အစ္စရေး ပါလီမန်ရွေးကောက်ပွဲ မဲရလဒ် အနိုင် အရှုံး မကွဲပြားသေး

4.7K
အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း အဗစ်ဒေါ လေးဘာမန်းဟာ စက်တင်ဘာ ၁၇ ရက်မှာ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲအတွင်း နိုင်ငံရေး ခေါင်းဆောင်ကို သြဇာပေးနိုင်မယ့် အလားအလာ ရှိလာတယ်လို့ မီဒီယာတွေက ထင်ကြေးပေးနေပါတယ်။
မဲရုံပြင်ပ စစ်တမ်းတွေအရတော့ မဲရလဒ်တွေက အနိုင် အရှုံး မကွဲပြားသေးပါဘူး။ လေးဘာမန်းကတော့ နိုင်ငံ စည်းလုံး ညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းဖို့ ဆော်သြနေတာပါ။
“ကျနော်တို့မှာ ရွေးစရာ တခုပဲ ရှိတယ်။ အစ္စရေး ဘိုင်းတန်းနုပါတီ၊ လီကွဒ်ပါတီ ဘလူးပါတီနဲ့ ဝှိုက်ပါတီတို့ အားလုံးပါဝင်တဲ့ အမျိုးသားရေး လစ်ဘရယ် ကျယ်ပြန့်တဲ့ အစိုးရတရပ်ပေါ့”လို့ လေးဘာမန်းက ဂျေရုဆလင်မြို့က မဲဆွယ်ပွဲမှာ ပြောပါတယ်။
ဘလူးပါတီနဲ့ ဝှိုက်ပါတီကို လက်ဝဲယိမ်း ဘန်နီဂန့်ထ်ဇ်က ဦးဆောင်ပြီး လက်ယာပါတီ လီကွဒ်ပါတီကို နေတန်ယာဟုက ဦးဆောင်ပါတယ်။
လေးဘာမဲန်းကတော့ လက်ယာစွန်း အစ္စရေး ဘိုင်းတန်းနုပါတီရဲ့ အကြီးအကဲ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
အစၥေရး ပါလီမန္ေ႐ြးေကာက္ပြဲ မဲရလဒ္ အႏိုင္ အရႈံး မကြဲျပားေသး
အစၥေရး ကာကြယ္ေရး ဝန္ႀကီးေဟာင္း အဗစ္ေဒါ ေလးဘာမန္းဟာ စက္တင္ဘာ ၁၇ ရက္မွာ က်င္းပတဲ့ လႊတ္ေတာ္ေ႐ြးေကာက္ပြဲအတြင္း ႏိုင္ငံေရး ေခါင္းေဆာင္ကို ၾသဇာေပးႏိုင္မယ့္ အလားအလာ ရွိလာတယ္လို႔ မီဒီယာေတြက ထင္ေၾကးေပးေနပါတယ္။
မဲ႐ုံျပင္ပ စစ္တမ္းေတြအရေတာ့ မဲရလဒ္ေတြက အႏိုင္ အရႈံး မကြဲျပားေသးပါဘူး။ ေလးဘာမန္းကေတာ့ ႏိုင္ငံ စည္းလုံး ညီၫြတ္ေရး အစိုးရတရပ္ ဖြဲ႕စည္းဖို႔ ေဆာ္ၾသေနတာပါ။
“က်ေနာ္တို႔မွာ ေ႐ြးစရာ တခုပဲ ရွိတယ္။ အစၥေရး ဘိုင္းတန္းႏုပါတီ၊ လီကြဒ္ပါတီ ဘလူးပါတီနဲ႔ ဝႈိက္ပါတီတို႔ အားလုံးပါဝင္တဲ့ အမ်ိဳးသားေရး လစ္ဘရယ္ က်ယ္ျပန႔္တဲ့ အစိုးရတရပ္ေပါ့”လို႔ ေလးဘာမန္းက ေဂ်႐ုဆလင္ၿမိဳ႕က မဲဆြယ္ပြဲမွာ ေျပာပါတယ္။
ဘလူးပါတီနဲ႔ ဝႈိက္ပါတီကို လက္ဝဲယိမ္း ဘန္နီဂန႔္ထ္ဇ္က ဦးေဆာင္ၿပီး လက္ယာပါတီ လီကြဒ္ပါတီကို ေနတန္ယာဟုက ဦးေဆာင္ပါတယ္။
ေလးဘာမဲန္းကေတာ့ လက္ယာစြန္း အစၥေရး ဘိုင္းတန္းႏုပါတီရဲ႕ အႀကီးအကဲ ျဖစ္ပါတယ္။