Home
မြန်မာသတင်း
ချောက်မြို့က ၁၀ နှစ်ကျော် ပိတ်ထားသည့် ဗလီ ၂ ခုတွင် ပြန်လည်ဝတ်ပြုခွင့်ပေး
DVB
·
September 18, 2019
မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၉ ရပ်ကွက်ရှိ မြို့မဗလီဝတ်ပြုကျောင်းနဲ့ အမှတ် ၁၁ ရပ်ကွက်ရှိ မင်္ဂလာဂျာမေ့ ဗလီ ဝတ်ပြုကျောင်း နှစ်ခုမှာ အစ္စလမ်ဘာသာဝင်တွေ ပြန်လည် ဝတ်ပြုခွင့်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုထားလိုက်ပြီလို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ '' ဗလီအတွင်း ဝတ်ပြုခြင်းအား ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ အနှောင့် အယှက်ပေးသူများကို ဥပဒေဖြင့် အရေးယူမယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်''လို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းက မြို့နယ်အထွေထွေးအုပ်ချုပ်ရေးမှူးရုံးခန်းမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို  ဖိတ်ကြားပြီး အသိပေးပြောဆိုခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာရေးခေါင်းဆောင်တွေကတော့ လာရောက် တက်ခြင်းမရှိဘူးလို့ သိရပါတယ်။ မနေ့မနက်က တွေ့ဆုံရာမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းနဲ့ ဦးစိုးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး အသိပေး ဆောင်ရွက်ခဲ့တာပါ။ ချောက်မြို့ အမှတ်(၉)ရပ်ကွက်၊ စျေးရပ်ရှိ မြို့မဗလီနဲ့ အမှတ်(၁၁) ရပ်ကွက်၊ ဗဟိုကွက်သစ်ရှိ မင်္ဂလာဂျာမေ ဗလီတို့ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလပိုင်းက ပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။ သတင်း- ကိုလင်း(ချောက်)
ေခ်ာက္ၿမိဳ႕က ၁၀ ႏွစ္ေက်ာ္ ပိတ္ထားသည့္ ဗလီ ၂ ခုတြင္ ျပန္လည္ဝတ္ျပဳခြင့္ေပး DVB မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕၊ အမွတ္ ၉ ရပ္ကြက္ရွိ ၿမိဳ႕မဗလီဝတ္ျပဳေက်ာင္းနဲ႔ အမွတ္ ၁၁ ရပ္ကြက္ရွိ မဂၤလာဂ်ာေမ့ ဗလီ ဝတ္ျပဳေက်ာင္း ႏွစ္ခုမွာ အစၥလမ္ဘာသာဝင္ေတြ ျပန္လည္ ဝတ္ျပဳခြင့္ကို မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ခြင့္ျပဳထားလိုက္ၿပီလို႔ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးထံက သိရပါတယ္။ '' ဗလီအတြင္း ဝတ္ျပဳျခင္းအား ခြင့္ျပဳေပးၿပီးျဖစ္ပါတယ္။ အေႏွာင့္ အယွက္ေပးသူမ်ားကို ဥပေဒျဖင့္ အေရးယူမယ္လို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ၫႊန္ၾကားထားပါတယ္''လို႔ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဆြဝင္းက ေျပာပါတယ္။ စက္တင္ဘာလ ၁၇ ရက္ မနက္ပိုင္းက ၿမိဳ႕နယ္အေထြေထြးအုပ္ခ်ဳပ္ေရးမႉး႐ုံးခန္းမွာ ဘာသာေပါင္းစုံက ေခါင္းေဆာင္ေတြနဲ႔ အဖြဲ႕ဝင္ေတြကို ဖိတ္ၾကားၿပီး အသိေပးေျပာဆိုခဲ့တာ ျဖစ္ၿပီး ဗုဒၶဘာသာနဲ႔ ဟိႏၵဴဘာေရးေခါင္းေဆာင္ေတြကေတာ့ လာေရာက္ တက္ျခင္းမရွိဘူးလို႔ သိရပါတယ္။ မေန႔မနက္က ေတြ႕ဆုံရာမွာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေဆြဝင္း၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစန္းစန္းဝင္းနဲ႔ ဦးစိုးဝင္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး သိန္းေဌးဝင္း၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ အမႈေဆာင္အရာရွိ ဦးေနမန္း၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနက တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၿပီး အသိေပး ေဆာင္႐ြက္ခဲ့တာပါ။ ေခ်ာက္ၿမိဳ႕ အမွတ္(၉)ရပ္ကြက္၊ ေစ်းရပ္ရွိ ၿမိဳ႕မဗလီနဲ႔ အမွတ္(၁၁) ရပ္ကြက္၊ ဗဟိုကြက္သစ္ရွိ မဂၤလာဂ်ာေမ ဗလီတို႔ကို ၂၀၀၆ ခုႏွစ္ ေဖေဖာ္ဝါရီလပိုင္းက ပိတ္သိမ္းထားခဲ့တာ ျဖစ္ပါတယ္။ သတင္း- ကိုလင္း(ေခ်ာက္)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024