Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ သဘောတူညီချက် ၇ ချက်ရသော်လည်း မြေပြင်တိုက်ပွဲရပ်အောင် မလုပ်နိုင်သေး 
ပြည့်ဘုန်းအောင်
·
September 18, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း ကျိုင်းတုံမြို့မှာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့  တပ်မတော်ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ မနေ့က ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက် ၇ ချက် သဘောတူညီမှုရခဲ့ပါတယ်။  ကျိုင်းတုံ ဆွေးနွေးပွဲမှာ နှစ်ဖက် အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဘဘောတူညီချက် တချို့ရပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်တွေတော့ ချမှတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် အပစ်အခတ် ရပ်စဲရေးအတွက်လည်း လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လက်တွေ့ကျတဲ့ မြေပြင်က တိုက်ပွဲတွေရပ်တန့်ဖို့ ကိစ္စတွေကိုတော့ အောင်မြင်အောင် မဆွေးနွေးနိုင်ခဲ့ဘူးလို့မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေက ဆွေးနွေးပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုပါတယ်။ လက်ရှိအချိန်မှာ တပ်မတော်ကော မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ကပါ အပစ်ရပ်ကြေညာထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ  ပြင်းထန် ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ ထောင်နဲ့ချီပြီး စစ်ဘေးဒုက္ခခံနေရပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်နဲ့ ဆွေးနွေးရာမှာ အောင်မြင်မှုမရခဲ့ပဲ မြေပြင်တိုက်ပွဲတွေ မဖြစ်ဖို့ဆိုရင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေ အပေါ်မှာသာ မူတည်တယ်လို့ ဆွေးနွေးပွဲတက်လာတဲ့ တီအန်အယ်အေတပ်ဖွဲ့က  တာဖုန်းကျော်က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်နေတုန်းကာလအတွင်းမှာပဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒီဆွေးနွေးပွဲအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။  လက်ရှိ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်နေတဲ့ ရခိုင်ဒေသမှာတော့ အေအေဘက်ကနေ တိုက်ပွဲရပ်တန့်ဖို့ ဆန္ဒရှိပေမဲ့ ဒီဆွေးနွေးပွဲကနေ တိုက်ပွဲတွေရပ်နိုင်ဖို့ မဆွေးနွေးနိုင်ခဲ့ဘူးလို့ အေအေတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။ ကျိုင်းတုံဆွေးနွေးပွဲကနေ အစိုးရ ၊ တပ်မတော်နဲ့ မြောက်ပိုင်းလေးဖွဲ့တို့ကြားမှာ တဖွဲ့ချင်း အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမယ့် အချက်အပါအဝင် အချက် ၇ချက်ကို ဆက်လက်ဆွေးနွေးဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ဟာ နောက်မယ့် အောက်တိုဘာလအတွင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့လည်း သဘောတူညီမှုရရှိခဲ့ပါတယ်။ ကျိုင်းတုံမှာ လုပ်တဲ့ ဆွေးနွေးပွဲကိုတော့ တပ်မတော်ဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဦးဆောင် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။  အခုတကြိမ် ဆွေးနွေးပွဲမှာ NRPC ဘက်က ရှေ့နေချုပ် ဦးထွန်းထွန်းဦး  ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တက်ရောက်ခဲ့ပါတယ်။  မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့ဘက်မှာ ကေအိုင်အို ကချင်အဖွဲ့ဘက်က လေးဦး၊ ကိုးကန့်အဖွဲ့ နှစ်ဦး၊ ရခိုင် အေအေ ဘက်က ကိုယ်စားလှယ် သုံးဦး၊ တီအန်အယ်အေဘက်က ၄ဦး ဆွေးနွေးခဲ့ကြတာပါ။  အခု ဒုတိယအကြိမ် ကျိုင်းတုံ ဆွေးနွေးပွဲဟာ ရှေ့အတွက် အလားအလာကောင်းတယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာပဲ ကျောက်မဲမြို့နယ်ထဲမှာ တပ်မတော်နဲ့ တီအန်အယ်အေအဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို တီအန်အယ်အေနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့တွေလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ၌ သေဘာတူညီခ်က္ ၇ ခ်က္ရေသာ္လည္း ေျမျပင္တိုက္ပြဲရပ္ေအာင္ မလုပ္ႏိုင္ေသး ျပည့္ဘုန္းေအာင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း က်ိဳင္းတုံၿမိဳ႕မွာ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕၊ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕တို႔ရဲ႕ မေန႔က ျပဳလုပ္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာ အခ်က္ ၇ ခ်က္ သေဘာတူညီမႈရခဲ့ပါတယ္။ က်ိဳင္းတုံ ေဆြးေႏြးပြဲမွာ ႏွစ္ဖက္ အႀကိတ္အနယ္ ေဆြးေႏြးခဲ့ရၿပီး ဘေဘာတူညီခ်က္ တခ်ိဳ႕ရေပမယ့္ တိက်တဲ့ ဆုံးျဖတ္ခ်က္ေတြေတာ့ ခ်မွတ္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ ဒါ့အျပင္ အပစ္အခတ္ ရပ္စဲေရးအတြက္လည္း လက္မွတ္ေရးထိုးႏိုင္ခဲ့ျခင္းလည္း မရွိပါဘူး။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ လက္ေတြ႕က်တဲ့ ေျမျပင္က တိုက္ပြဲေတြရပ္တန႔္ဖို႔ ကိစၥေတြကိုေတာ့ ေအာင္ျမင္ေအာင္ မေဆြးေႏြးႏိုင္ခဲ့ဘူးလို႔ေျမာက္ပိုင္းလက္နက္ကိုင္ အဖြဲ႕ေတြက ေဆြးေႏြးပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာဆိုပါတယ္။ လက္ရွိအခ်ိန္မွာ တပ္မေတာ္ေကာ ေျမာက္ပိုင္း မဟာမိတ္ ၃ဖြဲ႕ကပါ အပစ္ရပ္ေၾကညာထားေပမယ့္ ေျမျပင္မွာေတာ့ တိုက္ပြဲေတြ ျပင္းထန္ ျဖစ္ပြားေနၿပီး ေဒသခံျပည္သူေတြ ေထာင္နဲ႔ခ်ီၿပီး စစ္ေဘးဒုကၡခံေနရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္နဲ႔ ေဆြးေႏြးရာမွာ ေအာင္ျမင္မႈမရခဲ့ပဲ ေျမျပင္တိုက္ပြဲေတြ မျဖစ္ဖို႔ဆိုရင္ သက္ဆိုင္ရာ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ေခါင္းေဆာင္ေတြ အေပၚမွာသာ မူတည္တယ္လို႔ ေဆြးေႏြးပြဲတက္လာတဲ့ တီအန္အယ္ေအတပ္ဖြဲ႕က တာဖုန္းေက်ာ္က ေျပာပါတယ္။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ျပဳလုပ္ေနတုန္းကာလအတြင္းမွာပဲ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္စြာ ဆက္လက္ျဖစ္ပြားေနတာေၾကာင့္ ဒီေဆြးေႏြးပြဲအေပၚ ေဝဖန္မႈေတြရွိေနပါတယ္။ လက္ရွိ ျမန္မာ့တပ္မေတာ္နဲ႔ တိုက္ပြဲေတြျပင္းထန္စြာျဖစ္ေနတဲ့ ရခိုင္ေဒသမွာေတာ့ ေအေအဘက္ကေန တိုက္ပြဲရပ္တန္႔ဖို႔ ဆႏၵရွိေပမဲ့ ဒီေဆြးေႏြးပြဲကေန တိုက္ပြဲေတြရပ္ႏိုင္ဖို႔ မေဆြးေႏြးႏိုင္ခဲ့ဘူးလို႔ ေအေအတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာညိဳထြန္းေအာင္က ေျပာပါတယ္။ က်ိဳင္းတုံေဆြးေႏြးပြဲကေန အစိုးရ ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းေလးဖြဲ႕တို႔ၾကားမွာ တဖြဲ႕ခ်င္း အပစ္ရပ္စဲေရးစာခ်ဳပ္ လက္မွတ္ေရးထိုးမယ့္ အခ်က္အပါအဝင္ အခ်က္ ၇ခ်က္ကို ဆက္လက္ေဆြးေႏြးဖို႔ သေဘာတူလက္မွတ္ေရးထိုးခဲ့ပါတယ္။ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အစိုးရ၊ တပ္မေတာ္တို႔ဟာ ေနာက္မယ့္ ေအာက္တိုဘာလအတြင္းမွာ ထပ္မံေတြ႕ဆုံေဆြးေႏြးၾကဖို႔လည္း သေဘာတူညီမႈရရွိခဲ့ပါတယ္။ က်ိဳင္းတုံမွာ လုပ္တဲ့ ေဆြးေႏြးပြဲကိုေတာ့ တပ္မေတာ္ဘက္က ဒုဗိုလ္ခ်ဳပ္ႀကီးရာျပည့္က ဦးေဆာင္ တက္ေရာက္ေဆြးေႏြးခဲ့ပါတယ္။ အခုတႀကိမ္ ေဆြးေႏြးပြဲမွာ NRPC ဘက္က ေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး ဦးေဆာင္ၿပီး တပ္မေတာ္သားကိုယ္စားလွယ္အဖြဲ႕ကိုေတာ့ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္တက္ေရာက္ခဲ့ပါတယ္။ ေျမာက္ပိုင္း မဟာမိတ္ (၄)ဖြဲ႕ဘက္မွာ ေကအိုင္အို ကခ်င္အဖြဲ႕ဘက္က ေလးဦး၊ ကိုးကန႔္အဖြဲ႕ ႏွစ္ဦး၊ ရခိုင္ ေအေအ ဘက္က ကိုယ္စားလွယ္ သုံးဦး၊ တီအန္အယ္ေအဘက္က ၄ဦး ေဆြးေႏြးခဲ့ၾကတာပါ။ အခု ဒုတိယအႀကိမ္ က်ိဳင္းတုံ ေဆြးေႏြးပြဲဟာ ေရွ႕အတြက္ အလားအလာေကာင္းတယ္လို႔ သုံးသပ္တာေတြ ရွိပါတယ္။ အခုလို ၿငိမ္းခ်မ္းေရး ေဆြးေႏြးေနခ်ိန္မွာပဲ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာ တပ္မေတာ္နဲ႔ တီအန္အယ္ေအအဖြဲ႕ေတြ တိုက္ပြဲေတြ ျဖစ္ပြားခဲ့သလို တီအန္အယ္ေအနဲ႔ ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္းအဖြဲ႕ေတြလည္း တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024