Home
မြန်မာသတင်း
လွိုင်ကော်တွင် သက်ငယ်မုဒိမ်းကျူးလွန်သူကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်
နော်နိုရင်း
·
September 18, 2019
မယားပါသမီးကို အဓမ္မကျူးလွန်ခဲ့တဲ့ အမျိုးသားတဦးကို ဒီကနေ့ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ၂၀၁၉ ခု ဇူလိုင်လမှာ  အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်မှုနဲ့ ဦးစောအေးလွိုင်စိန်ကို အခုနှစ် ဇွန်လမှာပဲ ဖမ်းဆီးခဲ့တာပါ။  ဒီအမှုနဲ့ပတ်သက်ပြီး ကယားပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့နဲ့ လွိုင်ကော်ခရိုင် ဥပဒေရုံးကနေ ပူးပေါင်းပြီး နစ်နာသူဘက်ကနေ တရားမျှတမှုရရှိရေးအတွက် ပူးပေါင်းပြီး  အမှုလိုက်ပါဆောင်ရွက်ပေး ခဲ့တာဖြစ်ပါတယ်။  ဒီအမှုဟာ သက်ငယ်မုဒိမ်းမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ ကယားပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးစောဖားကြာက ပြောပါတယ်။  “ကျနော်တို့နစ်နာသူဘက်က လိုက်တဲ့အခါမှာဦးစောအေးလွိုင်စိန်က အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ကျတယ်။ သက်ငယ်မုဒိမ်းကိစ္စပေါ့နော်။ ဒါအမြင့်ဆုံးပြစ်ဒဏ်ပဲ။ ပြီးတော့ ပြည်နယ်က အထူးစိတ်ဝင်စားတဲ့အမှုလည်းဖြစ်တယ်။ ” ကယားပြည်နယ်မှာ အခုလို သက်ငယ်မုဒိမ်းနဲ့ပတ်သက်လို့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တာဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ 
လြိဳင္ေကာ္တြင္ သက္ငယ္မုဒိမ္းက်ဴးလြန္သူကို အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ ေနာ္ႏိုရင္း မယားပါသမီးကို အဓမၼက်ဴးလြန္ခဲ့တဲ့ အမ်ိဳးသားတဦးကို ဒီကေန႔ ကယားျပည္နယ္၊ လြိဳင္ေကာ္ခ႐ိုင္ တရား႐ုံးက အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ၊ ႏိုဝင္ဘာနဲ႔ ၂၀၁၉ ခု ဇူလိုင္လမွာ အသက္ ၁၄ ႏွစ္အ႐ြယ္ မယားပါသမီးကို အဓမၼျပဳက်င့္မႈနဲ႔ ဦးေစာေအးလြိဳင္စိန္ကို အခုႏွစ္ ဇြန္လမွာပဲ ဖမ္းဆီးခဲ့တာပါ။ ဒီအမႈနဲ႔ပတ္သက္ၿပီး ကယားျပည္နယ္ ဥပေဒဆိုင္ရာအေထာက္အကူျပဳအဖြဲ႕နဲ႔ လြိဳင္ေကာ္ခ႐ိုင္ ဥပေဒ႐ုံးကေန ပူးေပါင္းၿပီး နစ္နာသူဘက္ကေန တရားမွ်တမႈရရွိေရးအတြက္ ပူးေပါင္းၿပီး အမႈလိုက္ပါေဆာင္႐ြက္ေပး ခဲ့တာျဖစ္ပါတယ္။ ဒီအမႈဟာ သက္ငယ္မုဒိမ္းမႈအတြက္ အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္လိုက္တာျဖစ္တယ္လို႔ ကယားျပည္နယ္ ဥပေဒဆိုင္ရာအေထာက္အကူျပဳအဖြဲ႕ အတြင္းေရးမႉး ဦးေစာဖားၾကာက ေျပာပါတယ္။ “က်ေနာ္တို႔နစ္နာသူဘက္က လိုက္တဲ့အခါမွာဦးေစာေအးလြိဳင္စိန္က အလုပ္နဲ႔ေထာင္ဒဏ္ ႏွစ္ ၂၀ က်တယ္။ သက္ငယ္မုဒိမ္းကိစၥေပါ့ေနာ္။ ဒါအျမင့္ဆုံးျပစ္ဒဏ္ပဲ။ ၿပီးေတာ့ ျပည္နယ္က အထူးစိတ္ဝင္စားတဲ့အမႈလည္းျဖစ္တယ္။ ” ကယားျပည္နယ္မွာ အခုလို သက္ငယ္မုဒိမ္းနဲ႔ပတ္သက္လို႔ အျမင့္ဆုံးျပစ္ဒဏ္ခ်မွတ္တာဟာ ဒါ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024