ကချင်ပြည်နယ် မိုင်းနားစစ်ဘေးရှောင်စခန်းက အိမ်မပြန်နိုင်သေးသည့် ဒုက္ခသည်များ (ဓာတ်ပုံ)

ကချင်ပြည်နယ်၊ မိုင်းနား ကေဘီစီ စစ်ဘေးရှောင်စခန်းက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ နေရပ်ပြန်ချင်ပေမယ့် နယ်မြေမငြိမ်းချမ်းတဲ့အပြင် ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ နေရာအနှံ့အပြား ထောင်ထားတာကြောင့် အိမ်မပြန်ရဲဘဲ ဆက်လက်နေထိုင် နေကြပါတယ်။
မိုင်းနား ကေဘီစီ စစ်ဘေးရှောင်စခန်းမှာ နေအိမ် ၅၁၉ အိမ်ရှိပြီး စစ်ဘေးရှောင်ပြည်သူ ၂၈၃၃ ဦး ရှိပါတယ်။ ဒီစခန်းမှာ ကျောင်းသားကျောင်းသူပေါင်း ၉၈၃ဦး စာသင်ကြားနေပြီး တိုက်ပွဲတွေကြောင့် ကျေးရွာ အရေအတွက် ဆယ်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်လာတာပါ။
မိုင်းနား ကေဘီစီ စစ်ဘေးရှောင်စခန်းကို ၂၀၁၂ခုနှစ်ကစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အပေါ် နေရပ်ပြန်ဖို့အခက်အခဲဖြစ်ပေါ် နေတာလို့ စစ်ဘေးတိမ်းရှောင်လာသူတွေကဆိုပါတယ်။
လက်ရှိအချိန်မှာ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင် နေရတဲ့ ကျေးရွာပေါင်း ၁၀၀ကျော်ရှိတယ်လို့လည်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေက ဆိုပါတယ်။
ကခ်င္ျပည္နယ္ မိုင္းနားစစ္ေဘးေရွာင္စခန္းက အိမ္မျပန္ႏိုင္ေသးသည့္ ဒုကၡသည္မ်ား (ဓာတ္ပုံ)
စိုးမိုးေအာင္
ကခ်င္ျပည္နယ္၊ မိုင္းနား ေကဘီစီ စစ္ေဘးေရွာင္စခန္းက ေထာင္နဲ႔ခ်ီတဲ့ ဒုကၡသည္ေတြဟာ ေနရပ္ျပန္ခ်င္ေပမယ့္ နယ္ေျမမၿငိမ္းခ်မ္းတဲ့အျပင္ ေက်း႐ြာေတြမွာ ေျမျမႇဳပ္မိုင္းေတြ ေနရာအႏွံ႔အျပား ေထာင္ထားတာေၾကာင့္ အိမ္မျပန္ရဲဘဲ ဆက္လက္ေနထိုင္ ေနၾကပါတယ္။
မိုင္းနား ေကဘီစီ စစ္ေဘးေရွာင္စခန္းမွာ ေနအိမ္ ၅၁၉ အိမ္ရွိၿပီး စစ္ေဘးေရွာင္ျပည္သူ ၂၈၃၃ ဦး ရွိပါတယ္။ ဒီစခန္းမွာ ေက်ာင္းသားေက်ာင္းသူေပါင္း ၉၈၃ဦး စာသင္ၾကားေနၿပီး တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာ အေရအတြက္ ဆယ္နဲ႔ခ်ီၿပီး စစ္ေဘးတိမ္းေရွာင္လာတာပါ။
မိုင္းနား ေကဘီစီ စစ္ေဘးေရွာင္စခန္းကို ၂၀၁၂ခုႏွစ္ကစတင္ ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး လက္ရွိ အခ်ိန္အထိ တိုက္ပြဲေတြ ဆက္လက္ျဖစ္ေပၚေနတဲ့အေပၚ ေနရပ္ျပန္ဖို႔အခက္အခဲျဖစ္ေပၚ ေနတာလို႔ စစ္ေဘးတိမ္းေရွာင္လာသူေတြကဆိုပါတယ္။
လက္ရွိအခ်ိန္မွာ ကခ်င္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာၿပီး စစ္ေဘးတိမ္းေရွာင္ ေနရတဲ့ ေက်း႐ြာေပါင္း ၁၀၀ေက်ာ္ရွိတယ္လို႔လည္း စစ္ေဘးေရွာင္စခန္း တာဝန္ရွိသူေတြက ဆိုပါတယ္။