ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမည့် အင်ဒိုနီးရှားသရဲကား-Death Whisper ရုံတင်ပြီ (ရုပ်သံ)

1.7K
သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ပြကွင်းပြကွက်တွေ၊ မြင်ကွင်းတွေနဲ့ ရှုစားကြရမယ့် အင်ဒိုနီးရှားသရဲကားတကားဖြစ်တဲ့ Death Whisper ကို မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ဒါရိုက်တာ Awi Suryadi က ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယားရုပ်ရှင် Whispering Corridors ကို အခြေခံပြီး ပြန်ရိုက်ထားတဲ့ ဒီရုပ်ရှင်ကားကတော့ အထက်တန်းကျောင်းတွေရဲ့ တင်းကျပ်တဲ့ စနစ်အောက်မှာ အနိုင်ကျင့်ခံရတဲ့ အကြောင်းတွေကို ဇာတ်အိမ်တည်ထားခဲ့တာ ဖြစ်ပါတယ်။
အဲလက်စ်ဟာ နာမည်ကြီး အထက်တန်းကျောင်းတခုကို ဝင်ခွင့် ရရှိခဲ့ပြီးနောက်မှာတော့ အများက ထင်ကြသလို ဂုဏ်ယူစရာ၊ အထင်ကြီး အားကျစရာ အခြေအနေတွေ တခုမှ ဖြစ်မလာခဲ့ဘဲ ငရဲခန်းတခုလို စာသင်ခန်းတခုထဲ ရောက်ရှိသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားအချင်းချင်း အနိုင်ကျင့် ဆက်ဆံကြတဲ့ အခြေအနေတွေကြားမှာ ရှိနေခဲ့ရလို့ပါပဲ။ တနေ့မှာတော့ သူဟာ မက်ဂီ ဆိုတဲ့ ကောင်မလေးတယောက်နဲ့ ခင်မင်ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ တရက်မှာတော့ သူ့ကို အတန်းဖော်တွေက သရဲ ခေါ်တဲ့နေရာမှာ အတင်းဝင်ပါခိုင်းခဲ့ချိန်မှာတော့ ထင်မှတ်မထားတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ၊ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတွေ မြင်လာရချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။
ဒီကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ Amanda Rawles နဲ့ Angga Yunanda တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ကြောက်မက်ဖွယ် မြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၉၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အင်ဒိုနီးရှား ဘာသာစကားကို အသုံးပြုထားပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားပါတယ်။
=======================
ရင္တထိတ္ထိတ္နဲ႔ ရႈစားၾကရမည့္ အင္ဒိုနီးရွားသရဲကား-Death Whisper ႐ုံတင္ၿပီ (႐ုပ္သံ)
DVB
ေသြးပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ျပကြင္းျပကြက္ေတြ၊ ျမင္ကြင္းေတြနဲ႔ ရႈစားၾကရမယ့္ အင္ဒိုနီးရွားသရဲကားတကားျဖစ္တဲ့ Death Whisper ကို ျမန္မာႏိုင္ငံမွာ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
ဒီကားကိုေတာ့ ဒါ႐ိုက္တာ Awi Suryadi က ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့တာျဖစ္ၿပီး အင္ဒိုနီးရွားႏိုင္ငံမွာေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ ၁၁ ရက္ေန႔ကတည္းက ႐ုံတင္ျပသခဲ့တာ ျဖစ္ပါတယ္။
၁၉၉၈ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ကိုရီးယား႐ုပ္ရွင္ Whispering Corridors ကို အေျခခံၿပီး ျပန္႐ိုက္ထားတဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ အထက္တန္းေက်ာင္းေတြရဲ႕ တင္းက်ပ္တဲ့ စနစ္ေအာက္မွာ အႏိုင္က်င့္ခံရတဲ့ အေၾကာင္းေတြကို ဇာတ္အိမ္တည္ထားခဲ့တာ ျဖစ္ပါတယ္။
အဲလက္စ္ဟာ နာမည္ႀကီး အထက္တန္းေက်ာင္းတခုကို ဝင္ခြင့္ ရရွိခဲ့ၿပီးေနာက္မွာေတာ့ အမ်ားက ထင္ၾကသလို ဂုဏ္ယူစရာ၊ အထင္ႀကီး အားက်စရာ အေျခအေနေတြ တခုမွ ျဖစ္မလာခဲ့ဘဲ ငရဲခန္းတခုလို စာသင္ခန္းတခုထဲ ေရာက္ရွိသြားခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေက်ာင္းသားအခ်င္းခ်င္း အႏိုင္က်င့္ ဆက္ဆံၾကတဲ့ အေျခအေနေတြၾကားမွာ ရွိေနခဲ့ရလို႔ပါပဲ။ တေန႔မွာေတာ့ သူဟာ မက္ဂီ ဆိုတဲ့ ေကာင္မေလးတေယာက္နဲ႔ ခင္မင္ၿပီး သူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ၾကပါတယ္။ ဒါေပမဲ့ တရက္မွာေတာ့ သူ႔ကို အတန္းေဖာ္ေတြက သရဲ ေခၚတဲ့ေနရာမွာ အတင္းဝင္ပါခိုင္းခဲ့ခ်ိန္မွာေတာ့ ထင္မွတ္မထားတဲ့ ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြ၊ ေသြးပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ျမင္ကြင္းေတြ ျမင္လာရခ်ိန္မွာေတာ့ ဘယ္လိုေတြ ဆက္ျဖစ္လာမလဲ ဆိုတာေတြကို ဒီကားထဲမွာ ရႈစားၾကရမွာပါ။
ဒီကားထဲမွာ အဓိကသ႐ုပ္ေဆာင္ေတြအေနနဲ႔ Amanda Rawles နဲ႔ Angga Yunanda တို႔က ေခါင္းေဆာင္ပါဝင္ထားၾကၿပီး တျခားသ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ ေၾကာက္မက္ဖြယ္ ျမင္ကြင္းေတြ၊ ျပကြင္း ျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။
ၾကာျမင့္ခ်ိန္ ၉၁ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ အင္ဒိုနီးရွား ဘာသာစကားကို အသုံးျပဳထားၿပီး IMDb မွာေတာ့ Rating 6.7 အထိ ရရွိထားပါတယ္။