Home
မြန်မာသတင်း
TNLA ယာယီတပ်စွဲထားသည့် နမ့်ဆန်မြို့အနီး တောင်ရိုးဘုရားကုန်းကို တပ်မတော်သိမ်းပိုက်
DVB
·
September 19, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ အနောက်မြောက်ဘက် မီတာ ၄၀ဝဝ ခန့် အကွာရှိ TNLA ယာယီအခြေပြုထားတဲ့ တောင်ရိုးဘုရားကုန်းကို  စက်တင်ဘာ ၁၇ ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အစိုးရဌာနဆိုင်ရာတွေ ရုံးစိုက်ရာ နမ့်ဆန်မြို့ကို  စိုးမိုးထားတဲ့ တောင်ရိုးဘုရားကုန်းရှိ သာဿနိကအဆောက်အဦတွေကို အကာအကွယ်ရယူ နယ်မြေအသာစီးရယူထားတဲ့ TNLA တပ်ဖွဲ့တွေကို  တပ်မတော်စစ်ကြောင်းတွေက စက်တင်ဘာ ၁၃ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး နေရာတဝိုက်ကို ထိန်းချုပ်ထားနိုင်ခဲ့ကာ စက်တင်ဘာလ ၁၇ ရက် မနက် ၆ နာရီ ၅၀ မိနစ်လောက်မှာ  တောင်ရိုးဘုရားကုန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ဆိုပါတယ်။ တိုက်ပွဲမှာ  တပ်မတော်စစ်သည်တချို့သေဆုံး၊ အရာရှိ/စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  TNLA ရဲ့ ဆိုင်ကယ် ၅ စီး၊ ပစ်ကျင်း ၄၅ ကျင်းနဲ့ ဘန်ကာ ၅ လုံး သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- CINCDS
TNLA ယာယီတပ္စြဲထားသည့္ နမ့္ဆန္ၿမိဳ႕အနီး ေတာင္႐ိုးဘုရားကုန္းကို တပ္မေတာ္သိမ္းပိုက္ DVB ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕ အေနာက္ေျမာက္ဘက္ မီတာ ၄၀ဝဝ ခန႔္ အကြာရွိ TNLA ယာယီအေျချပဳထားတဲ့ ေတာင္႐ိုးဘုရားကုန္းကို စက္တင္ဘာ ၁၇ ရက္မွာ သိမ္းပိုက္ရရွိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။ အစိုးရဌာနဆိုင္ရာေတြ ႐ုံးစိုက္ရာ နမ့္ဆန္ၿမိဳ႕ကို စိုးမိုးထားတဲ့ ေတာင္႐ိုးဘုရားကုန္းရွိ သာႆနိကအေဆာက္အဦေတြကို အကာအကြယ္ရယူ နယ္ေျမအသာစီးရယူထားတဲ့ TNLA တပ္ဖြဲ႕ေတြကို တပ္မေတာ္စစ္ေၾကာင္းေတြက စက္တင္ဘာ ၁၃ ရက္မွ စက္တင္ဘာ ၁၆ ရက္အထိ ထိေတြ႕တိုက္ပြဲ ၆ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေနရာတဝိုက္ကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ကာ စက္တင္ဘာလ ၁၇ ရက္ မနက္ ၆ နာရီ ၅၀ မိနစ္ေလာက္မွာ ေတာင္႐ိုးဘုရားကုန္းကို သိမ္းပိုက္ရရွိခဲ့တာလို႔ဆိုပါတယ္။ တိုက္ပြဲမွာ တပ္မေတာ္စစ္သည္တခ်ိဳ႕ေသဆုံး၊ အရာရွိ/စစ္သည္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့ကာ TNLA ရဲ႕ ဆိုင္ကယ္ ၅ စီး၊ ပစ္က်င္း ၄၅ က်င္းနဲ႔ ဘန္ကာ ၅ လုံး သိမ္းပိုက္ရရွိခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွာ ေဖာ္ျပပါတယ္။ ဓာတ္ပုံ- CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024