ဗင်နီဇွဲလား အတိုက်အခံအမတ်   အက်ဂါဇမ်ဘရန်နို ပြန်လည်လွတ်မြောက် 

photo-reuter
ပုန်ကန်မှု စွဲချက်တွေနဲ့  ၄ လကြာ ထိန်းသိမ်းထားတဲ့ ဗင်နီဇွဲလား အတိုက်အခံ အမတ်   အက်ဂါဇမ်ဘရန်နိုကို စက်တင်ဘာ လ ၁၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။   ဒီလို လွှတ်ပေးလိုက်တာက သမ္မတ မာဒူရိုရဲ့  စိတ်ရင်းစေတနာမှန် ကြောင့် မဟုတ်ဘဲ ပြည်သူတွေ ဖိအားပေးလို့သာ ဖြစ်တယ်လို့  ဇမ်ဘရန်နိုရဲ့ မဟာမိတ်တွေက ပြောပါတယ်။ ကာရာကတ် တရားရုံးက  ဇမ်ဘရန်နိုကို ချက်ချင်း လွှတ်ပေးဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးချုပ်က သတင်းထုတ်ပြန်ခဲ့ ပေမယ့်  ဇမ်ဘရန်နို အမှု ဟာ မပြီးပြတ်သေး ဘူးလို့လည်း ထပ်လောင်းပြောပါတယ်။  ဇမ်ဘရန်နို အနေနဲ့ တလမှာ တကြိမ် တရားသူကြီးထံ   သတင်းပို့ရမှာ ဖြစ်ပြီး နိုင်ငံကထွက်ခွါခွင့် တားမြစ်ခံရမယ်လို့  ထုတ်ပြန်ချက်က ဆိုပါတယ်။ ပြန်လွတ်လာတဲ့ အတိုက်အခံ အမတ် ဇမ်ဘရန်နိုက သူနဲ့ အတူ တညတည်း အဖမ်းခံရတဲ့ ကျောင်းသား ၄ ယောက် အပါအဝင် လူ ၅၈ ယောက်လောက်ကို လွှတ်ပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။  ဒါ့အပြင် ဇမ်ဘရန်နိုက ဖမ်းမိန့်မပါဘဲ  အဲဒီလိုလုပ်တာဟာ သူတို့ကို ပြန်ပေးဆွဲတာပဲ  ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ======================= ဗင္နီဇြဲလား အတိုက္အခံအမတ္   အက္ဂါဇမ္ဘရန္ႏို ျပန္လည္လြတ္ေျမာက္ DVB ပုန္ကန္မႈ စြဲခ်က္ေတြနဲ႔  ၄ လၾကာ ထိန္းသိမ္းထားတဲ့ ဗင္နီဇြဲလား အတိုက္အခံ အမတ္   အက္ဂါဇမ္ဘရန္ႏိုကို စက္တင္ဘာ လ ၁၇ ရက္ေန႔က ျပန္လႊတ္ေပးလိုက္ပါတယ္။ ဒီလို လႊတ္ေပးလိုက္တာက သမၼတ မာဒူ႐ိုရဲ႕  စိတ္ရင္းေစတနာမွန္ ေၾကာင့္ မဟုတ္ဘဲ ျပည္သူေတြ ဖိအားေပးလို႔သာ ျဖစ္တယ္လို႔  ဇမ္ဘရန္ႏိုရဲ႕ မဟာမိတ္ေတြက ေျပာပါတယ္။ ကာရာကတ္ တရား႐ုံးက  ဇမ္ဘရန္ႏိုကို ခ်က္ခ်င္း လႊတ္ေပးဖို႔ အမိန႔္ခ်မွတ္ခဲ့တယ္လို႔ တရား႐ုံးခ်ဳပ္က သတင္းထုတ္ျပန္ခဲ့ ေပမယ့္  ဇမ္ဘရန္ႏို အမႈ ဟာ မၿပီးျပတ္ေသး ဘူးလို႔လည္း ထပ္ေလာင္းေျပာပါတယ္။ ဇမ္ဘရန္ႏို အေနနဲ႔ တလမွာ တႀကိမ္ တရားသူႀကီးထံ   သတင္းပို႔ရမွာ ျဖစ္ၿပီး ႏိုင္ငံကထြက္ခြါခြင့္ တားျမစ္ခံရမယ္လို႔  ထုတ္ျပန္ခ်က္က ဆိုပါတယ္။ ျပန္လြတ္လာတဲ့ အတိုက္အခံ အမတ္ ဇမ္ဘရန္ႏိုက သူနဲ႔ အတူ တညတည္း အဖမ္းခံရတဲ့ ေက်ာင္းသား ၄ ေယာက္ အပါအဝင္ လူ ၅၈ ေယာက္ေလာက္ကို လႊတ္ေပးသင့္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ဇမ္ဘရန္ႏိုက ဖမ္းမိန႔္မပါဘဲ  အဲဒီလိုလုပ္တာဟာ သူတို႔ကို ျပန္ေပးဆြဲတာပဲ  ျဖစ္တယ္လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up