ရမ်ဘို ဇာတ်ကားသစ် Last Blood စက်တင်ဘာ ၂၀ ရက် ရုံတင်မည်(ရုပ်သံ)

Photo : imdb.com
1.6K
ငယ်ဘဝကတည်းက ရင်းနှီးကြပြီးဖြစ်မယ့် ရမ်ဘို ပရိသတ်တွေ နှစ်သက်ကြမယ့် Rambo: Last Blood ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Adrian Grunberg က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ Rambo ရုပ်ရှင် Series တွေရဲ့ ၅ ကားမြောက် ရုပ်ရှင်အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ ပထမဆုံး ရုပ်ရှင်ကိုတော့ First Blood နာမည်နဲ့ ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၁၉၈၅ ခုနှစ်မှာ Rambo: First Blood Part II ၊ ၁၉၈၈ ခုနှစ်မှာ Rambo III နဲ့ လေးကားမြောက် ရုပ်ရှင်ကိုတော့ Rambo အမည်နဲ့ ၂၀၀၈ ခုနှစ်က နောက်ဆုံး ထွက်ရှိထားခဲ့တာမို့ အချိန် ၁၁ နှစ်အကြာမှာ ထပ်ပြီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဗီယက်နမ်စစ်ပြန်ဟောင်း တယောက်ဖြစ်တဲ့ John Rambo က သူငယ်ချင်းဖြစ်သူရဲ့ သမီးပြန်ပေးဆွဲခံရတာကို ကယ်တင်ဖို့၊ အကြမ်းဖက်မှုတွေ လုပ်ချင်တိုင်း လုပ်နေကြတဲ့၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်အဖွဲ့အစည်းတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေတွေကို ဘယ်လိုဖန်တီးပုံဖော်ထားမလဲဆိုတာကို တော့ မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ Rambo အဖြစ် ဝါရင့်ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Sylvester Stallone က ပါဝင်ထားပြီး သူနဲ့အတူ စပိန်သရုပ်ဆောင်မင်းသမီး Paz Vega နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ် အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Rambo ရုပ်ရှင်ကားတွေဟာ ပရိသတ် အားပေးလက်ခံမှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီကားတွေထဲမှာ အအောင်မြင်ဆုံးဖြစ်တဲ့ Rambo: First Blood Part II ရုပ်ရှင်ကတော့ Box Office ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော် ရရှိခဲ့တာမို့ ခုနောက်ဆုံး ထွက်ကားကရော ရုံတင်ဝင်ငွေစံချိန်တင်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ရမ္ဘို ဇာတ္ကားသစ္ Last Blood စက္တင္ဘာ ၂၀ ရက္ ႐ုံတင္မည္(႐ုပ္သံ)
ငယ္ဘဝကတည္းက ရင္းႏွီးၾကၿပီးျဖစ္မယ့္ ရမ္ဘို ပရိသတ္ေတြ ႏွစ္သက္ၾကမယ့္ Rambo: Last Blood ႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ Lionsgate ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Adrian Grunberg က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားဟာ Rambo ႐ုပ္ရွင္ Series ေတြရဲ႕ ၅ ကားေျမာက္ ႐ုပ္ရွင္အေနနဲ႔ ထြက္ရွိလာခဲ့တာပါ။ ပထမဆုံး ႐ုပ္ရွင္ကိုေတာ့ First Blood နာမည္နဲ႔ ၁၉၈၂ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ၁၉၈၅ ခုႏွစ္မွာ Rambo: First Blood Part II ၊ ၁၉၈၈ ခုႏွစ္မွာ Rambo III နဲ႔ ေလးကားေျမာက္ ႐ုပ္ရွင္ကိုေတာ့ Rambo အမည္နဲ႔ ၂၀၀၈ ခုႏွစ္က ေနာက္ဆုံး ထြက္ရွိထားခဲ့တာမို႔ အခ်ိန္ ၁၁ ႏွစ္အၾကာမွာ ထပ္ၿပီး ထြက္လာခဲ့တာ ျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ ဗီယက္နမ္စစ္ျပန္ေဟာင္း တေယာက္ျဖစ္တဲ့ John Rambo က သူငယ္ခ်င္းျဖစ္သူရဲ႕ သမီးျပန္ေပးဆြဲခံရတာကို ကယ္တင္ဖို႔၊ အၾကမ္းဖက္မႈေတြ လုပ္ခ်င္တိုင္း လုပ္ေနၾကတဲ့၊ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ မူးယစ္အဖြဲ႕အစည္းတခုနဲ႔ ထိပ္တိုက္ရင္ဆိုင္ရမယ့္ အေျခအေနေတြကို ဘယ္လိုဖန္တီးပုံေဖာ္ထားမလဲဆိုတာကို ေတာ့ မၾကာခင္မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာ ျဖစ္ပါတယ္။
ဒီကားထဲမွာ Rambo အျဖစ္ ဝါရင့္ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသားႀကီး Sylvester Stallone က ပါဝင္ထားၿပီး သူနဲ႔အတူ စပိန္သ႐ုပ္ေဆာင္မင္းသမီး Paz Vega နဲ႔ တျခားသ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ၾကာျမင့္ခ်ိန္ ၈၉ မိနစ္ရွိတဲ့ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ အပစ္အခတ္ ဇာတ္ဝင္ခန္းေတြ၊ ျပကြင္းျပ ကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။
ထြက္ရွိခဲ့ၿပီးျဖစ္တဲ့ Rambo ႐ုပ္ရွင္ကားေတြဟာ ပရိသတ္ အားေပးလက္ခံမႈေတြ ရွိခဲ့ၿပီး လက္ရွိအခ်ိန္ထိ စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာသန္း ၇၀၀ ေက်ာ္ ရရွိခဲ့ၿပီး ျဖစ္ပါတယ္။ ဒီကားေတြထဲမွာ အေအာင္ျမင္ဆုံးျဖစ္တဲ့ Rambo: First Blood Part II ႐ုပ္ရွင္ကေတာ့ Box Office ဝင္ေငြ အေမရိကန္ေဒၚလာသန္း ၃၀၀ ေက်ာ္ ရရွိခဲ့တာမို႔ ခုေနာက္ဆုံး ထြက္ကားကေရာ ႐ုံတင္ဝင္ေငြစံခ်ိန္တင္ႏိုင္ပါ့မလားဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာပဲ ျဖစ္ပါတယ္။