Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုများပြားလာ 
DVB
·
September 18, 2019
မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် တနှစ်လုံးနှင့် နှိုင်းယှဉ်ရင်  ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုများပြားလာတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burmaက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။  ၂၀၁၉ ခု ဇန်နဝါရီလကနေ ဇွန်လအတွင်း တိုင်းဒေသကြီးနဲ့ပြည်နယ် ၇ ခုတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှု ၂၃၉ ခုကို ND-Burma က မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။  ၂၀၁၈ ခုနှစ်က လူ့အခွင့်အရေးချိုးဖောက်မှု ၅၂ ခုကို မှတ်တမ်းတင် နိုင်ခဲ့ပြီး နှိုင်းယှဉ်ချက်အရ ၂၀၁၉ ခု ပထမ ၆ လအတွင်းမှာတင် လူ့အခွင့်ရေး ချိုးဖောက်မှု ၃၆၀ရာခိုင်နှုန်း တိုးလာတာတွေ့ရှိရကြောင်း ဖော်ပြပါတယ်။  ၂၀၁၉ ခုနှစ် ပထမ ၆ လပတ်အတွင်း ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၆၉ ခု၊ ကချင်ပြည်နယ် ၁၀ ခုနဲ့ ရှမ်းပြည်နယ်မှာ ၄၂ ခု ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်းဆိုပါတယ်။  အဆိုပါ လူအခွင့်အရေးချိုးဖောက်မှု အများစုမှာ အရပ်သားတွေရှိတဲ့နေရာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးရတာ၊ တရားလက်လွတ်သတ်ဖြတ်တာနဲ့ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးတာ၊  အတင်းအဓမ္မဖမ်းဆီးတာနဲ့ ပျောက်ဆုံးတာတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။  ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေထဲကက ချိုးဖောက်မှု ၁၅၀ ကို တပ်မတော်က ကျူးလွန်ခဲ့တာလို့လည်းစွပ်စွဲ ဖော်ပြပါတယ်။ ဒါ့အပြင် အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းတာ၊ ပျောက်ဆုံးတာ လူသစ်စုဆောင်းတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း အရပ်သားတွေနေထိုင်တဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ၂၂ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကျူးလွန်တာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။  တပ်မတော်ဘက်ကတော့  တိုင်းရင်းသားဒေသတွေမှာ စစ်ဆင်ရေးလုပ်ရာမှာ စစ်စည်းကမ်းနဲ့ အညီသာလုပ်ဆောင်တဲ့အကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ပါက စုံစမ်း စစ်ဆေး အရေးယူမယ်လို့ ပြောကြားထားပါတယ်။
ျမန္မာႏိုင္ငံတြင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ပိုမိုမ်ားျပားလာ DVB ျမန္မာႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ တႏွစ္လုံးႏွင့္ ႏႈိင္းယွဥ္ရင္ ၂၀၁၉ ခုႏွစ္ ပထမ ၆ လအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ပိုမိုမ်ားျပားလာတယ္လို႔ လူ႔အခြင့္အေရးမွတ္တမ္းကြန္ရက္ (ျမန္မာႏိုင္ငံ) ND-Burmaက ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။ ၂၀၁၉ ခု ဇန္နဝါရီလကေန ဇြန္လအတြင္း တိုင္းေဒသႀကီးနဲ႔ျပည္နယ္ ၇ ခုတို႔မွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ၂၃၉ ခုကို ND-Burma က မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။ ၂၀၁၈ ခုႏွစ္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ၅၂ ခုကို မွတ္တမ္းတင္ ႏိုင္ခဲ့ၿပီး ႏႈိင္းယွဥ္ခ်က္အရ ၂၀၁၉ ခု ပထမ ၆ လအတြင္းမွာတင္ လူ႔အခြင့္ေရး ခ်ိဳးေဖာက္မႈ ၃၆၀ရာခိုင္ႏႈန္း တိုးလာတာေတြ႕ရွိရေၾကာင္း ေဖာ္ျပပါတယ္။ ၂၀၁၉ ခုႏွစ္ ပထမ ၆ လပတ္အတြင္း ရခိုင္ျပည္နယ္ တိုက္ပြဲေတြေၾကာင့္ ျဖစ္ပြားခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ၁၆၉ ခု၊ ကခ်င္ျပည္နယ္ ၁၀ ခုနဲ႔ ရွမ္းျပည္နယ္မွာ ၄၂ ခု ကို မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္းဆိုပါတယ္။ အဆိုပါ လူအခြင့္အေရးခ်ိဳးေဖာက္မႈ အမ်ားစုမွာ အရပ္သားေတြရွိတဲ့ေနရာကို လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာ၊ ေလယာဥ္နဲ႔ ဗုံးႀကဲတာေၾကာင့္ အရပ္သားေတြ ထိခိုက္ ေသဆုံးရတာ၊ တရားလက္လြတ္သတ္ျဖတ္တာနဲ႔ ေျမျမဳပ္မိုင္းေၾကာင့္ ထိခိုက္ေသဆုံးတာ၊ အတင္းအဓမၼဖမ္းဆီးတာနဲ႔ ေပ်ာက္ဆုံးတာေတြ ပါဝင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒီလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြထဲကက ခ်ိဳးေဖာက္မႈ ၁၅၀ ကို တပ္မေတာ္က က်ဴးလြန္ခဲ့တာလို႔လည္းစြပ္စြဲ ေဖာ္ျပပါတယ္။ ဒါ့အျပင္ အတင္းအဓမၼဖမ္းဆီးထိန္းသိမ္းတာ၊ ေပ်ာက္ဆုံးတာ လူသစ္စုေဆာင္းတာနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္း အရပ္သားေတြေနထိုင္တဲ့ေနရာေတြမွာ တိုက္ပြဲျဖစ္ပြားတာ အပါအဝင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ၂၂ ခုကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြက က်ဴးလြန္တာျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားပါတယ္။ တပ္မေတာ္ဘက္ကေတာ့ တိုင္းရင္းသားေဒသေတြမွာ စစ္ဆင္ေရးလုပ္ရာမွာ စစ္စည္းကမ္းနဲ႔ အညီသာလုပ္ေဆာင္တဲ့အေၾကာင္းနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိခဲ့ပါက စုံစမ္း စစ္ေဆး အေရးယူမယ္လို႔ ေျပာၾကားထားပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024