A d v e r t i s e m e n t With Us

ဆဲလ်ဘက်တိုက်စစ်မှူး ဘရတ်ဟောလန်း ဟတ်ထရစ် ၃ ဂိုး သွင်းယူ(ရုပ်သံ)

ဆဲလ်ဘက်တိုက်စစ်မှူး ဘရတ်ဟောလန်းဟာ ချန်ပီယံလိဂ်မှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။ သြစတြီးယားကလပ် ဆဲလ်ဘက်က ဂျန့်အသင်းကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းမှာပဲ ဘရတ်ဟောလန်းက ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ နော်ဝေ တိုက်စစ်မှူး ဟောလန်းအနေနဲ့ စပိန် တိုက်စစ်မှူးဟောင်း ရာအူးလ်နဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ရွန်းနီတို့ ပြီးနောက် အသက် အငယ်ဆုံး ဟတ်ထရစ်ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ဟောလန်းဟာ နော်တမ်ဟမ်ဖောရက်စ်၊ လိဒ်ယူ နိုက်တက်နဲ့ မန်စီးတီး နောက်ခံလူဟောင်း အယ်ဖင်ဟောလန်းရဲ့ သား ဖြစ်ပါတယ်။ သူ့ရဲ့ဖခင် လိဒ်ယူနိုက်တက်အသင်းမှာ ကစားစဉ်က လိဒ်မြို့မှာ မွေးဖွားခဲ့တဲ့ ဟောလန်းဟာ နော်ဝေကလပ် မိုဒီအသင်းကနေ အခုနှစ်မှ ဆဲလ်ဘက်အသင်းကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။  ဟောလန်းဟာ ၂၀၁၉ ယူ-၂၀ ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တဲ့ ဟွန်ဒူးရပ်နဲ့ ပွဲစဉ်မှာ တဦးတည်း ၉ ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးသွင်းဘုရင် ဆုရယူနိုင်ခဲ့ပါတယ်။  ဟောလန်းဟာ ဆဲလ်ဘက်အသင်းနဲ့ အခုနှစ်ရာသီအစ ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ၁၇ ဂိုးအထိ သွင်းယူထားပါတယ်။ ========================== ဆဲလ္ဘက္တိုက္စစ္မႉး ဘရတ္ေဟာလန္း ဟတ္ထရစ္ ၃ ဂိုး သြင္းယူ(႐ုပ္သံ) DVB ဆဲလ္ဘက္တိုက္စစ္မႉး ဘရတ္ေဟာလန္းဟာ ခ်န္ပီယံလိဂ္မွာ ဟတ္ထရစ္ သြင္းယူႏိုင္ခဲ့တဲ့ တတိယေျမာက္ အသက္အငယ္ဆုံး ကစားသမား ျဖစ္လာပါတယ္။ ၾသစႀတီးယားကလပ္ ဆဲလ္ဘက္က ဂ်န႔္အသင္းကို ၆ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ပထမပိုင္းမွာပဲ ဘရတ္ေဟာလန္းက ဟတ္ထရစ္ ၃ ဂိုး သြင္းယူႏိုင္ခဲ့တာပါ။ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ေနာ္ေဝ တိုက္စစ္မႉး ေဟာလန္းအေနနဲ႔ စပိန္ တိုက္စစ္မႉးေဟာင္း ရာအူးလ္နဲ႔ အဂၤလန္တိုက္စစ္မႉးေဟာင္း ႐ြန္းနီတို႔ ၿပီးေနာက္ အသက္ အငယ္ဆုံး ဟတ္ထရစ္ဂိုးသြင္းသူ ျဖစ္လာခဲ့ပါတယ္။ ေဟာလန္းဟာ ေနာ္တမ္ဟမ္ေဖာရက္စ္၊ လိဒ္ယူ ႏိုက္တက္နဲ႔ မန္စီးတီး ေနာက္ခံလူေဟာင္း အယ္ဖင္ေဟာလန္းရဲ႕ သား ျဖစ္ပါတယ္။ သူ႔ရဲ႕ဖခင္ လိဒ္ယူႏိုက္တက္အသင္းမွာ ကစားစဥ္က လိဒ္ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ေဟာလန္းဟာ ေနာ္ေဝကလပ္ မိုဒီအသင္းကေန အခုႏွစ္မွ ဆဲလ္ဘက္အသင္းကို ေျပာင္းေ႐ႊ႕ကစားခဲ့တာ ျဖစ္ပါတယ္။ ေဟာလန္းဟာ ၂၀၁၉ ယူ-၂၀ ကမာၻ႔ဖလားပြဲစဥ္ျဖစ္တဲ့ ဟြန္ဒူးရပ္နဲ႔ ပြဲစဥ္မွာ တဦးတည္း ၉ ဂိုးအထိ သြင္းယူခဲ့ၿပီး ဂိုးသြင္းဘုရင္ ဆုရယူႏိုင္ခဲ့ပါတယ္။ ေဟာလန္းဟာ ဆဲလ္ဘက္အသင္းနဲ႔ အခုႏွစ္ရာသီအစ ပြဲစဥ္ ၉ ပြဲ ကစားၿပီးခ်ိန္မွာ ၁၇ ဂိုးအထိ သြင္းယူထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up