အမေရိကန်သူလျှိုဟောင်း စနိုးဒင် ကိုယ်တွေ့မှတ်တမ်းစာအုပ်သစ် မိတ်ဆက်

Photo : REUTERS/Fabrizio Bensch
1.4K
အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) ရဲ့ ကန်ထရိုက်တာဟောင်း အက်ဒ်ဝက်စနိုးဒင်ဟာ သူ့ရဲ့ စာအုပ်သစ်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မိတ်ဆက်လိုက်ပါတယ်။
တချိန်တည်းမှာပဲ စနိုးဒင်ရဲ့ စာအုပ်သစ် "Permanent Record" ဟာ လျှို့ဝှက်သတင်းအချက်အလက်တွေကို လူသိရှင်ကြား မထုတ်ဖော်ရေး သဘာတူညီချက် ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး အမေရိကန်အစိုးရက သူ့ကို တရားစွဲလိုက်ပါတယ်။
စနိုးဒင်ကတော့ သူ့အလုပ်မှာ လျှို့ဝှက်ထားပါမယ်ဆိုပြီး ကျမ်းကျိန်ထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။ စနိုးဒင်က သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်းအကြောင်း စာအုပ် ထုတ်ဝေတဲ့အခါ ထောက်လှမ်းရေး အေဂျင်စီတွေကို မတင်ပြခဲ့ဘူး။ ပြီးတော့ လျှို့ဝှက်သတင်းအချက်အလက်တွေကို လူသိရှင်ကြား မထုတ်ဖော်ရေး သဘာတူညီချက်ကို ချိုးဖောက်ပြီး မိန့်ခွန်းပြောခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။
စနိုးဒင်ဟာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ လျှို့ဝှက်စောင့်ကြပ်ရေး လုပ်ငန်းတွေအကြောင်း လူသိရှင်ကြား ထုတ်ဖော်ခဲ့ချိန်ကစလို့ ရုရှားမှာပဲ နေထိုင်ခဲ့တာပါ။
တချို့က စနိုးဒင်ကို သူရဲကောင်းတယောက်လို့ ရှုမြင်ကြပေမယ့် အမေရိကန် အာဏာပိုင်တွေကတော့ ကန့်သတ်ထားတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ဖော်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့ သူ့ကို ပြစ်မှု ကျူးလွန်သူအဖြစ် တရားစွဲဆိုထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အေမရိကန္သူလွ်ိဳေဟာင္း စႏိုးဒင္ ကိုယ္ေတြ႕မွတ္တမ္းစာအုပ္သစ္ မိတ္ဆက္
အေမရိကန္အမ်ိဳးသား လုံၿခဳံေရးေအဂ်င္စီ (NSA) ရဲ႕ ကန္ထ႐ိုက္တာေဟာင္း အက္ဒ္ဝက္စႏိုးဒင္ဟာ သူ႔ရဲ႕ စာအုပ္သစ္ကို ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ မိတ္ဆက္လိုက္ပါတယ္။
တခ်ိန္တည္းမွာပဲ စႏိုးဒင္ရဲ႕ စာအုပ္သစ္ "Permanent Record" ဟာ လွ်ိဳ႕ဝွက္သတင္းအခ်က္အလက္ေတြကို လူသိရွင္ၾကား မထုတ္ေဖာ္ေရး သဘာတူညီခ်က္ ခ်ိဳးေဖာက္ရာ ေရာက္တယ္ဆိုၿပီး အေမရိကန္အစိုးရက သူ႔ကို တရားစြဲလိုက္ပါတယ္။
စႏိုးဒင္ကေတာ့ သူ႔အလုပ္မွာ လွ်ိဳ႕ဝွက္ထားပါမယ္ဆိုၿပီး က်မ္းက်ိန္ထားတာမ်ိဳး မရွိဘူးလို႔ ေျပာပါတယ္။ စႏိုးဒင္က သူ႔ရဲ႕ ကိုယ္ေတြ႕မွတ္တမ္းအေၾကာင္း စာအုပ္ ထုတ္ေဝတဲ့အခါ ေထာက္လွမ္းေရး ေအဂ်င္စီေတြကို မတင္ျပခဲ့ဘူး။ ၿပီးေတာ့ လွ်ိဳ႕ဝွက္သတင္းအခ်က္အလက္ေတြကို လူသိရွင္ၾကား မထုတ္ေဖာ္ေရး သဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး မိန႔္ခြန္းေျပာခဲ့တယ္လို႔ အေမရိကန္ တရားေရးဌာနက ေျပာပါတယ္။
စႏိုးဒင္ဟာ အေမရိကန္ေထာက္လွမ္းေရး ေအဂ်င္စီေတြရဲ႕ လွ်ိဳ႕ဝွက္ေစာင့္ၾကပ္ေရး လုပ္ငန္းေတြအေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္ခဲ့ခ်ိန္ကစလို႔ ႐ုရွားမွာပဲ ေနထိုင္ခဲ့တာပါ။
တခ်ိဳ႕က စႏိုးဒင္ကို သူရဲေကာင္းတေယာက္လို႔ ရႈျမင္ၾကေပမယ့္ အေမရိကန္ အာဏာပိုင္ေတြကေတာ့ ကန႔္သတ္ထားတဲ့ လွ်ိဳ႕ဝွက္သတင္းအခ်က္အလက္ေတြကို ေဖာ္ထုတ္ခဲ့တာနဲ႔ ပတ္သက္လို႔ သူ႔ကို ျပစ္မႈ က်ဴးလြန္သူအျဖစ္ တရားစြဲဆိုထားပါတယ္။