ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ၏ ချန်ပီယံလိဂ် ၃ ပွဲ ပယ် ပြစ်ဒဏ်ကို လျှော့ပေး

1K
ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာရဲ့ ချန်ပီယံလိဂ် ၃ ပွဲပယ် ပြစ်ဒဏ်ကို ၂ ပွဲပယ်အဖြစ် လျှော့ချပေးလိုက်ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းနဲ့ ယှဉ်ပြိုင်က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီးကို လူမူကွန်ရက်စာမျက်နှာကနေ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အားကစားဆိုင်ရာ ခုံသမာဓိ တရားရုံးကနေ ချန်ပီယံလိဂ် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက အယူခံတင်သွင်းခဲ့တာကြောင့် တပွဲ လျှော့ချခဲ့ပြီး ၂ ပွဲပယ်ပြစ်ဒဏ်ပဲ ချမှတ်ခံရတော့မှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့် ၂ ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်၊ ဂါလာတာစာရေးအသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး နေမာဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပီအက္စ္ဂ်ီ တိုက္စစ္မႉး ေနမာ၏ ခ်န္ပီယံလိဂ္ ၃ ပြဲ ပယ္ ျပစ္ဒဏ္ကို ေလွ်ာ့ေပး
ပီအက္စ္ဂ်ီ တိုက္စစ္မႉး ေနမာရဲ႕ ခ်န္ပီယံလိဂ္ ၃ ပြဲပယ္ ျပစ္ဒဏ္ကို ၂ ပြဲပယ္အျဖစ္ ေလွ်ာ့ခ်ေပးလိုက္ပါတယ္။
ပီအက္စ္ဂ်ီ တိုက္စစ္မႉး ေနမာဟာ ၿပီးခဲ့တဲ့ႏွစ္က မန္ယူအသင္းနဲ႔ ယွဥ္ၿပိဳင္က ကစားသြားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာ ကိုင္တြယ္ခဲ့တဲ့ ကြင္းလယ္ ဒိုင္လူႀကီးကို လူမူကြန္ရက္စာမ်က္ႏွာကေန ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အားကစားဆိုင္ရာ ခုံသမာဓိ တရား႐ုံးကေန ခ်န္ပီယံလိဂ္ ၃ ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းက အယူခံတင္သြင္းခဲ့တာေၾကာင့္ တပြဲ ေလွ်ာ့ခ်ခဲ့ၿပီး ၂ ပြဲပယ္ျပစ္ဒဏ္ပဲ ခ်မွတ္ခံရေတာ့မွာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ ၂ ပြဲအျဖစ္ ရီးရဲလ္မက္ဒရစ္၊ ဂါလာတာစာေရးအသင္းေတြနဲ႔ ကစားရမွာျဖစ္ၿပီး ေနမာဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။