Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
September 19, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိဝုဒ် Historical Period Drama အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ Downton Abbey ! Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် ဒီရုပ်ရှင်ကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Michael Engler က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ နာမည်ကြီး ဗြိတိန်စာရေးဆရာ Julian Fellowes ရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ၂၀ ရာစုအစောပိုင်းကာလ  ဗြိတိန်နိုင်ငံ ရဲ့ လူချမ်းသာ မိသားစုကြီးတစုဖြစ်တဲ့ Crawley Family အကြောင်း၊ သူတို့ နေထိုင်တဲ့ စံအိမ်ကြီးမှာ အလုပ်လုပ်ကြသူတွေရဲ့ ဘဝဇာတ်ကြောင်းတွေနဲ့အတူ အချစ်၊ အလွမ်း၊ ဒရာမာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။  ဒီဇာတ်လမ်းကို ၂၀၁၀ ပြည့်နှစ်လောက်ကစပြီး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ITV မှာ ၅ နှစ်လောက်ပြသခဲ့ပြီး ပရိသတ်တွေ အားပေးမှုတွေ ရရှိခဲ့ပြီး Golden Globe၊ Emmy စတဲ့ ထူးချွန်ဆုတွေ ရရှိပြီး အောင်မြင်ခဲ့ပါတယ်။  အခုထွက်ရှိလာတဲ့ ရုပ်ရှင်ကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Hugh Bonneville၊ Jim Carter၊ Michelle Dockery ၊ Elizabeth McGovern၊ Maggie Smith စတဲ့ အရင်ရုပ်သံ Series ထဲမှာ ပါခဲ့ကြတဲ့ သရုပ်ဆောင်တွေ အများကြီးက ပြန်လည်ပြီးတော့ ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.8 အထိ ရရှိထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအ မေရိကန်ဒေါ်လာ ၁၅ သန်းကနေ ၁၆ သန်းအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၂၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ငယ်ဘဝကတည်းက ရင်းနှီးကြပြီးဖြစ်မယ့် ရမ်ဘိုပရိသတ်တွေအတွက်ပါ။ ဒီကားရဲ့ နာမည်ကတော့ Rambo: Last Blood ! Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက် တာ Adrian Grunberg က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ Rambo ရုပ်ရှင် Series တွေရဲ့ ၅ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ပထမဆုံး ရုပ်ရှင်ကိုတော့ First Blood နာမည်နဲ့ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၁၉၈၅ ခုနှစ်မှာ Rambo: First Blood Part II ၊ ၁၉၈၈ ခုနှစ်မှာ Rambo III နဲ့ လေးကားမြောက်ရုပ်ရှင်ကိုတော့ Rambo အမည်နဲ့ ၂၀၀၈ ခုနှစ်က နောက်ဆုံးထွက်ရှိထားခဲ့တာမို့ အချိန် ၁၁ နှစ်အကြာမှာ ထပ် ပြီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဗီယက်နမ်စစ်ပြန်ဟောင်း တယောက်ဖြစ်တဲ့ John Rambo က သူငယ်ချင်းဖြစ်သူရဲ့ သမီးပြန်ပေးဆွဲခံရတာကို ကယ်တင်ဖို့၊ အကြမ်းဖက်မှုတွေ လုပ်ချင်တိုင်း လုပ်နေကြတဲ့၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်အဖွဲ့အစည်းတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေတွေကို ဘယ်လိုဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Rambo အဖြစ် ဝါရင့်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Sylvester Stallone က ပါဝင်ထားပြီး သူနဲ့အတူ စပိန်သရုပ်ဆောင်မင်းသမီး Paz Vega နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြု ချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Rambo ရုပ်ရှင်ကားတွေဟာ ပရိသတ်အားပေးလက်ခံမှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီကားတွေထဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ Rambo: First Blood Part II ရုပ်ရှင်ကတော့ Box Office ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော် ရရှိခဲ့တာမို့ ခုနောက်ဆုံးထွက်ကားကရော ရုံတင်ဝင်ငွေစံချိန်တင်နိုင်ပါ့မလားဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာရုပ် ရှင်ကားတကားဖြစ်တဲ့ ညစ်တွန်း ! ဧဝရက်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ အိန္ဒိယ ဇာတ်လမ်းတပုဒ်ကို တရားဝင်ဝယ်ယူရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းခိုက်စိုးစန်နဲ့ ထက်မြတ်နိုင်ဇင်တို့က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။ လူ့စရိုက်သဘာဝအရ ဖြစ်တတ်တဲ့ ညစ်တွန်းတွန်းတတ်တဲ့ အကြောင်းအရာ တွေကို ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပြီး ဒီကားထဲမှာတော့ အ ဓိက သရုပ်ဆောင်တွေအနေနဲ့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ ထက်ထက်ထွန်းတို့က ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့တာပါ။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ ထပ်ပြီး မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ ဟောလိဝုဒ်စတား ဘရက်ပစ်ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင် Ad Astra ! Sci-Fi Adventure အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ 20th Century Fox က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ James Gray က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားဟာ အာကာသအခြေခံတဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဘရက်ပစ်ကိုတော့ အာကာသယာဉ်မှူး Roy McBride အဖြစ် ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ သူဟာ ပျောက်ဆုံးနေတဲ့ အာကာသယာဉ်မှူးဖခင်ကို ရှာဖွေဖို့ အာကာသထဲကို ထွက်လာရင်း လူသားမျိုးနွယ်စုတွေအပေါ် ကျရောက်လာတော့မယ့် လျှို့ဝှက်ချက်တခုကို သိလိုက်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ ဒါကိုကာကွယ်နိုင်ဖို့ သူ့အနေနဲ့ ဖြေရှင်းနိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဘရက်ပစ်နဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Tommy Lee Jones၊ Ruth Negga၊ Liv Tyler နဲ့ Donald Sutherland တို့ကလည်း ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice Film Festival မှာ ပြုလုပ်ခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 7.7 အထိ ရရှိထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ၈၇ ဒဿမ ၅ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကားကိုတော့ Box Office မှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းနဲ့ သန်း ၂၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၂၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပေါ့ပေါ့ ပါးပါး မြန်မာအချစ်ဟာသရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဘာလာလာ ! ဒီကားကိုတော့ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ညာလက်တော်ရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲပေးထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ရဲလေး၊ သက်မွန်မြင့်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ အများကြီးပါ ဝင်သရုပ်ဆောင်ထားကြပြီး ဘာလာလာဆိုတဲ့အတိုင်း ဘယ်လိုအလွဲအချော်၊ ဟာသ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစား ကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ(႐ုပ္သံ) DVB အပတ္စဥ္ပုံမွန္တင္ဆက္ေနက်ျဖစ္တဲ့ Movie Crazy အစီအစဥ္ကေန ျမန္မာႏိုင္ငံနဲ႔ ႏိုင္ငံတကာမွာ ႐ုံတင္ျပသေတာ့မယ့္၊ ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ေကာင္းႏိုးရာရာ ႐ုပ္ရွင္ဇာတ္ကားေတြ အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေဟာလိဝုဒ္ Historical Period Drama အမ်ိဳးအစား႐ုပ္ရွင္ကားတကားျဖစ္တဲ့ Downton Abbey ! Focus Features ႐ုပ္ရွင္ထုတ္လုပ္ေရးက ျဖန႔္ခ်ိမယ့္ ဒီ႐ုပ္ရွင္ကားကိုေတာ့ ေဟာလိဝုဒ္႐ုပ္ရွင္ဒါ႐ိုက္တာ Michael Engler က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ နာမည္ႀကီး ၿဗိတိန္စာေရးဆရာ Julian Fellowes ရဲ႕ ဝတၳဳကို ႐ုပ္ရွင္အေနနဲ႔ ႐ိုက္ကူးပုံေဖာ္ထားခဲ့တာပါ။ ၂၀ ရာစုအေစာပိုင္းကာလ ၿဗိတိန္ႏိုင္ငံ ရဲ႕ လူခ်မ္းသာ မိသားစုႀကီးတစုျဖစ္တဲ့ Crawley Family အေၾကာင္း၊ သူတို႔ ေနထိုင္တဲ့ စံအိမ္ႀကီးမွာ အလုပ္လုပ္ၾကသူေတြရဲ႕ ဘဝဇာတ္ေၾကာင္းေတြနဲ႔အတူ အခ်စ္၊ အလြမ္း၊ ဒရာမာ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကို ၂၀၁၀ ျပည့္ႏွစ္ေလာက္ကစၿပီး ႐ုပ္သံဇာတ္လမ္းတြဲအေနနဲ႔ ITV မွာ ၅ ႏွစ္ေလာက္ျပသခဲ့ၿပီး ပရိသတ္ေတြ အားေပးမႈေတြ ရရွိခဲ့ၿပီး Golden Globe၊ Emmy စတဲ့ ထူးခြၽန္ဆုေတြ ရရွိၿပီး ေအာင္ျမင္ခဲ့ပါတယ္။ အခုထြက္ရွိလာတဲ့ ႐ုပ္ရွင္ကားထဲမွာေတာ့ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Hugh Bonneville၊ Jim Carter၊ Michelle Dockery ၊ Elizabeth McGovern၊ Maggie Smith စတဲ့ အရင္႐ုပ္သံ Series ထဲမွာ ပါခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ျပန္လည္ၿပီးေတာ့ ပါဝင္ထားၾကတာပါ။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက ကေလးေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။ IMDb မွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ Rating 7.8 အထိ ရရွိထားပါတယ္။ Box Office မွာေတာ့ ဒီ႐ုပ္ရွင္ကားကို ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြအ ေမရိကန္ေဒၚလာ ၁၅ သန္းကေန ၁၆ သန္းအထိ ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၂၂ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ငယ္ဘဝကတည္းက ရင္းႏွီးၾကၿပီးျဖစ္မယ့္ ရမ္ဘိုပရိသတ္ေတြအတြက္ပါ။ ဒီကားရဲ႕ နာမည္ကေတာ့ Rambo: Last Blood ! Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ Lionsgate ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္႐ုပ္ရွင္ဒါ႐ိုက္ တာ Adrian Grunberg က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားဟာ Rambo ႐ုပ္ရွင္ Series ေတြရဲ႕ ၅ ကားေျမာက္ ႐ုပ္ရွင္အေနနဲ႔ ထြက္ရွိလာခဲ့တာပါ။ ပထမဆုံး ႐ုပ္ရွင္ကိုေတာ့ First Blood နာမည္နဲ႔ ၁၉၈၂ ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ၁၉၈၅ ခုႏွစ္မွာ Rambo: First Blood Part II ၊ ၁၉၈၈ ခုႏွစ္မွာ Rambo III နဲ႔ ေလးကားေျမာက္႐ုပ္ရွင္ကိုေတာ့ Rambo အမည္နဲ႔ ၂၀၀၈ ခုႏွစ္က ေနာက္ဆုံးထြက္ရွိထားခဲ့တာမို႔ အခ်ိန္ ၁၁ ႏွစ္အၾကာမွာ ထပ္ ၿပီး ထြက္လာခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ဗီယက္နမ္စစ္ျပန္ေဟာင္း တေယာက္ျဖစ္တဲ့ John Rambo က သူငယ္ခ်င္းျဖစ္သူရဲ႕ သမီးျပန္ေပးဆြဲခံရတာကို ကယ္တင္ဖို႔၊ အၾကမ္းဖက္မႈေတြ လုပ္ခ်င္တိုင္း လုပ္ေနၾကတဲ့၊ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ မူးယစ္အဖြဲ႕အစည္းတခုနဲ႔ ထိပ္တိုက္ရင္ဆိုင္ရမယ့္ အေျခအေနေတြကို ဘယ္လိုဖန္တီးပုံေဖာ္ထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ Rambo အျဖစ္ ဝါရင့္ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသားႀကီး Sylvester Stallone က ပါဝင္ထားၿပီး သူနဲ႔အတူ စပိန္သ႐ုပ္ေဆာင္မင္းသမီး Paz Vega နဲ႔ တျခားသ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ အပစ္အခတ္ ဇာတ္ဝင္ခန္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳ ခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ထြက္ရွိခဲ့ၿပီးျဖစ္တဲ့ Rambo ႐ုပ္ရွင္ကားေတြဟာ ပရိသတ္အားေပးလက္ခံမႈေတြ ရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာသန္း ၇၀၀ ေက်ာ္ ရရွိခဲ့ၿပီး ျဖစ္ပါတယ္။ ဒီကားေတြထဲမွာ အေအာင္ျမင္ဆုံးျဖစ္တဲ့ Rambo: First Blood Part II ႐ုပ္ရွင္ကေတာ့ Box Office ဝင္ေငြ အေမရိကန္ေဒၚလာသန္း ၃၀၀ ေက်ာ္ ရရွိခဲ့တာမို႔ ခုေနာက္ဆုံးထြက္ကားကေရာ ႐ုံတင္ဝင္ေငြစံခ်ိန္တင္ႏိုင္ပါ့မလားဆိုတာကိုေတာ့ ေစာင့္ ေမွ်ာ္ၾကည့္ရႈၾကရမွာပဲ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၈၉ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ျမန္မာ႐ုပ္ ရွင္ကားတကားျဖစ္တဲ့ ညစ္တြန္း ! ဧဝရက္႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ အိႏၵိယ ဇာတ္လမ္းတပုဒ္ကို တရားဝင္ဝယ္ယူ႐ိုက္ကူးထားတာျဖစ္ပါတယ္။ မင္းခိုက္စိုးစန္နဲ႔ ထက္ျမတ္ႏိုင္ဇင္တို႔က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ လူမင္းက ႐ိုက္ကူးပုံေဖာ္ ေပးထားတာ ျဖစ္ပါတယ္။ လူ႔စ႐ိုက္သဘာဝအရ ျဖစ္တတ္တဲ့ ညစ္တြန္းတြန္းတတ္တဲ့ အေၾကာင္းအရာ ေတြကို ဒီ႐ုပ္ရွင္ကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ၿပီး ဒီကားထဲမွာေတာ့ အ ဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ လူမင္း၊ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ ခိုင္သင္းၾကည္နဲ႔ ထက္ထက္ထြန္းတို႔က ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေကာင္းတဲ့ ဝါရင့္သ႐ုပ္ေဆာင္ေတြ ပါဝင္ထားတဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ လတ္တေလာမွာေတာ့ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အ ႀကိမ္ေရ ၄ သန္းနီးပါး ရွိေနခဲ့တာပါ။ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ဒီတခါ ထပ္ၿပီး မိတ္ဆက္ေျပာျပေပးမယ့္ ႐ုပ္ရွင္ကားကေတာ့ ေဟာလိဝုဒ္စတား ဘရက္ပစ္ေခါင္းေဆာင္ပါဝင္ထားတဲ့ ႐ုပ္ရွင္ Ad Astra ! Sci-Fi Adventure အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီ 20th Century Fox က တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္႐ုပ္ရွင္ဒါ႐ိုက္တာ James Gray က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားဟာ အာကာသအေျခခံတဲ့ ဇာတ္ေၾကာင္းနဲ႔ ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ၿပီး ဘရက္ပစ္ကိုေတာ့ အာကာသယာဥ္မႉး Roy McBride အျဖစ္ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ သူဟာ ေပ်ာက္ဆုံးေနတဲ့ အာကာသယာဥ္မႉးဖခင္ကို ရွာေဖြဖို႔ အာကာသထဲကို ထြက္လာရင္း လူသားမ်ိဳးႏြယ္စုေတြအေပၚ က်ေရာက္လာေတာ့မယ့္ လွ်ိဳ႕ဝွက္ခ်က္တခုကို သိလိုက္ရခ်ိန္မွာေတာ့ ဘာေတြဆက္ျဖစ္လာမလဲ၊ ဒါကိုကာကြယ္ႏိုင္ဖို႔ သူ႔အေနနဲ႔ ေျဖရွင္းႏိုင္ပါ့မလားဆိုတာေတြကို ရင္တထိတ္ထိတ္နဲ႔ ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ဘရက္ပစ္နဲ႔အတူ တျခားေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Tommy Lee Jones၊ Ruth Negga၊ Liv Tyler နဲ႔ Donald Sutherland တို႔ကလည္း ပါဝင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ ေတာ္တာမို႔ ဒီကားကိုၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔ မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Venice Film Festival မွာ ျပဳလုပ္ခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားပါတယ္။ IMDb မွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ Rating 7.7 အထိ ရရွိထားပါတယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ သန္း ၈၀ နဲ႔ ၈၇ ဒႆမ ၅ သန္း အကုန္အက်ခံ႐ိုက္ကူးထားတဲ့ ဒီ ႐ုပ္ရွင္ကားကိုေတာ့ Box Office မွာ ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြ အေမရိကန္ေဒၚလာ ၁၇ သန္းနဲ႔ သန္း ၂၀ ၾကား ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၂၄ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေပါ့ေပါ့ ပါးပါး ျမန္မာအခ်စ္ဟာသ႐ုပ္ရွင္ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ ဘာလာလာ ! ဒီကားကိုေတာ့ ေတာ္ဝင္မင္းသား ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာ ျဖစ္ၿပီး ညာလက္ေတာ္ရဲ႕ ဇာတ္လမ္းကို မိုးနီလြင္က ဇာတ္ၫႊန္းခြဲေပးထားၿပီး ဒါ႐ိုက္တာ ကိုေဇာ္(အ႐ုဏ္ဦး)က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ျမင့္ျမတ္၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ သက္မြန္ျမင့္တို႔နဲ႔အတူ တျခားသ႐ုပ္ေဆာင္ေတြ အမ်ားႀကီးပါ ဝင္သ႐ုပ္ေဆာင္ထားၾကၿပီး ဘာလာလာဆိုတဲ့အတိုင္း ဘယ္လိုအလြဲအေခ်ာ္၊ ဟာသ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစား ၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သန္းခြဲနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024