့္ ထိန္းခ်ဳပ္ ထားပါတယ္။ ကာလေပါက္ေဈး အေမရိကန္ေဒၚလာ ၅၁၂သန္း တန္ဖိုးရွိတဲ့ ဒီပစၥည္းေတြကို တ႐ုတ္ႏိုင္ငံကေန တင္ပို႔လိုက္တဲ့ ပရိေဘာဂေတြ ေနာက္မွာ ဝွက္ထားတဲ့ ဓာတုပစၥည္း ၁၂၇ ေသတၱာကို ရွာေတြ႕ခဲ့တယ္လို႔ ၾသစေၾတးလ် နယ္ျခားေစာင့္တပ္က ဂြၽန္ ဖွလဲမင္းက ေျပာပါတယ္။ ဆစ္ဒနီတရား႐ုံးမွာ အသက္ ၂၂ႏွစ္နဲ႔ ၆၃ႏွစ္အ႐ြယ္  မေလးရွား အမ်ိဳးသား ၂ေယာက္ကို စက္တင္ဘာ ၁၇ရက္မွာ ႐ုံးထုတ္ ရမန္ယူထားၿပီး ႏိုဝင္ဘာလမွာ ႐ုံးထုတ္ စစ္ေဆးမွာပါ။

A d v e r t i s e m e n t With Us

More News
Up