စစ်ရေးအမြင် မရှိပေမယ့် စစ်ပြေးအမြင်ရှိသူများ

“အမျိုးသမီးတွေဟာ စစ်ရေးအမြင် မရှိပေမယ့် စစ်ပြေးအမြင်တော့ ရှိတယ်” လို့ အမျိုးသမီးအရေးကို ဦးဆောင်လှုပ်ရှားနေတဲ့ ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP) အဖွဲ့ရဲ့ အကြံပေးတဦးဖြစ်တဲ့ ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။ အမျိုးသားတွေ အချင်းချင်း တိုက်ခိုက်ကြတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ ဒဏ်တွေကို အများဆုံး ခံစားရတာက အမျိုးသမီးထုနဲ့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ နေရာက ပါဝင်ခဲ့ကြတာ မဟုတ်တဲ့အတွက် စစ်ရေးအမြင် မရှိဘူးဆိုတဲ့ ယူဆချက်တွေ ရှိနေကြပြီး အဲဒီအမြင်တွေက အမျိုးသမီးတွေအတွက် ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ပါဝင်ဖို့ အတားအဆီးအဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေက အမျိုးသမီးထု အများစုဟာ လက်နက်ကိုင် တိုက်ခိုက်မှုတွေကြား တိုက်ပွဲဒဏ်ကို အများဆုံး ခံစားရသူတွေမို့ သူတို့မှာ စစ်ရေးအမြင် မရှိပေမယ့် စစ်ပြေးအမြင်တော့ ရှိနေတာလို့ ဒေါ်နန်းဖြူဖြူလင်းက ခုလို့ ရည်ညွှန်း ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ လတ်တလော ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် လူဦးရေ သောင်းချီ တိုက်ပွဲရှောင်နေတဲ့အထဲမှာလဲ အမျိုးသမီးဦးရေဟာ ထက်ဝက်ကျော် ပါနေတာကို ဒေသတိုက်ပွဲရှောင်စခန်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာက ဖြစ်ပွားတဲ့ မဲသဝေါဒေသ တိုက်ပွဲငယ်တွေကြောင့်လည်း ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသက တိုက်ပွဲရှောင်စခန်းမှာ ယနေ့ထိ တိုက်ပွဲရှောင်ပြည်သူပေါင်း ၃၀၀၀ ကျော် ရှိနေပါတယ်။ အဲဒီထဲမှာမှ အမျိုးသမီးတွေ ၁၈၀၀ ကျော် ပါဝင်နေပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုဖြစ်တဲ့ အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တချို့ ပါဝင်တဲ့ ၂၁ ရာစု ဒုတိယပင်လုံ ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ က စတင်ပြီး ယနေ့ ၂၀၁၉ ထိ ၃ ကြိမ် ကျင်းပနိုင်ခဲ့တဲ့အထဲမှာတော့ ခေတ်စနစ်တွေ ရွှေ့လာတာနဲ့အမျှ အမျိုးသမီးတွေလည်း ပါဝင်လာပါတာ တွေ့နိုင်သလို ပါဝင်ဖို့ မူဝါဒကိုလည်း ထည့်သွင်း ချမှတ်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့အတွက် စစ်ရေးနဲ့ ပတ်သက်ပြီးလည်း ချင်းအမျိုးသားတပ်ဦးရဲ့ ဒုဥက္ကဋ္ဌ ဆလိုင်းလျန်မှုန်းဆာခေါင်းက “ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်သင့်ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားရင်တော့ ကျနော်တို့ လက်နက်ကိုင်အဖွဲ့တွေမှာတော့ တော်လှန်ရေး ရှေ့တန်းဆိုရင် တိုက်ရ ခိုက်ရတဲ့ နေရာမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့တော့ အခက်အခဲ ရှိတယ်” လို့ ဆိုပါတယ်။ တိုက်ခိုက်ရေးအမြင်နဲ့ စွမ်းရည် မရှိပေမယ့် တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုကို ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံရှိတဲ့ နေရပ်စွန့်ခွာလာရသူ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မြိုင်ကြီးငူ တိုက်ပွဲရှောင်စခန်းမှ ကျန်းမာရေးဆရာမတဦးဖြစ်တဲ့ နော်နန်းသဇင်က  “ဒီစခန်းကို ရောက်လာတော့ သက်သတ်လွတ် စားရတယ်။ အလုပ်အကိုင် မယ်မယ်ရရ မရှိဘူး။ သူတို့ဒေသမှာတော့ သိတယ်မဟုတ်လား၊ အနောတို့ ကရင်တိုင်းရင်းသားတွေက တောင်ယာစိုက်တယ်။ မွေးမြူရေးလုပ်တယ်။ ခုတော့ ဒီမှာ နေရတာ ကျဉ်းတယ်။ မစိုက် မပျိုးနိုင်ဘူး။ အကောင်လည်း မွေးမရဘူး။ သက်သတ်လွတ်ဒေသ ဆိုတော့ ကလေးတွေလည်း အာဟာရမပြည့်ကြဘူး။ အာဟာရပြည့်အောင်လည်း မကျွေးတတ်ကြဘူး” လို့ ပြောပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ နီးပါး ရှိလာတဲ့ ပြည်တွင်းစစ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေ အများအပြား ရှိခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ နေရပ်စွန့်ခွာရသူတွေထဲ အမျိုးသမီး အများစုနဲ့ ကလေးငယ်တွေဟာ တိုက်ပွဲကြောင့် ရတဲ့ဒုက္ခကို အများဆုံး ရင်ဆိုင်ရတာ ဖြစ်ပါတယ်။  ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခက်အခဲနဲ့ အသံတွေ ပါဝင်နိုင်ဖို့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်ဆွေးနွေးဖို့ အမျိုးသမီးအဖွဲ့အစည်း တော်တော်များများက လိုလား တောင်းဆိုမှုတွေ ရှိနေသလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အရွေ့တွေမှာလည်း အမျိုးသမီး ပါဝင်နိုင်မှုအလိုက် သိသာတဲ့ အောင်မြင်မှုတွေ ရှိနေတာကို တွေ့ရပြန်ပါတယ်။ လူမှုရေးရာ သုတေသနအဖွဲ့ တာဝန်ခံ နန်းမြသီတာက “၁၉၄၇ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့တုန်းက ဒီနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အထဲမှာ ကျမတို့ အမျိုးသမီး တယောက်မှ မပါခဲ့ဘူး။ ဒါကို ကျွန်မ အမြဲတမ်း ပြောတယ်။ အမျိုးသမီး တယောက်မှ မပါဘဲနဲ့ ဆုံးဖြတ်လိုက်တာကြောင့် ကျမတို့ ဒီနိုင်ငံက ငြိမ်းချမ်းရေး ပြည်တွင်းစစ်က နှစ် ၇၀ ကျော် ကြာခဲ့တယ်။ ပြည်တွင်းစစ် သက်တမ်း ကြာခဲ့ရာမှာ အမျိုးသမီးပါဝင်မှု မရှိခဲ့ပေမယ့် အမျိုးသမီးအနည်းငယ် ပါဝင်လာတာနဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ငန်းမှာ ထိရောက်မှု ရှိလာတာကိုလည်း တွေ့ရမယ်” လို့ ဆက်ပြောပါတယ်။ “ခုတော့ တယောက်ပါခဲ့တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လောက်ကြာမယ် မသိဘူး။ ပြီးတော့ လားဟူနဲ့ နယူးမွန်စတိတ် ပါတီ ပြန်ပါလာတော့ အမျိုးသမီး ၂ ယောက် ပြန်ပါလာတယ်။ လားဟူဘက်က အမျိုးသမီး တယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပေါ့။ ဒါက ထပ်တိုးတက်လာတယ်။ အမျိုးသမီး ၂ ယောက် ပြန်ပါလာတော့ ထပ်တိုးတက်လာတယ်ပေါ့။ ဘာပဲပြောပြော ဒီနိုင်ငံရဲ့ အရွေ့မှာ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ပါလာတော့ တိုးတက်လာတယ်။” လို့လည်း နန်းမြသီတာက ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးမှု စားပွဲဝိုင်းဆီကို အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ တောင်းဆိုလာရာက ပထမအကြိမ် ၁၃ ရာခိုင်နှုန်း၊ ဒုတိယအကြိမ် ပင်လုံညီလာခံ (နေပြည်တော်) မှာ အမျိုးသမီးပါဝင်မှု ၁၇ ရာခိုင်နှုန်းထိ ပါဝင်ခွင့် ရလာခဲ့တာကို တွေ့ရပါတယ်။ တတိယအကြိမ်မှာတော့ ၂၂ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါတာကို ငြိမ်းချမ်းရေးညီလာခံ မှတ်တမ်းတွေအရ သိရပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ)ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ အပစ်ရပ်စဲရေး ဖြစ်လာအောင် လက်မှအတ်ထိုးဖို့အထိ လုပ်နိုင်ခဲ့တဲ့ နေရာမှာ အမျိုးသမီးကိုယ်စားလှယ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပြီး နောက်ထပ် လားဟူ ဒီမိုကရက်တစ် အစည်းအရုံးအဖွဲ့၊ မွန်ပြည်သစ်ပါတီတို့ ထပ်တိုး လက်မှတ်ထိုးနိုင်ခဲ့ရာမှာလည်း တိုင်းရင်းသားများဘက်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီဝင် (ANP) ဒေါ်စောမြရာဇာလင်းနဲ့ လားဟူ အမျိုးသမီးတဦးလည်း ပါဝင်လာနိုင်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ရေးနဲ့ ပတ်သက်ပြီး များသောအားဖြင့် အမျိုးသမီးတွေကို အရည်အချင်းရှိရင် ပါလို့ ရတယ်လို့ အမျိုးသားတွေက ယူဆထားကြတာပါ။ လူမှုရေးရာသုတေသနအဖွဲ့ (RISE) က တာဝန်ခံ နန်းမြသီတာ ကတော့ “အမျိုးသမီးတွေဟာ အရည်အချင်းရှိရုံတင် မလုံလောက်ဘဲ အမျိုးသားတွေထက် နှစ် ဆ မြင့်တဲ့ ထောက်ပံ့မှုလည်း ပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၎င်းက အမျိုးသမီး ပါဝင်မှုလို့ ကျမတို့ ပြောမယ်ဆိုရင်တောင်မှ နှစ်ပေါင်း ၇၀ မှာ ကျမတို့ ဘယ်လောက်အထိ အမျိုးသားတွေကို ပါဝင်နိုင်ဖို့ ပံပိုးပေးခဲ့ရဲ့လား။ ပြန်စဉ်းစားဖို့တော့ လိုတယ်။ နှစ် ၇၀ လောက်ကြာအောင် ကျမတို့ အမျိုးသမီးတွေက ခြေထောက်ချိုးခံထားရပြီးမှ အပြေးပြိုင်ကြရအောင် ဆိုတော့ ငါတို့တွေက ဘယ်လိုလုပ်နိုင်မှာလဲ။ နှစ်ပေါင်း ၇၀ လောက် အမျိုးသမီးတွေကို ပံ့ပိုးမှု ပေးထားခဲ့ရဲ့လား။ ဒီချိန်မှ အမျိုးသမီးနဲ့ အမျိုးသား အခွင့်အရေး တန်းတူပေးထားပါတယ်ကွာ။ လာ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးရအောင်လို့ခေါ်မှ ဘယ်လိုလုပ် အမျိုးသမီးတွေ ထွက်လာနိုင်မှာလဲ။ ဆိုတဲ့ စိန်ခေါ်မှု အခက်အခဲနဲ့လဲ အမျိုးသမီးတွေက ရင်ဆိုင်နေရပါတယ်” လို့ ပြောပါတယ်။ တချို့ အမျိုးသားတွေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အမျိုးသမီးတွေဟာ အမျိုးသမီး လိုအပ်ချက်အတွက် သူတို့ကိုယ်တိုင် တင်ပြေဆွေးနွေးနိုင်မှ ငြိမ်းချမ်းရေးမှာ ပြီးပြည့်စုံတဲ့ ရလဒ်တွေကို ရရှိမယ်လို့ လက်ခံတဲ့ လူတွေလည်း ရှိနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစဉ်တစိုက် ပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ရဲ့ အမှုဆောင်ဒါရိုက်တာတဦးဖြစ်သူ ဒေါက်တာ မင်းဇော်ဦးကလည်း ခုလို ပြောပါတယ်။ “ဆွေးနွေးပွဲတွေမှာ အမျိုးသားတွေချည်းဆို စိတ်ထဲ ရှိတာ ပြောမိတာတွေ ဖြစ်တယ်။ အမျိုးသမီးတွေ ပါဝင်လာတော့ သူတို့ကို အားနာတာတွေ ဖြစ်ပြီး ပြောတာဆိုတာတွေ ထိန်းသိမ်းလာရတာ ရှိတယ်။ ခက်ထန်တဲ့ စကားမျိုးတွေ မပြောဖြစ်တော့ ယောက်ျားသားတွေချည်း ဆွေးနွေးတာထက်တော့ ငြိမ်းချမ်းရေး ဘက်ရောက်မယ်လို့ ယူဆတယ်။ တကယ်တော့ တိုက်ပွဲရဲ့ ဒဏ်တွေ ခံစားရတဲ့အထဲမှာ အမျိုးသမီးတွေဆိုရင် အများကြီးပါတယ်လေ" မြန်မာ့ငြိမ်းချမ်းရေးအပြင် ကဏ္ဍစုံမှာ အမျိုးသမီးတွေ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေအတွက် အခွင့်အရေးဖြစ်သလို စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ပါဝင်တဲ့ အမျိုးသမီးတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှု ရှိဖို့ လိုအပ်သလို ဘာသာစကား တတ်ကျွမ်းဖို့မှာလည်း တိုက်ပွဲရှောင် တိုင်းရင်းသားတွေအနေနဲ့ အခက်အခဲတွေ ရှိပါတယ်။ လူမှုရေးရာသုတေသနအဖွဲ့ (RISE) က တာဝန်ခံ နန်းမြသီတာက  “ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီး ပါဝင်ရေးအတွက် ၂၁ ပင်လုံ ပထမ အစည်းအဝေး သဘောတူညီချက် ၁၇ ချက်တုန်းက အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါရမယ်ဆိုတော့ ယူပီစီ (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ)ကို သွားရမယ် ဆိုတော့ ကရင်တွေ တင်ကြတာပေါ့။ အဲဒီမှာ တကယ်ကို ပြောနိုင်ဆိုနိုင်ပြီး လုပ်နိုင်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေကိုတော့ ပို့ပေးတယ်။ ရပ်ကွက်ထဲမှာပေါ့။ တကယ် ယူပီစီ ရောက်တဲ့အခါမှာ မဆွေးနွေးနိုင်ဘူး။ အထူးသဖြင့် ဗမာစကားတောင် ကောင်းကောင်း မတတ်ဘူး။ နားမလည်နေဘူး။ အိပ်ငိုက်တယ်။ အဲဒီမှာ ကျမ အရမ်းစိတ်မကောင်းဘူး။ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါတာနဲ့တင် ပြီးပြည့်စုံမလားပေါ့။ နှစ် ၇၀ အကွာမှာ ကျန်ခဲ့တဲ့ အမျိုးသမီးတွေကို ခုမှ ငြိမ်းချမ်းရေးပွဲမှာ လာခဲ့ ဆိုပြီး ဘာမှ မပံ့ပိုးဘဲ တရွတ်တိုက်ဆွဲလို့တော့ အဆင်မပြေဘူး” လို့လည်း ဆိုပါတယ်။ လက်နက်မကိုင်နိုင်တဲ့ အမျိုးသမီးထုတွေအတွက် စစ်ရေးအမြင်ဆိုတာ မရှိလို့ ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေးတွေမှာ ပါဝင်မဆွေးနွေးနိုင်ပေမယ့် တိုက်ပွဲဖြစ်တိုင်း အဲဒီဒေသက အမျိုးသမီးတွေမှာတော့ ကလေးငယ်တွေ ချီပိုးပြေးလွှားရတာ၊ တိုက်ပွဲရှောင် စခန်းတွေ မရောက်ခင် တောထဲ ပြေးလွှားရင်း ဒုက္ခကို ခံစားရတာတွေ၊ စခန်းရောက်တော့လည်း အခန်းကျဉ်းလေးထဲ နေပြီး နှစ်ချီ လှောင်ပိတ်ပြီး နေရတာအပြင် ထိုက်သင့်တဲ့ ကျန်းမာရေးကအစ စောင့်ရှောက်မှုမရတဲ့ စစ်ပြေးအတွေ့အကြုံတွေ ရှိကြပါတယ်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးနေရာ အနိုင်ရခဲ့တဲ့ ကရင်အမျိုးသမီးတဦး ဖြစ်သလို လက်ရှိမှာလည်း ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) မှာ အရပ်သားကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတဲ့ ဒေါ်နန်းစေအွာက ခုလို ပြောပါတယ်။ “ထိခိုက်တယ် ခံစားရတာ များတယ်ဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေက ပိုတယ်။ မိန်းမတွေအကြောင်း မိန်းမတွေ ပိုသိတယ်ပေါ့နော်။ အဲဒါကြောင့် အမျိုးသမီး ပါတာက ကျမတို့အတွက် အခွင့်အရေးတရပ်လည်း ဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ကလည်း နေရာတိုင်း ပါဝင်ဖို့တော့ စိန်ခေါ်မှု အခက်အခဲတွေ ရှိပါတယ်။” ဒီလို စစ်ပြေးအတွေ့အကြုံ အမြင်တွေရှိတဲ့ လူတွေကိုလည်း ငြိမ်းချမ်းဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်နိုင်အောင် ထည့်သွင်းစဉ်းစားပေးဖို့ အရးကြီးတယ်လို့ ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။ “လက်နက်ကြီးသံ ကြားတာနဲ့ ကလေးကို ကောက်ချီပြီးသား၊ မိသားစု လုံခြုံရေးအတွက် ဘယ်မှာ ဘယ်လို ပုန်းရမယ်ဆိုတာ ကလေးတွေကို ပါးစပ်က ညွှန်ကြားပြီးသား။ အစားအစာ ရေနဲ့ အဝတ်အစား၊ စောင်ထည့်ပြီး ပြေးဖို့ အသင့်လုပ်ထားရတာ။ ပြောချင်တာက ကျမတို့ မိန်းမသားတွေမှာ တိုက်ပွဲတွေဖြစ်တိုင်း စစ်မြေပြင်မှာပဲ။ စစ်ရေးအမြင် မရှိပေမယ့် ပြောချင်တာက စစ်ပြေးအမြင် ရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် ကျမတို့ မိန်းမသားတွေလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပစ်မထားသင့်ဘဲ ပါဝင်ဖို့ လိုတယ်။” မင်းရဲစစ်နိုင် ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version စစ္ေရးအျမင္ မရွိေပမယ့္ စစ္ေျပးအျမင္ရွိသူမ်ား “အမ်ိဳးသမီးေတြဟာ စစ္ေရးအျမင္ မရွိေပမယ့္ စစ္ေျပးအျမင္ေတာ့ ရွိတယ္” လို႔ အမ်ိဳးသမီးအေရးကို ဦးေဆာင္လႈပ္ရွားေနတဲ့ ၿငိမ္းခ်မ္းေရးအတြက္ က်ား၊ မ တန္းတူေရး မဟာမိတ္အဖြဲ႕ (AGIPP) အဖြဲ႕ရဲ႕ အႀကံေပးတဦးျဖစ္တဲ့ ေဒၚနန္းျဖဴျဖဴလင္းက ေျပာပါတယ္။ အမ်ိဳးသားေတြ အခ်င္းခ်င္း တိုက္ခိုက္ၾကတဲ့ ျမန္မာႏိုင္ငံ ျပည္တြင္းစစ္ရဲ႕ ဒဏ္ေတြကို အမ်ားဆုံး ခံစားရတာက အမ်ိဳးသမီးထုနဲ႔ ကေလးငယ္ေတြပဲ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာ ပါဝင္ဖို႔ လက္နက္ကိုင္ တိုက္ခိုက္ခဲ့တဲ့ ေနရာက ပါဝင္ခဲ့ၾကတာ မဟုတ္တဲ့အတြက္ စစ္ေရးအျမင္ မရွိဘူးဆိုတဲ့ ယူဆခ်က္ေတြ ရွိေနၾကၿပီး အဲဒီအျမင္ေတြက အမ်ိဳးသမီးေတြအတြက္ ၿငိမ္းခ်မ္းေရး စားပြဲဝိုင္းမွာ ပါဝင္ဖို႔ အတားအဆီးအျဖစ္ ရွိေနပါတယ္။ ဒါေပမဲ့ တိုင္းရင္းသား လက္နက္ကိုင္ေဒသေတြက အမ်ိဳးသမီးထု အမ်ားစုဟာ လက္နက္ကိုင္ တိုက္ခိုက္မႈေတြၾကား တိုက္ပြဲဒဏ္ကို အမ်ားဆုံး ခံစားရသူေတြမို႔ သူတို႔မွာ စစ္ေရးအျမင္ မရွိေပမယ့္ စစ္ေျပးအျမင္ေတာ့ ရွိေနတာလို႔ ေဒၚနန္းျဖဴျဖဴလင္းက ခုလို႔ ရည္ၫႊန္း ေျပာၾကားလိုက္တာပဲ ျဖစ္ပါတယ္။ လတ္တေလာ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြင္း ရွမ္းေျမာက္ေဒသ တိုက္ပြဲေတြေၾကာင့္ လူဦးေရ ေသာင္းခ်ီ တိုက္ပြဲေရွာင္ေနတဲ့အထဲမွာလဲ အမ်ိဳးသမီးဦးေရဟာ ထက္ဝက္ေက်ာ္ ပါေနတာကို ေဒသတိုက္ပြဲေရွာင္စခန္းေတြရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။ ၂၀၁၆ ခုႏွစ္ စက္တင္ဘာက ျဖစ္ပြားတဲ့ မဲသေဝါေဒသ တိုက္ပြဲငယ္ေတြေၾကာင့္လည္း ကရင္ျပည္နယ္ ၿမိဳင္ႀကီးငူ အထူးေဒသက တိုက္ပြဲေရွာင္စခန္းမွာ ယေန႔ထိ တိုက္ပြဲေရွာင္ျပည္သူေပါင္း ၃၀၀၀ ေက်ာ္ ရွိေနပါတယ္။ အဲဒီထဲမွာမွ အမ်ိဳးသမီးေတြ ၁၈၀၀ ေက်ာ္ ပါဝင္ေနပါတယ္။ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တခုျဖစ္တဲ့ အစိုးရအပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္တခ်ိဳ႕ ပါဝင္တဲ့ ၂၁ ရာစု ဒုတိယပင္လုံ ၿငိမ္းခ်မ္းေရးညီလာခံကို ၂၀၁၆ က စတင္ၿပီး ယေန႔ ၂၀၁၉ ထိ ၃ ႀကိမ္ က်င္းပႏိုင္ခဲ့တဲ့အထဲမွာေတာ့ ေခတ္စနစ္ေတြ ေ႐ႊ႕လာတာနဲ႔အမွ် အမ်ိဳးသမီးေတြလည္း ပါဝင္လာပါတာ ေတြ႕ႏိုင္သလို ပါဝင္ဖို႔ မူဝါဒကိုလည္း ထည့္သြင္း ခ်မွတ္ႏိုင္ခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ အမ်ိဳးသမီးေတြ ပါဝင္ဖို႔အတြက္ စစ္ေရးနဲ႔ ပတ္သက္ၿပီးလည္း ခ်င္းအမ်ိဳးသားတပ္ဦးရဲ႕ ဒုဥကၠ႒ ဆလိုင္းလ်န္မႈန္းဆာေခါင္းက “ၿငိမ္းခ်မ္းေရးမွာ အမ်ိဳးသမီးေတြ ပါဝင္သင့္ပါတယ္။ ဒါေပမဲ့ လက္ေတြ႕က်က် စဥ္းစားရင္ေတာ့ က်ေနာ္တို႔ လက္နက္ကိုင္အဖြဲ႕ေတြမွာေတာ့ ေတာ္လွန္ေရး ေရွ႕တန္းဆိုရင္ တိုက္ရ ခိုက္ရတဲ့ ေနရာမွာ အမ်ိဳးသမီးေတြ ပါဝင္ႏိုင္ဖို႔ေတာ့ အခက္အခဲ ရွိတယ္” လို႔ ဆိုပါတယ္။ တိုက္ခိုက္ေရးအျမင္နဲ႔ စြမ္းရည္ မရွိေပမယ့္ တိုက္ပြဲေတြရဲ႕ အက်ိဳးသက္ေရာက္မႈကို ျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကဳံရွိတဲ့ ေနရပ္စြန႔္ခြာလာရသူ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီး ၿမိဳင္ႀကီးငူ တိုက္ပြဲေရွာင္စခန္းမွ က်န္းမာေရးဆရာမတဦးျဖစ္တဲ့ ေနာ္နန္းသဇင္က  “ဒီစခန္းကို ေရာက္လာေတာ့ သက္သတ္လြတ္ စားရတယ္။ အလုပ္အကိုင္ မယ္မယ္ရရ မရွိဘူး။ သူတို႔ေဒသမွာေတာ့ သိတယ္မဟုတ္လား၊ အေနာတို႔ ကရင္တိုင္းရင္းသားေတြက ေတာင္ယာစိုက္တယ္။ ေမြးျမဴေရးလုပ္တယ္။ ခုေတာ့ ဒီမွာ ေနရတာ က်ဥ္းတယ္။ မစိုက္ မပ်ိဳးႏိုင္ဘူး။ အေကာင္လည္း ေမြးမရဘူး။ သက္သတ္လြတ္ေဒသ ဆိုေတာ့ ကေလးေတြလည္း အာဟာရမျပည့္ၾကဘူး။ အာဟာရျပည့္ေအာင္လည္း မေကြၽးတတ္ၾကဘူး” လို႔ ေျပာပါတယ္။ ယေန႔ ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၇၀ နီးပါး ရွိလာတဲ့ ျပည္တြင္းစစ္အတြင္း လက္နက္ကိုင္ တိုက္ပြဲေတြ အမ်ားအျပား ရွိခဲ့တာေၾကာင့္ တိုက္ပြဲျဖစ္ပြားရာ ေဒသေတြမွာ ေနရပ္စြန႔္ခြာရသူေတြထဲ အမ်ိဳးသမီး အမ်ားစုနဲ႔ ကေလးငယ္ေတြဟာ တိုက္ပြဲေၾကာင့္ ရတဲ့ဒုကၡကို အမ်ားဆုံး ရင္ဆိုင္ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြရဲ႕ အခက္အခဲနဲ႔ အသံေတြ ပါဝင္ႏိုင္ဖို႔ အမ်ိဳးသမီးေတြကိုယ္တိုင္ ပါဝင္ေဆြးေႏြးဖို႔ အမ်ိဳးသမီးအဖြဲ႕အစည္း ေတာ္ေတာ္မ်ားမ်ားက လိုလား ေတာင္းဆိုမႈေတြ ရွိေနသလို ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး အေ႐ြ႕ေတြမွာလည္း အမ်ိဳးသမီး ပါဝင္ႏိုင္မႈအလိုက္ သိသာတဲ့ ေအာင္ျမင္မႈေတြ ရွိေနတာကို ေတြ႕ရျပန္ပါတယ္။ လူမႈေရးရာ သုေတသနအဖြဲ႕ တာဝန္ခံ နန္းျမသီတာက “၁၉၄၇ ပင္လုံစာခ်ဳပ္ကို လက္မွတ္ထိုးခဲ့တုန္းက ဒီႏိုင္ငံရဲ႕ ဆုံးျဖတ္ခ်က္ကို ခ်လိုက္တဲ့အထဲမွာ က်မတို႔ အမ်ိဳးသမီး တေယာက္မွ မပါခဲ့ဘူး။ ဒါကို ကြၽန္မ အၿမဲတမ္း ေျပာတယ္။ အမ်ိဳးသမီး တေယာက္မွ မပါဘဲနဲ႔ ဆုံးျဖတ္လိုက္တာေၾကာင့္ က်မတို႔ ဒီႏိုင္ငံက ၿငိမ္းခ်မ္းေရး ျပည္တြင္းစစ္က ႏွစ္ ၇၀ ေက်ာ္ ၾကာခဲ့တယ္။ ျပည္တြင္းစစ္ သက္တမ္း ၾကာခဲ့ရာမွာ အမ်ိဳးသမီးပါဝင္မႈ မရွိခဲ့ေပမယ့္ အမ်ိဳးသမီးအနည္းငယ္ ပါဝင္လာတာနဲ႔ အပစ္အခတ္ ရပ္စဲေရးလုပ္ငန္းမွာ ထိေရာက္မႈ ရွိလာတာကိုလည္း ေတြ႕ရမယ္” လို႔ ဆက္ေျပာပါတယ္။ “ခုေတာ့ တေယာက္ပါခဲ့ေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္က ဘယ္ေလာက္ၾကာမယ္ မသိဘူး။ ၿပီးေတာ့ လားဟူနဲ႔ နယူးမြန္စတိတ္ ပါတီ ျပန္ပါလာေတာ့ အမ်ိဳးသမီး ၂ ေယာက္ ျပန္ပါလာတယ္။ လားဟူဘက္က အမ်ိဳးသမီး တေယာက္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေပါ့။ ဒါက ထပ္တိုးတက္လာတယ္။ အမ်ိဳးသမီး ၂ ေယာက္ ျပန္ပါလာေတာ့ ထပ္တိုးတက္လာတယ္ေပါ့။ ဘာပဲေျပာေျပာ ဒီႏိုင္ငံရဲ႕ အေ႐ြ႕မွာ ဆုံးျဖတ္ခ်က္ခ်တဲ့ ေနရာမွာ ပါလာေတာ့ တိုးတက္လာတယ္။” လို႔လည္း နန္းျမသီတာက ေျပာပါတယ္။ ၂၁ ရာစု ပင္လုံညီလာခံနဲ႔ ပတ္သက္ၿပီးလည္း ေဆြးေႏြးမႈ စားပြဲဝိုင္းဆီကို အမ်ိဳးသမီး ၃၀ ရာခိုင္ႏႈန္း ပါဝင္ဖို႔ ေတာင္းဆိုလာရာက ပထမအႀကိမ္ ၁၃ ရာခိုင္ႏႈန္း၊ ဒုတိယအႀကိမ္ ပင္လုံညီလာခံ (ေနျပည္ေတာ္) မွာ အမ်ိဳးသမီးပါဝင္မႈ ၁၇ ရာခိုင္ႏႈန္းထိ ပါဝင္ခြင့္ ရလာခဲ့တာကို ေတြ႕ရပါတယ္။ တတိယအႀကိမ္မွာေတာ့ ၂၂ ရာခိုင္ႏႈန္းထိ တိုးတက္ခဲ့ပါတာကို ၿငိမ္းခ်မ္းေရးညီလာခံ မွတ္တမ္းေတြအရ သိရပါတယ္။ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(အန္စီေအ)ကို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕ အပစ္ရပ္စဲေရး ျဖစ္လာေအာင္ လက္မွအတ္ထိုးဖို႔အထိ လုပ္ႏိုင္ခဲ့တဲ့ ေနရာမွာ အမ်ိဳးသမီးကိုယ္စားလွယ္အျဖစ္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ခဲ့ၿပီး ေနာက္ထပ္ လားဟူ ဒီမိုကရက္တစ္ အစည္းအ႐ုံးအဖြဲ႕၊ မြန္ျပည္သစ္ပါတီတို႔ ထပ္တိုး လက္မွတ္ထိုးႏိုင္ခဲ့ရာမွာလည္း တိုင္းရင္းသားမ်ားဘက္က ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီ ဗဟိုေကာ္မတီဝင္ (ANP) ေဒၚေစာျမရာဇာလင္းနဲ႔ လားဟူ အမ်ိဳးသမီးတဦးလည္း ပါဝင္လာႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။ ႏိုင္ငံေရးမွာ အမ်ိဳးသမီးေတြ ပါဝင္ေရးနဲ႔ ပတ္သက္ၿပီး မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြကို အရည္အခ်င္းရွိရင္ ပါလို႔ ရတယ္လို႔ အမ်ိဳးသားေတြက ယူဆထားၾကတာပါ။ လူမႈေရးရာသုေတသနအဖြဲ႕ (RISE) က တာဝန္ခံ နန္းျမသီတာ ကေတာ့ “အမ်ိဳးသမီးေတြဟာ အရည္အခ်င္းရွိ႐ုံတင္ မလုံေလာက္ဘဲ အမ်ိဳးသားေတြထက္ ႏွစ္ ဆ ျမင့္တဲ့ ေထာက္ပံ့မႈလည္း ေပးႏိုင္ဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ၎က အမ်ိဳးသမီး ပါဝင္မႈလို႔ က်မတို႔ ေျပာမယ္ဆိုရင္ေတာင္မွ ႏွစ္ေပါင္း ၇၀ မွာ က်မတို႔ ဘယ္ေလာက္အထိ အမ်ိဳးသားေတြကို ပါဝင္ႏိုင္ဖို႔ ပံပိုးေပးခဲ့ရဲ႕လား။ ျပန္စဥ္းစားဖို႔ေတာ့ လိုတယ္။ ႏွစ္ ၇၀ ေလာက္ၾကာေအာင္ က်မတို႔ အမ်ိဳးသမီးေတြက ေျခေထာက္ခ်ိဳးခံထားရၿပီးမွ အေျပးၿပိဳင္ၾကရေအာင္ ဆိုေတာ့ ငါတို႔ေတြက ဘယ္လိုလုပ္ႏိုင္မွာလဲ။ ႏွစ္ေပါင္း ၇၀ ေလာက္ အမ်ိဳးသမီးေတြကို ပံ့ပိုးမႈ ေပးထားခဲ့ရဲ႕လား။ ဒီခ်ိန္မွ အမ်ိဳးသမီးနဲ႔ အမ်ိဳးသား အခြင့္အေရး တန္းတူေပးထားပါတယ္ကြာ။ လာ စားပြဲဝိုင္းေပၚမွာ ေဆြးေႏြးရေအာင္လို႔ေခၚမွ ဘယ္လိုလုပ္ အမ်ိဳးသမီးေတြ ထြက္လာႏိုင္မွာလဲ။ ဆိုတဲ့ စိန္ေခၚမႈ အခက္အခဲနဲ႔လဲ အမ်ိဳးသမီးေတြက ရင္ဆိုင္ေနရပါတယ္” လို႔ ေျပာပါတယ္။ တခ်ိဳ႕ အမ်ိဳးသားေတြကေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသမီး လိုအပ္ခ်က္အတြက္ သူတို႔ကိုယ္တိုင္ တင္ေျပေဆြးေႏြးႏိုင္မွ ၿငိမ္းခ်မ္းေရးမွာ ၿပီးျပည့္စုံတဲ့ ရလဒ္ေတြကို ရရွိမယ္လို႔ လက္ခံတဲ့ လူေတြလည္း ရွိေနၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ အစဥ္တစိုက္ ပါဝင္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ျမန္မာ အင္စတီက်ဳ (MIPS) ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာတဦးျဖစ္သူ ေဒါက္တာ မင္းေဇာ္ဦးကလည္း ခုလို ေျပာပါတယ္။ “ေဆြးေႏြးပြဲေတြမွာ အမ်ိဳးသားေတြခ်ည္းဆို စိတ္ထဲ ရွိတာ ေျပာမိတာေတြ ျဖစ္တယ္။ အမ်ိဳးသမီးေတြ ပါဝင္လာေတာ့ သူတို႔ကို အားနာတာေတြ ျဖစ္ၿပီး ေျပာတာဆိုတာေတြ ထိန္းသိမ္းလာရတာ ရွိတယ္။ ခက္ထန္တဲ့ စကားမ်ိဳးေတြ မေျပာျဖစ္ေတာ့ ေယာက္်ားသားေတြခ်ည္း ေဆြးေႏြးတာထက္ေတာ့ ၿငိမ္းခ်မ္းေရး ဘက္ေရာက္မယ္လို႔ ယူဆတယ္။ တကယ္ေတာ့ တိုက္ပြဲရဲ႕ ဒဏ္ေတြ ခံစားရတဲ့အထဲမွာ အမ်ိဳးသမီးေတြဆိုရင္ အမ်ားႀကီးပါတယ္ေလ" ျမန္မာ့ၿငိမ္းခ်မ္းေရးအျပင္ က႑စုံမွာ အမ်ိဳးသမီးေတြ ပါဝင္ႏိုင္ေရးနဲ႔ ပတ္သက္ၿပီး အမ်ိဳးသမီးေတြအတြက္ အခြင့္အေရးျဖစ္သလို စိန္ေခၚမႈေတြလည္း ရွိေနပါတယ္။ အထူးသျဖင့္ ပါဝင္တဲ့ အမ်ိဳးသမီးေတြမွာ သက္ဆိုင္ရာ က႑အလိုက္ ကြၽမ္းက်င္မႈ ရွိဖို႔ လိုအပ္သလို ဘာသာစကား တတ္ကြၽမ္းဖို႔မွာလည္း တိုက္ပြဲေရွာင္ တိုင္းရင္းသားေတြအေနနဲ႔ အခက္အခဲေတြ ရွိပါတယ္။ လူမႈေရးရာသုေတသနအဖြဲ႕ (RISE) က တာဝန္ခံ နန္းျမသီတာက  “ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြမွာ အမ်ိဳးသမီး ပါဝင္ေရးအတြက္ ၂၁ ပင္လုံ ပထမ အစည္းအေဝး သေဘာတူညီခ်က္ ၁၇ ခ်က္တုန္းက အမ်ိဳးသမီး ၃၀ ရာခိုင္ႏႈန္း ပါရမယ္ဆိုေတာ့ ယူပီစီ (ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ)ကို သြားရမယ္ ဆိုေတာ့ ကရင္ေတြ တင္ၾကတာေပါ့။ အဲဒီမွာ တကယ္ကို ေျပာႏိုင္ဆိုႏိုင္ၿပီး လုပ္ႏိုင္တဲ့ အမ်ိဳးသမီး ေခါင္းေဆာင္ေတြကိုေတာ့ ပို႔ေပးတယ္။ ရပ္ကြက္ထဲမွာေပါ့။ တကယ္ ယူပီစီ ေရာက္တဲ့အခါမွာ မေဆြးေႏြးႏိုင္ဘူး။ အထူးသျဖင့္ ဗမာစကားေတာင္ ေကာင္းေကာင္း မတတ္ဘူး။ နားမလည္ေနဘူး။ အိပ္ငိုက္တယ္။ အဲဒီမွာ က်မ အရမ္းစိတ္မေကာင္းဘူး။ အမ်ိဳးသမီး ၃၀ ရာခိုင္ႏႈန္း ပါတာနဲ႔တင္ ၿပီးျပည့္စုံမလားေပါ့။ ႏွစ္ ၇၀ အကြာမွာ က်န္ခဲ့တဲ့ အမ်ိဳးသမီးေတြကို ခုမွ ၿငိမ္းခ်မ္းေရးပြဲမွာ လာခဲ့ ဆိုၿပီး ဘာမွ မပံ့ပိုးဘဲ တ႐ြတ္တိုက္ဆြဲလို႔ေတာ့ အဆင္မေျပဘူး” လို႔လည္း ဆိုပါတယ္။ လက္နက္မကိုင္ႏိုင္တဲ့ အမ်ိဳးသမီးထုေတြအတြက္ စစ္ေရးအျမင္ဆိုတာ မရွိလို႔ ၿငိမ္းခ်မ္းေရး အပစ္ခတ္ရပ္စဲေရးေတြမွာ ပါဝင္မေဆြးေႏြးႏိုင္ေပမယ့္ တိုက္ပြဲျဖစ္တိုင္း အဲဒီေဒသက အမ်ိဳးသမီးေတြမွာေတာ့ ကေလးငယ္ေတြ ခ်ီပိုးေျပးလႊားရတာ၊ တိုက္ပြဲေရွာင္ စခန္းေတြ မေရာက္ခင္ ေတာထဲ ေျပးလႊားရင္း ဒုကၡကို ခံစားရတာေတြ၊ စခန္းေရာက္ေတာ့လည္း အခန္းက်ဥ္းေလးထဲ ေနၿပီး ႏွစ္ခ်ီ ေလွာင္ပိတ္ၿပီး ေနရတာအျပင္ ထိုက္သင့္တဲ့ က်န္းမာေရးကအစ ေစာင့္ေရွာက္မႈမရတဲ့ စစ္ေျပးအေတြ႕အႀကဳံေတြ ရွိၾကပါတယ္လို႔ ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ကရင္ျပည္နယ္ကေန ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တဦးေနရာ အႏိုင္ရခဲ့တဲ့ ကရင္အမ်ိဳးသမီးတဦး ျဖစ္သလို လက္ရွိမွာလည္း ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-S) မွာ အရပ္သားကိုယ္စားလွယ္အျဖစ္ တာဝန္ယူထားတဲ့ ေဒၚနန္းေစအြာက ခုလို ေျပာပါတယ္။ “ထိခိုက္တယ္ ခံစားရတာ မ်ားတယ္ဆိုရင္ေတာ့ က်မတို႔ အမ်ိဳးသမီးေတြက ပိုတယ္။ မိန္းမေတြအေၾကာင္း မိန္းမေတြ ပိုသိတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္ အမ်ိဳးသမီး ပါတာက က်မတို႔အတြက္ အခြင့္အေရးတရပ္လည္း ျဖစ္တယ္။ ဒါေပမဲ့ က်မတို႔ အမ်ိဳးသမီးေတြ အေနနဲ႔ကလည္း ေနရာတိုင္း ပါဝင္ဖို႔ေတာ့ စိန္ေခၚမႈ အခက္အခဲေတြ ရွိပါတယ္။” ဒီလို စစ္ေျပးအေတြ႕အႀကဳံ အျမင္ေတြရွိတဲ့ လူေတြကိုလည္း ၿငိမ္းခ်မ္းျဖစ္စဥ္နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြမွာ ပါဝင္ႏိုင္ေအာင္ ထည့္သြင္းစဥ္းစားေပးဖို႔ အရးႀကီးတယ္လို႔ ေဒၚနန္းျဖဴျဖဴလင္းက ေျပာပါတယ္။ “လက္နက္ႀကီးသံ ၾကားတာနဲ႔ ကေလးကို ေကာက္ခ်ီၿပီးသား၊ မိသားစု လုံၿခဳံေရးအတြက္ ဘယ္မွာ ဘယ္လို ပုန္းရမယ္ဆိုတာ ကေလးေတြကို ပါးစပ္က ၫႊန္ၾကားၿပီးသား။ အစားအစာ ေရနဲ႔ အဝတ္အစား၊ ေစာင္ထည့္ၿပီး ေျပးဖို႔ အသင့္လုပ္ထားရတာ။ ေျပာခ်င္တာက က်မတို႔ မိန္းမသားေတြမွာ တိုက္ပြဲေတြျဖစ္တိုင္း စစ္ေျမျပင္မွာပဲ။ စစ္ေရးအျမင္ မရွိေပမယ့္ ေျပာခ်င္တာက စစ္ေျပးအျမင္ ရွိတယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ က်မတို႔ မိန္းမသားေတြလည္း ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာ ပစ္မထားသင့္ဘဲ ပါဝင္ဖို႔ လိုတယ္။” မင္းရဲစစ္ႏိုင္

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up