အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ဟု စီရော်နယ်ဒို ဝန်ခံပြော

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာဖို့ အလွန်နီးစပ်ခဲ့ကြောင်း စီရော်နယ်ဒိုက ဝန်ခံပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူနိုက်တက်အသင်းဆီကို မပြောင်းရွှေ့ခင်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးကိုယ်တိုင် စီရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အဆုံးသတ်မှာတော့ စီရော်နယ်ဒိုက မန်ယူအသင်းကို ရွေးချယ်ခဲ့တာပါ။
အာဆင်နယ်ရောက်ဖို့ နီးစပ်ခဲ့တယ်ဆိုတာ မှန်ကန်ပြီး ခြေတလှမ်းလောက်ပဲ လိုတော့တဲ့အထိ နီးစပ်ခဲ့တယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။
အာဆင်နယ်က နှစ်သက်စရာကောင်းတဲ့အသင်း ဖြစ်ပြီး အပြောင်းအရွှေ့ မဖြစ်ခဲ့ပေမယ့် နည်းပြ အာဆင်ဝင်းဂါးက ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုကြောင်းလည်း စီရော်နယ်ဒိုက ပြောပါတယ်။
ဘောလုံးမှာ ဘယ်နေရာကို ပြောင်းရွှေ့ဖြစ်မလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ကြောင်းလည်း စီရော်နယ်ဒိုက ဆိုခဲ့ပြီး စိတ်ဓာတ်လှုံ့ဆော်နိုင်မှုက အောင်မြင်မှုရဲ့ အဓိကအချက် ဖြစ်ခဲ့တယ်လို့ စီရော်နယ်ဒိုက ဆက်ပြီး ပြောပါတယ်။
စီရော်နယ်ဒိုနဲ့ ITV တို့ အင်တာဗျူးမှာ မေးခွန်းမေးမြန်းတဲ့ အာဆင်နယ် ပရိသတ်တဦးဖြစ်သူ ပီယာ့စ်မော်ဂန်က ကျောနံပါတ် ၇ ရိုက်နှိပ်ထားတဲ့ အာဆင်နယ်ဂျာစီကိုလည်း စီရော်နယ်ဒိုကို လက်ဆောင်ပေးခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~
Zawgyi_version
အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ အလြန္နီးစပ္ခဲ့ဟု စီေရာ္နယ္ဒို ဝန္ခံေျပာ
အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕လာဖို႔ အလြန္နီးစပ္ခဲ့ေၾကာင္း စီေရာ္နယ္ဒိုက ဝန္ခံေျပာၾကားလိုက္ပါတယ္။
ဂ်ဴဗင္တပ္ တိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ စပို႔တင္းလစၥဘြန္းအသင္းကေန မန္ယူႏိုက္တက္အသင္းဆီကို မေျပာင္းေ႐ႊ႕ခင္မွာ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔နီးစပ္ခဲ့တာ ျဖစ္ပါတယ္။
အဲဒီတုန္းက အာဆင္နယ္နည္းျပ အာဆင္ဝင္းဂါးကိုယ္တိုင္ စီေရာ္နယ္ဒိုကို ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အဆုံးသတ္မွာေတာ့ စီေရာ္နယ္ဒိုက မန္ယူအသင္းကို ေ႐ြးခ်ယ္ခဲ့တာပါ။
အာဆင္နယ္ေရာက္ဖို႔ နီးစပ္ခဲ့တယ္ဆိုတာ မွန္ကန္ၿပီး ေျခတလွမ္းေလာက္ပဲ လိုေတာ့တဲ့အထိ နီးစပ္ခဲ့တယ္လို႔ စီေရာ္နယ္ဒိုက ေျပာပါတယ္။
အာဆင္နယ္က ႏွစ္သက္စရာေကာင္းတဲ့အသင္း ျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ မျဖစ္ခဲ့ေပမယ့္ နည္းျပ အာဆင္ဝင္းဂါးက ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တာကို အသိအမွတ္ျပဳေၾကာင္းလည္း စီေရာ္နယ္ဒိုက ေျပာပါတယ္။
ေဘာလုံးမွာ ဘယ္ေနရာကို ေျပာင္းေ႐ႊ႕ျဖစ္မလဲဆိုတာ ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ေၾကာင္းလည္း စီေရာ္နယ္ဒိုက ဆိုခဲ့ၿပီး စိတ္ဓာတ္လႈံ႕ေဆာ္ႏိုင္မႈက ေအာင္ျမင္မႈရဲ႕ အဓိကအခ်က္ ျဖစ္ခဲ့တယ္လို႔ စီေရာ္နယ္ဒိုက ဆက္ၿပီး ေျပာပါတယ္။
စီေရာ္နယ္ဒိုနဲ႔ ITV တို႔ အင္တာဗ်ဴးမွာ ေမးခြန္းေမးျမန္းတဲ့ အာဆင္နယ္ ပရိသတ္တဦးျဖစ္သူ ပီယာ့စ္ေမာ္ဂန္က ေက်ာနံပါတ္ ၇ ႐ိုက္ႏွိပ္ထားတဲ့ အာဆင္နယ္ဂ်ာစီကိုလည္း စီေရာ္နယ္ဒိုကို လက္ေဆာင္ေပးခဲ့ပါတယ္။