လူအရွယ်အစားရှိ ဦးရွှေရိုးရုပ်သေးရုပ်နှင့် Myanmar’s Got Talent တွင် အစွမ်းပြခဲ့သူ(ရုပ်သံ)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ နာမည်ကျော် Myanmar’s Got Talent ပြိုင်ပွဲမှာ မြန်မာရုပ်သေးပညာရှင် ဇော်နိုင်ဝင်းကလည်း တမူထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ထိန်းသိမ်းသင့်တဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ရုပ်သေးပညာဟာ အမြင့်သဘင်အမျိုးအစားထဲမှာ ပါဝင်နေပြီး သဘင်ဝန်မှတ်တမ်းထဲမှာတော့ “ရုပ်သေးအစ ကျုံးသုံးတန်နှင့် ပုဂံက”လို့ ရေးသားမှတ်တမ်းတင်ထားခဲ့တာပါ။
မတူညီတဲ့ စွမ်းရည်တွေ၊ အံ့မခန်း ပညာရပ်တွေ အသီးသီးနဲ့ Myanmar’s Got Talent ရဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ဟာ တကယ့်ကို အံ့မခန်းယှဉ်ပြိုင်မှုတွေနဲ့ အကြိတ်အနယ် ရှိနေခဲ့ပါတယ်။
အခုနှစ်ရဲ့ နောက်ဆုံးဖိုင်နယ်အဆင့်ကိုတော့ ဇော်နိုင်ဝင်းနဲ့အတူ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဘုန်းမြတ်မင်း၊ Baby Star၊ မင်းမြတ်၊ ရွှေစိုးရာဇာ၊ Angelo Erasmus၊ Feng Yi၊ Damien၊ ဝင်းစန်းအောင်၊ သားတို့အမြွှာမိုးဖြိုးစတဲ့ အဖွဲ့တွေက အပြိုင်ကြဲ ယှဉ်ပြိုင်ခဲ့ကြရတာပါ။
ဇော်နိုင်ဝင်းဟာ ရုပ်သေးပညာအစွမ်းနဲ့ ယှဉ်ပြိုင်ရာမှာ သာမန်အရွယ်အစားရှိတဲ့ ရုပ်သေးရုပ်နဲ့ မဟုတ်ပဲ လူအရွယ်အစားရှိတဲ့ ဦးရွှေရိုးအရုပ်နဲ့ ဆန်းသစ်တီထွင် ပါဝင်အစွမ်းပြခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ဦးရွှေရိုးနဲ့ ဒေါ်မိုးအက တွဲဖက်ကပြမှုမှာတော့ မင်းသမီး ဒေါ်မိုးအဖြစ် လူမိန်းကလေးတဦးနဲ့ ရုပ်သေးရုပ် အချီအချညီညီ၊ စေ့စပ်ပိုင်နိုင်စွာ သရုပ်ဖော်ခဲ့ချိန် မှာတော့ ဒိုင်တွေအားလုံးကိုရော ပရိသတ်တွေကိုပါ ရသစုံပေးစွမ်း နိုင်ခဲ့တာကို တွေ့ရပါတယ်။
ပြိုင်ပွဲဝင်တွေအားလုံးရဲ့ ယှဉ်ပြိုင်မှုအပြီးမှာတော့ ပရိသတ်တွေပေးတဲ့ Voting နဲ့ နောက်ဆုံး ဖိုင်နယ်အဆင့် တက်ရောက်နိုင်သူတွေကို ကြေညာမယ့်အချိန် ရောက်ရှိလာ ခဲ့ပါတယ်။
ပရိသတ်ပေးတဲ့ မဲနဲ့ Top 3 စာရင်းကို ကြေငြာချိန်မှာတော့ ဓားသိုင်းသမားလေး ဘုန်းမြတ်မင်း၊ မှော်ဆရာ Damien နဲ့ ဇော်ဂျီနဲ့ သူယောင်မယ်ကကွက်နဲ့ ယှဉ်ပြိုင်ခဲ့သူ သားတို့အမြွာမိုးဖြိုးတို့ ပါဝင်သွားခဲ့ပြီး ဇော်နိုင်ဝင်းကတော့ မပါဝင်နိုင်ခဲ့ပါဘူး။
အဲဒီနောက်မှာ Second Runner up ကို ကြေညာချိန်မှာ သားတို့အမြွှာ မိုးဖြိုးက ရရှိသွားခဲ့ပြီး Myanmar’s Got Talent ရဲ့ ချန်ပီယံ Winner ဆုကို ဘုန်းမြတ်မင်းနဲ့ First Runner Up ကိုတော့ မှော်ဆရာ Damien က ရရှိသွားခဲ့ပါတယ်။
လူအ႐ြယ္အစားရွိ ဦးေ႐ႊ႐ိုး႐ုပ္ေသး႐ုပ္ႏွင့္ Myanmar’s Got Talent တြင္ အစြမ္းျပခဲ့သူ(႐ုပ္သံ)
DVB
ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၅ ရက္ေန႔မွာ က်င္းပၿပီးစီးသြားခဲ့တဲ့ နာမည္ေက်ာ္ Myanmar’s Got Talent ၿပိဳင္ပြဲမွာ ျမန္မာ႐ုပ္ေသးပညာရွင္ ေဇာ္ႏိုင္ဝင္းကလည္း တမူထူးျခားတဲ့ တင္ဆက္ပုံေတြနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။
ထိန္းသိမ္းသင့္တဲ့ ျမန္မာ့ယဥ္ေက်းမႈ အႏုပညာထဲမွာ တခုအပါအဝင္ျဖစ္တဲ့ ႐ုပ္ေသးပညာဟာ အျမင့္သဘင္အမ်ိဳးအစားထဲမွာ ပါဝင္ေနၿပီး သဘင္ဝန္မွတ္တမ္းထဲမွာေတာ့ “႐ုပ္ေသးအစ က်ဳံးသုံးတန္ႏွင့္ ပုဂံက”လို႔ ေရးသားမွတ္တမ္းတင္ထားခဲ့တာပါ။
မတူညီတဲ့ စြမ္းရည္ေတြ၊ အံ့မခန္း ပညာရပ္ေတြ အသီးသီးနဲ႔ Myanmar’s Got Talent ရဲ႕ ေနာက္ဆုံးဖိုင္နယ္ပြဲစဥ္ဟာ တကယ့္ကို အံ့မခန္းယွဥ္ၿပိဳင္မႈေတြနဲ႔ အႀကိတ္အနယ္ ရွိေနခဲ့ပါတယ္။
အခုႏွစ္ရဲ႕ ေနာက္ဆုံးဖိုင္နယ္အဆင့္ကိုေတာ့ ေဇာ္ႏိုင္ဝင္းနဲ႔အတူ ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ ဘုန္းျမတ္မင္း၊ Baby Star၊ မင္းျမတ္၊ ေ႐ႊစိုးရာဇာ၊ Angelo Erasmus၊ Feng Yi၊ Damien၊ ဝင္းစန္းေအာင္၊ သားတို႔အႁမႊာမိုးၿဖိဳးစတဲ့ အဖြဲ႕ေတြက အၿပိဳင္ႀကဲ ယွဥ္ၿပိဳင္ခဲ့ၾကရတာပါ။
ေဇာ္ႏိုင္ဝင္းဟာ ႐ုပ္ေသးပညာအစြမ္းနဲ႔ ယွဥ္ၿပိဳင္ရာမွာ သာမန္အ႐ြယ္အစားရွိတဲ့ ႐ုပ္ေသး႐ုပ္နဲ႔ မဟုတ္ပဲ လူအ႐ြယ္အစားရွိတဲ့ ဦးေ႐ႊ႐ိုးအ႐ုပ္နဲ႔ ဆန္းသစ္တီထြင္ ပါဝင္အစြမ္းျပခဲ့တာကို ေတြ႕ရပါတယ္။
အဲဒီေနာက္မွာေတာ့ ထုံးစံအတိုင္း ဦးေ႐ႊ႐ိုးနဲ႔ ေဒၚမိုးအက တြဲဖက္ကျပမႈမွာေတာ့ မင္းသမီး ေဒၚမိုးအျဖစ္ လူမိန္းကေလးတဦးနဲ႔ ႐ုပ္ေသး႐ုပ္ အခ်ီအခ်ညီညီ၊ ေစ့စပ္ပိုင္ႏိုင္စြာ သ႐ုပ္ေဖာ္ခဲ့ခ်ိန္ မွာေတာ့ ဒိုင္ေတြအားလုံးကိုေရာ ပရိသတ္ေတြကိုပါ ရသစုံေပးစြမ္း ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။
ၿပိဳင္ပြဲဝင္ေတြအားလုံးရဲ႕ ယွဥ္ၿပိဳင္မႈအၿပီးမွာေတာ့ ပရိသတ္ေတြေပးတဲ့ Voting နဲ႔ ေနာက္ဆုံး ဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္သူေတြကို ေၾကညာမယ့္အခ်ိန္ ေရာက္ရွိလာ ခဲ့ပါတယ္။
ပရိသတ္ေပးတဲ့ မဲနဲ႔ Top 3 စာရင္းကို ေၾကျငာခ်ိန္မွာေတာ့ ဓားသိုင္းသမားေလး ဘုန္းျမတ္မင္း၊ ေမွာ္ဆရာ Damien နဲ႔ ေဇာ္ဂ်ီနဲ႔ သူေယာင္မယ္ကကြက္နဲ႔ ယွဥ္ၿပိဳင္ခဲ့သူ သားတို႔အႁမြာမိုးၿဖိဳးတို႔ ပါဝင္သြားခဲ့ၿပီး ေဇာ္ႏိုင္ဝင္းကေတာ့ မပါဝင္ႏိုင္ခဲ့ပါဘူး။
အဲဒီေနာက္မွာ Second Runner up ကို ေၾကညာခ်ိန္မွာ သားတို႔အႁမႊာ မိုးၿဖိဳးက ရရွိသြားခဲ့ၿပီး Myanmar’s Got Talent ရဲ႕ ခ်န္ပီယံ Winner ဆုကို ဘုန္းျမတ္မင္းနဲ႔ First Runner Up ကိုေတာ့ ေမွာ္ဆရာ Damien က ရရွိသြားခဲ့ပါတယ္။