ချန်ပီယံလိဂ်အုပ်စု ပွဲဦးထွက် လီဗာပူးနှင့် ချဲလ်ဆီး ရှုံးပွဲတွေ့

Photo : Champions League
1.1K
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
လက်ရှိ ချန်ပီယံလိဂ် လီဗာပူးက အဝေးကွင်းမှာ နာပိုလီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
နာပိုလီအတွက် အနိုင်ဂိုးတွေကို မာတန်းစ်နဲ့ လောရန်တီက သွင်းယူပါတယ်။ ချဲလ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ ဗယ်လန်စီယာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။
ဗယ်လန်စီယာက ၇၄ မိနစ်မှာ ရိုဒီဂိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ချဲလ်ဆီးက ဂိုးပေါက် ကန်သွင်းခွင့်တွေ ပိုရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။
ပွဲပြီခါနီးမှာ ချဲလ်ဆီးက ဘာကလေ ပင်နယ်တီ ရပေမယ့် အပိုင်ကန်သွင်းမယူနိုင်လို့ ချေပဂိုးနဲ့ လွဲပြီး အရှုံးပေးလိုက်ရတာပါ။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ခ်န္ပီယံလိဂ္အုပ္စု ပြဲဦးထြက္ လီဗာပူးႏွင့္ ခ်ဲယ္ဆီး ရႈံးပြဲေတြ႕
မေန႔ညက ယွဥ္ၿပိဳင္သြားတဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္ေတြမွာ ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္တဲ့ လီဗာပူးနဲ႔ ခ်ဲလ္ဆီးတို႔ ရႈံးပြဲေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
လက္ရွိ ခ်န္ပီယံလိဂ္ လီဗာပူးက အေဝးကြင္းမွာ နာပိုလီအသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ပါတယ္။
နာပိုလီအတြက္ အႏိုင္ဂိုးေတြကို မာတန္းစ္နဲ႔ ေလာရန္တီက သြင္းယူပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ အိမ္ကြင္းမွာ ဗယ္လန္စီယာကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးသြားပါတယ္။
ဗယ္လန္စီယာက ၇၄ မိနစ္မွာ ႐ိုဒီဂိုရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးက ဂိုးေပါက္ ကန္သြင္းခြင့္ေတြ ပိုရေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။
ပြဲၿပီခါနီးမွာ ခ်ဲလ္ဆီးက ဘာကေလ ပင္နယ္တီ ရေပမယ့္ အပိုင္ကန္သြင္းမယူႏိုင္လို႔ ေခ်ပဂိုးနဲ႔ လြဲၿပီး အရႈံးေပးလိုက္ရတာပါ။