Home
မြန်မာသတင်း
တိုက်ပွဲအတွင်းသေဆုံးသွားသည့် အရပ်သား ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်၌ မှတ်တမ်းတင်
DVB
·
September 17, 2019
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ၈၀ ကျော်ထက်မနည်း သေဆုံးတာနဲ့ပတ်သက်လို့ ဝမ်းနည်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်သူမရှိတာကြောင့် မှတ်တမ်းတင်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဝမ်းနည်းကြောင့် အဆိုတရပ်ကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ လွှတ်တော်မှာ တင်သွင်းလိုက်တာပါ။ ဒီအဆိုကို ဘူးသီးတောင်မဲဆန္ဒနယ်အမှတ်၂ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးရဲ့အစီစအစဉ်ဇယားမှာ ဒီအဆိုမပါဝင်ခဲ့ပေမယ့် အရေးကြီး အဆိုအဖြစ် လွှတ်တော်ဥက္ကဋ္ဌ နောက်ဆုံးမှာ တင်းသွင်းခဲ့တာပါ။ တိုက်ပွဲတွေကြောင့် အိုအိမ်းစွန့်ခွာရတာ၊ အသက်ပေးသေဆုံးခဲ့ရတာ၊လက်နက်ကြီး ကျည်ကျလို့သေဆုံးခဲ့တာတွေ ဒီ သေဆုံးမှုတွေအတွက်မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းကြောင်း တင်သွင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအရပ်သားတွေကို သေဆုံးသွားခဲ့တဲ့သူ နေရာတွေကတော့ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အများဆုံးဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။ ဒီတင်သွင်းတဲ့အဆိုကို ကန့်ကွက်သူမရှိတဲ့တာကြောင့် လွှတ်တော်မှာ မှတ်တမ်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြောညာခဲ့ပါတယ်။ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် ဒီဇင်ဘာကနေ့ ဒီကနေ့ စက်တင်ဘာလ၁၇ ရက်နေ့အထိ ရခိုင်ပြည်နယ် အတွင်းက တိုက်ပွဲတွေကြောင့် သေဆုံးသူတွေ ၈၀ ကျော်ထက်မနည်းရှိခဲ့ပြီဒဏ်ရာရရှိသူတွေဆိုရင် ၁၀၀ လောက်ရှိနေပြီးလို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။ သူတို့ထဲမှာ တပ်မတော်က ပစ်ခတ်လို့သေဆုံးတာတွေ၊ စစ်ကြောရေးကာလမှာ သေဆုံး တာတွေ၊ နောက်တခါ စည်တောင်၊ ကျောက်တန်း၊ လက္ကာ၊ ပန်းမြောင်းနဲ့ စပါးထားစတဲ့ ကျေးရွာ ဖြစ်စဉ်တွေမှာသေဆုံးတဲ့စာရင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သတင်း- ဝဏ္ဏခွာညို
တိုက္ပြဲအတြင္းေသဆုံးသြားသည့္ အရပ္သား ၈၀ ေက်ာ္အတြက္ ဝမ္းနည္းေၾကာင္း အဆိုကို ရခိုင္ျပည္နယ္လႊတ္ေတာ္၌ မွတ္တမ္းတင္ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြေၾကာင့္ အရပ္သားျပည္သူေတြ ၈၀ ေက်ာ္ထက္မနည္း ေသဆုံးတာနဲ႔ပတ္သက္လို႔ ဝမ္းနည္းေၾကာင္း အဆိုကို ရခိုင္ျပည္နယ္ လႊတ္ေတာ္မွာ ကန႔္ကြက္သူမရွိတာေၾကာင့္ မွတ္တမ္းတင္လိုက္ပါတယ္။ ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔ တိုက္ပြဲေတြေၾကာင့္ အရပ္သားျပည္သူေတြ ေသဆုံးခဲ့ရတာနဲ႔ပတ္သက္လို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ ဝမ္းနည္းေၾကာင့္ အဆိုတရပ္ကို စက္တင္ဘာလ ၁၇ ရက္ေန႔မွာ လႊတ္ေတာ္မွာ တင္သြင္းလိုက္တာပါ။ ဒီအဆိုကို ဘူးသီးေတာင္မဲဆႏၵနယ္အမွတ္၂ က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေအာင္သိန္းက တင္သြင္းခဲ့တာျဖစ္ပါတယ္။ ရခိုင္ျပည္နယ္ လႊတ္ေတာ္အစည္းအေဝးရဲ႕အစီစအစဥ္ဇယားမွာ ဒီအဆိုမပါဝင္ခဲ့ေပမယ့္ အေရးႀကီး အဆိုအျဖစ္ လႊတ္ေတာ္ဥကၠ႒ ေနာက္ဆုံးမွာ တင္းသြင္းခဲ့တာပါ။ တိုက္ပြဲေတြေၾကာင့္ အိုအိမ္းစြန႔္ခြာရတာ၊ အသက္ေပးေသဆုံးခဲ့ရတာ၊လက္နက္ႀကီး က်ည္က်လို႔ေသဆုံးခဲ့တာေတြ ဒီ ေသဆုံးမႈေတြအတြက္မိသားစုဝင္ေတြနဲ႔အတူ ဝမ္းနည္းေၾကာင္း တင္သြင္းတာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုအရပ္သားေတြကို ေသဆုံးသြားခဲ့တဲ့သူ ေနရာေတြကေတာ့ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ေတြမွာ အမ်ားဆုံးျဖစ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။ ဒီတင္သြင္းတဲ့အဆိုကို ကန႔္ကြက္သူမရွိတဲ့တာေၾကာင့္ လႊတ္ေတာ္မွာ မွတ္တမ္းေၾကာင္း လႊတ္ေတာ္ဥကၠ႒က ေၾကာညာခဲ့ပါတယ္။ ၿပီးခဲ့တဲ့၂၀၁၈ ခုႏွစ္ ဒီဇင္ဘာကေန႔ ဒီကေန႔ စက္တင္ဘာလ၁၇ ရက္ေန႔အထိ ရခိုင္ျပည္နယ္ အတြင္းက တိုက္ပြဲေတြေၾကာင့္ ေသဆုံးသူေတြ ၈၀ ေက်ာ္ထက္မနည္းရွိခဲ့ၿပီဒဏ္ရာရရွိသူေတြဆိုရင္ ၁၀၀ ေလာက္ရွိေနၿပီးလို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။ သူတို႔ထဲမွာ တပ္မေတာ္က ပစ္ခတ္လို႔ေသဆုံးတာေတြ၊ စစ္ေၾကာေရးကာလမွာ ေသဆုံး တာေတြ၊ ေနာက္တခါ စည္ေတာင္၊ ေက်ာက္တန္း၊ လကၠာ၊ ပန္းေျမာင္းနဲ႔ စပါးထားစတဲ့ ေက်း႐ြာ ျဖစ္စဥ္ေတြမွာေသဆုံးတဲ့စာရင္းေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။ သတင္း- ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024