Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်ပါက ရွှေဝါရောင်သံဃာများ လူထုတိုက်ပွဲဖော်ဆောင်မည် 
DVB
·
September 18, 2019
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အတွင်းကြိုးပမ်းချက်တွေ အဖြေမထွက်ခဲ့ပါက ပြည်သူ လူထုတစ်ရပ်လုံးပါဝင်တဲ့ ပြည်သူ့တိုက်ပွဲဖော်ဆောင်သွားမယ်လို့ ရွှေဝါရောင်ဦး‌ဆောင်သံဃာတွေက မိန့်ကြားလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်အခမ်းအနားမှာ ဦးဆောင်သံဃာတွေက သဘောထားထုတ်ပြန်ချက် ၉ ချက်ထုတ်ပြန်မိန့်ကြားလိုက်တာပါ။ စစ်အာဏာရှင်စနစ်ပပျောက်ရေးနဲ့ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့တာဟာ အခုဆိုရင် ၁၂ နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထုဆန္ဒ အပြည့်အဝမရရှိသေးဘူးလို့ သံဃာတွေက မိန့်ပါတယ်။ လက်ရှိလွှတ်တော်မှာဆိုရင် တပ်မတော်နဲ့ အန်အယ်လ်ဒီအစိုးရတို့ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ထိတ်တိုက်တွေ့နေတဲ့အနေအထားမှာဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပေးဖို့အပ်တယ်လို့ ရွှေဝါရောင်ဦးဆောင်သံဃာတစ်ပါးက မိန့်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့်အခမ်းအနားမှာ လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်သူလူထုပူးပေါင်းဖို့နဲ့ တစ်နိုင်ငံလုံး စစ်ပွဲတွေရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဘာသာရေးကို အသုံးချပြီးနိုင်ငံရေးကို အကျိုးအမြတ်ထုတ်နေ တာကို  ကာကွယ်စောင့်ရှောက်ရေး ပါဝင်တဲ့အချက်တွေကို တောင်းဆိုခဲ့ပါတယ်။  သံဃာတော်တွေဟာ ၂ဝဝ၇ ခုနှစ်က စက်တင်ဘာလထဲမှာ စစ်အစိုးရကို ဆန့်ကျင်ပြီး  ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့တဲ့နေ့ကို ရွှေဝါရောင်တော်လှန်ရေးနေ့ အဖြစ်သတ်မှတ်ပြီး နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို ကျင်းပပါတယ်။  ချမ်းမြေ့မောင်  
ဖြဲ႕စည္းပုံျပင္ဆင္ေရး မေအာင္ျမင္ပါက ေ႐ႊဝါေရာင္သံဃာမ်ား လူထုတိုက္ပြဲေဖာ္ေဆာင္မည္ ခ်မ္းေျမ့ေမာင္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး လႊတ္ေတာ္အတြင္းႀကိဳးပမ္းခ်က္ေတြ အေျဖမထြက္ခဲ့ပါက ျပည္သူ လူထုတစ္ရပ္လုံးပါဝင္တဲ့ ျပည္သူ႔တိုက္ပြဲေဖာ္ေဆာင္သြားမယ္လို႔ ေ႐ႊဝါေရာင္ဦး‌ေဆာင္သံဃာေတြက မိန႔္ၾကားလိုက္ပါတယ္။ ဒီကေန႔ စက္တင္ဘာ ၁၈ ရက္ ေ႐ႊဝါေရာင္ေတာ္လွန္ေရး ၁၂ ႏွစ္ျပည့္အခမ္းအနားမွာ ဦးေဆာင္သံဃာေတြက သေဘာထားထုတ္ျပန္ခ်က္ ၉ ခ်က္ထုတ္ျပန္မိန္႔ၾကားလိုက္တာပါ။ စစ္အာဏာရွင္စနစ္ပေပ်ာက္ေရးနဲ႔ ဒီမိုကေရစီစနစ္ေပၚထြန္းေရးအတြက္ ေတာင္းဆိုတိုက္ပြဲဝင္ခဲ့တာဟာ အခုဆိုရင္ ၁၂ ႏွစ္ရွိခဲ့ၿပီျဖစ္ေပမယ့္ ျပည္သူလူထုဆႏၵ အျပည့္အဝမရရွိေသးဘူးလို႔ သံဃာေတြက မိန႔္ပါတယ္။ လက္ရွိလႊတ္ေတာ္မွာဆိုရင္ တပ္မေတာ္နဲ႔ အန္အယ္လ္ဒီအစိုးရတို႔ ဖြဲ႕စည္းပုံျပင္ဆင္ေရးမွာ ထိတ္တိုက္ေတြ႕ေနတဲ့အေနအထားမွာဆိုရင္ ဖြဲ႕စည္းပုံျပင္ဆင္ေရးမွာ ျပည္သူလူထုအေနနဲ႔ ပူးေပါင္းေပးဖို႔အပ္တယ္လို႔ ေ႐ႊဝါေရာင္ဦးေဆာင္သံဃာတစ္ပါးက မိန႔္ပါတယ္။ ေ႐ႊဝါေရာင္ေတာ္လွန္ေရး ၁၂ ႏွစ္ျပည့္အခမ္းအနားမွာ လက္ရွိဖြဲ႕စည္းပုံျပင္ဆင္ေရး ျပည္သူလူထုပူးေပါင္းဖို႔နဲ႔ တစ္ႏိုင္ငံလုံး စစ္ပြဲေတြရပ္စဲၿပီး ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးအေျဖရွာဖို႔ ဘာသာေရးကို အသုံးခ်ၿပီးႏိုင္ငံေရးကို အက်ိဳးအျမတ္ထုတ္ေန တာကို ကာကြယ္ေစာင့္ေရွာက္ေရး ပါဝင္တဲ့အခ်က္ေတြကို ေတာင္းဆိုခဲ့ပါတယ္။ သံဃာေတာ္ေတြဟာ ၂ဝဝ၇ ခုႏွစ္က စက္တင္ဘာလထဲမွာ စစ္အစိုးရကို ဆန႔္က်င္ၿပီး ပတၱနိကၠဳဇၨန သပိတ္ေမွာက္ကံေဆာင္ခဲ့တဲ့ေန႔ကို ေ႐ႊဝါေရာင္ေတာ္လွန္ေရးေန႔ အျဖစ္သတ္မွတ္ၿပီး ႏွစ္ပတ္လည္ေန႔ အခမ္းအနားေတြကို က်င္းပပါတယ္။ ခ်မ္းေျမ့ေမာင္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024