ကမ္ဘောဒီးယားတွင် ရေကြီးမှုကြောင့် လူ ၁၁ ဦးသေဆုံး၊ မိသားစု သောင်းချီနေရပ်စွန့်ခွာ

804
ကမ္ဘောဒီးယားနိုင်ငံထဲက ခရိုင် အတော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးနေလို့ ထောင်နဲ့ချီတဲ့ မိသားစုတွေ ရေဘေးသင့် ဒေသတွေကနေ စွန့်ခွာ ရွှေ့ပြောင်း နေရပါတယ်။
ရေဘေးကြောင့် ပြည်နယ် ၁၄ခုမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကလေး၂ယောက် အပါအဝင် လူ၁၁ယောက် သေဆုံးခဲ့ပြီး မိသားစု တသောင်းကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကမ္ဘောဒီးယားအမျိုးသား ကပ်ဘေးစီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ခွန်ကင်မ်ကပြောပါတယ်။
အိမ်ခြေ တသိန်း၊ စပါး ဟက်တာ တသောင်းခွဲနဲ့ တခြား ကောက်ပဲသီးနှံ ဟက်တာ ငါးထောင်လောက် ရေအောက်ရောက်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပရေးဗန်ခရိုင်ထဲက ရွာတွေ အားလုံး ရေကြီးနေလို့ ရွာသားတွေ သူတို့ အိမ်တွေကနေ လှေတွေနဲ့ ထွက်လာရပုံ ရုပ်သံကို ဒေသခံ PNN TV ရုပ်သံက ထုတ်လွှင့်ပါတယ်။
ပြည်နယ် အတော်များများမှာ ရေမျက်နှာပြင် ဆက်မြင့်တက်နိုင်တယ်လို့ ရေအရင်းအမြစ် ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
===================
ကေမာၻဒီးယားတြင္ ေရႀကီးမႈေၾကာင့္ လူ ၁၁ ဦးေသဆုံး၊ မိသားစု ေသာင္းခ်ီေနရပ္စြန႔္ခြာ
DVB
ကေမာၻဒီးယားႏိုင္ငံထဲက ခ႐ိုင္ အေတာ္မ်ားမ်ားမွာ ဆိုးဆိုး႐ြား႐ြား ေရႀကီးေနလို႔ ေထာင္နဲ႔ခ်ီတဲ့ မိသားစုေတြ ေရေဘးသင့္ ေဒသေတြကေန စြန႔္ခြာ ေ႐ႊ႕ေျပာင္း ေနရပါတယ္။
ေရေဘးေၾကာင့္ ျပည္နယ္ ၁၄ခုမွာ ၿပီးခဲ့တဲ့ ၁၀ ရက္အတြင္း ကေလး၂ေယာက္ အပါအဝင္ လူ၁၁ေယာက္ ေသဆုံးခဲ့ၿပီး မိသားစု တေသာင္းေက်ာ္ကို ေဘးကင္းရာ ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ ကေမာၻဒီးယားအမ်ိဳးသား ကပ္ေဘးစီမံခန႔္ခြဲေရး ေကာ္မတီ ဥကၠဌ ခြန္ကင္မ္ကေျပာပါတယ္။
အိမ္ေျခ တသိန္း၊ စပါး ဟက္တာ တေသာင္းခြဲနဲ႔ တျခား ေကာက္ပဲသီးႏွံ ဟက္တာ ငါးေထာင္ေလာက္ ေရေအာက္ေရာက္ေနတယ္လို႔ သူက ဆက္ေျပာပါတယ္။
ပေရးဗန္ခ႐ိုင္ထဲက ႐ြာေတြ အားလုံး ေရႀကီးေနလို႔ ႐ြာသားေတြ သူတို႔ အိမ္ေတြကေန ေလွေတြနဲ႔ ထြက္လာရပုံ ႐ုပ္သံကို ေဒသခံ PNN TV ႐ုပ္သံက ထုတ္လႊင့္ပါတယ္။
ျပည္နယ္ အေတာ္မ်ားမ်ားမွာ ေရမ်က္ႏွာျပင္ ဆက္ျမင့္တက္ႏိုင္တယ္လို႔ ေရအရင္းအျမစ္ ဝန္ႀကီးဌာနက ခန႔္မွန္းထားပါတယ္။