ချင်းမိုင်မြို့က ချစ်ကြည်ရေးတမန် ပြည်သူ့အချစ်တော် ပန်ဒါဝက်ဝံ သေဆုံး 

ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး တရုတ်ကနေ ထိုင်းကို ပို့ဆောင်ပေးခဲ့တဲ့ ချင်းမိုင်တိရစ္ဆာန်ဥယာဉ်က ချုန့်ချုန့်အမည်ရှိ ပန်ဒါဝက်ဝံ အထီးလေးဟာ မနေ့ညနေက သေဆုံးသွားခဲ့ပါတယ်။ အသက် ၁၉ နှစ်ရွယ်ရှိ ချုန့်ချုန့်ဟာ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၄ နာရီကျော်က ပုံမှန်အစာစားပြီး ပြခန်းထဲမှာရှိနေစဉ် ဘာရောဂါလက္ခဏာမှမပြဘဲ ရုတ်တရက် လဲကျသွားကြောင်း၊ အထိန်းသမားက တိရစ္ဆာန်ဆရာဝန်ကို ချက်ချင်း အကြောင်းကြားခဲ့ပေမယ့် ဆရာဝန် ရောက်မလာခင် သေဆုံးသွားခဲ့တာပါ။  ထိုင်းတိမွေးကုဆရာဝန်က ပန်ဒါလေး ချုန့်ချုန့်ဟာ ပုံမှန်သက်တမ်းကုန်လို့ သေဆုံးသွားတာလို့ ယူဆပေမယ့် တရုတ်နိုင်ငံ တိရစ္ဆာန်ဆေးကုဌာနက သူ့အလောင်းကို ခွဲစိတ်ပြီး ဆေးစစ် အဖြေရှာဦးမယ်လို့ ချင်းမိုင် တိရစ္ဆာန်ဥယျာဉ် ဒုညွှန်မှူး နိုင်းဆုမိတ် ကမွန်းနရာနတ်က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  ပန်ဒါဝက်ဝံ အထီးဖြစ်တဲ့ ချုန့်ချုန့် နဲ့ အမဖြစ်တဲ့ လင်ဟွိတို့ နှစ်ကောင်ကို လွန်ခဲ့တဲ့ ၁၆ နှစ်က တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ပို့ဆောင်ပေးခဲ့ပြီး ချင်းမိုင်မှာ လင်ပိင်းဆိုတဲ့ ပန်ဒါငယ်လေး တကောင် မွေးဖွားခဲ့ပါတယ်။  အဆိုပါ ပန်ဒါမိသားစုမှာ အလွန်ချစ်စရာကောင်းတဲ့အတွက် တိရစ္ဆာန်ချစ်သူတိုင်းရဲ့ အချစ်တော်ဖြစ်နေပြီး ချင်းမိုင် တိရစ္ဆာန်ဥယျာဉ်မှ နှစ်စဉ် ဘတ်သန်းနဲ့ချီ ဝင်ငွေ ရရှိနေပါတယ်။  ချူန့်ချုန့်ရဲ့ ၁၉ နှစ်မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က ကျင်းပခဲ့ပြီး လှပတဲ့ ရေခဲကိတ်နဲ့ သူကြိုက်တဲ့ မျှစ်နု ၊ ဝါးရွက် ၊ မုန်လာဥနီတွေနဲ့ အလှဆင်ယင်ကျွေး မွေးဂုဏ်ပြုခဲ့ပါသေးတယ်။ ပန်ဒါဝက်ဝံတွေဟာ သူ့သဘာဝအတိုင်းတောထဲမှာနေရင် နှစ်ပေါင်း ၂၀ ထိ သက်တမ်းရှိပြီး စနစ်ကျစွာ မွေးမြူခံရရင်တော့ ၂၅ နှစ်ထိ သက်တမ်းရှည်နိုင်တယ်လို့  ဝီကီပီဒီယား စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။  ကိုးကား - ထိုင်းရတ် ၊ ထိုင်းပီဘီအက်စ် သတင်း ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ခ်င္းမိုင္ၿမိဳ႕က ခ်စ္ၾကည္ေရးတမန္ ျပည္သူ႔အခ်စ္ေတာ္ ပန္ဒါဝက္ဝံ ေသဆုံး  ထိုင္းနဲ႔ တ႐ုတ္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအတြက္ ရည္႐ြယ္ၿပီး တ႐ုတ္ကေန ထိုင္းကို ပို႔ေဆာင္ေပးခဲ့တဲ့ ခ်င္းမိုင္တိရစာၦန္ဥယာဥ္က ခ်ဳန႔္ခ်ဳန႔္အမည္ရွိ ပန္ဒါဝက္ဝံ အထီးေလးဟာ မေန႔ညေနက ေသဆုံးသြားခဲ့ပါတယ္။ အသက္ ၁၉ ႏွစ္႐ြယ္ရွိ ခ်ဳန႔္ခ်ဳန႔္ဟာ စက္တင္ဘာ ၁၆ ရက္၊ ညေန ၄ နာရီေက်ာ္က ပုံမွန္အစာစားၿပီး ျပခန္းထဲမွာရွိေနစဥ္ ဘာေရာဂါလကၡဏာမွမျပဘဲ ႐ုတ္တရက္ လဲက်သြားေၾကာင္း၊ အထိန္းသမားက တိရစာၦန္ဆရာဝန္ကို ခ်က္ခ်င္း အေၾကာင္းၾကားခဲ့ေပမယ့္ ဆရာဝန္ ေရာက္မလာခင္ ေသဆုံးသြားခဲ့တာပါ။ ထိုင္းတိေမြးကုဆရာဝန္က ပန္ဒါေလး ခ်ဳန႔္ခ်ဳန႔္ဟာ ပုံမွန္သက္တမ္းကုန္လို႔ ေသဆုံးသြားတာလို႔ ယူဆေပမယ့္ တ႐ုတ္ႏိုင္ငံ တိရစာၦန္ေဆးကုဌာနက သူ႔အေလာင္းကို ခြဲစိတ္ၿပီး ေဆးစစ္ အေျဖရွာဦးမယ္လို႔ ခ်င္းမိုင္ တိရစာၦန္ဥယ်ာဥ္ ဒုၫႊန္မႉး ႏိုင္းဆုမိတ္ ကမြန္းနရာနတ္က ဒီကေန႔ သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။ ပန္ဒါဝက္ဝံ အထီးျဖစ္တဲ့ ခ်ဳန႔္ခ်ဳန႔္ နဲ႔ အမျဖစ္တဲ့ လင္ဟြိတို႔ ႏွစ္ေကာင္ကို လြန္ခဲ့တဲ့ ၁၆ ႏွစ္က တ႐ုတ္ႏိုင္ငံကေန ထိုင္းႏိုင္ငံကို ခ်စ္ၾကည္ေရးအထိမ္းအမွတ္အျဖစ္ ပို႔ေဆာင္ေပးခဲ့ၿပီး ခ်င္းမိုင္မွာ လင္ပိင္းဆိုတဲ့ ပန္ဒါငယ္ေလး တေကာင္ ေမြးဖြားခဲ့ပါတယ္။ အဆိုပါ ပန္ဒါမိသားစုမွာ အလြန္ခ်စ္စရာေကာင္းတဲ့အတြက္ တိရစာၦန္ခ်စ္သူတိုင္းရဲ႕ အခ်စ္ေတာ္ျဖစ္ေနၿပီး ခ်င္းမိုင္ တိရစာၦန္ဥယ်ာဥ္မွ ႏွစ္စဥ္ ဘတ္သန္းနဲ႔ခ်ီ ဝင္ေငြ ရရွိေနပါတယ္။ ခ်ဴန႔္ခ်ဳန႔္ရဲ႕ ၁၉ ႏွစ္ေျမာက္ ေမြးေန႔ပြဲကို ၿပီးခဲ့တဲ့ ၾသဂုတ္ ၆ ရက္ေန႔က က်င္းပခဲ့ၿပီး လွပတဲ့ ေရခဲကိတ္နဲ႔ သူႀကိဳက္တဲ့ မွ်စ္ႏု ၊ ဝါး႐ြက္ ၊ မုန္လာဥနီေတြနဲ႔ အလွဆင္ယင္ေကြၽး ေမြးဂုဏ္ျပဳခဲ့ပါေသးတယ္။ ပန္ဒါဝက္ဝံေတြဟာ သူ႔သဘာဝအတိုင္းေတာထဲမွာေနရင္ ႏွစ္ေပါင္း ၂၀ ထိ သက္တမ္းရွိၿပီး စနစ္က်စြာ ေမြးျမဴခံရရင္ေတာ့ ၂၅ ႏွစ္ထိ သက္တမ္းရွည္ႏိုင္တယ္လို႔  ဝီကီပီဒီယား စြယ္စုံက်မ္းမွာ ေဖာ္ျပပါတယ္။ ကိုးကား - ထိုင္းရတ္ ၊ ထိုင္းပီဘီအက္စ္ သတင္း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up