Home
မြန်မာသတင်း
ကျောက်စိမ်းဘုရားရှိ အလှဆင်ကျောက်စိမ်းကို ကောက်ယူသွားသည့် တရုတ်ခရီးသွား ဒဏ်ရိုက်ခံရ
ပိုင်စိုး
·
September 17, 2019
မန္တလေးတိုင်း၊ ကျောက်စိမ်းစေတီတော်ကြီးမှာ မြေပြင်အလှဆင်ထားတဲ့ ကျောက်စိမ်းတချို့ကို  တရုတ်နိုင်ငံသား ခရီးသည်က ကောက်ယူသွားလို့ ဒဏ်ရိုက်တဲ့အနေနဲ့ အလှူငွေ ထည့်ခိုင်းလိုက်တယ်လို့ ဂေါပကအဖွဲ့ဝင်တယောက်က ပြောပါတယ်။ မြက်ခင်းပေါ်မှာ အလှဆင်ကြဲချထားတဲ့ ကျောက်စိမ်းဖြတ်စတွေကို ကောက်ယူသွားတာလို့ ဝေရောစန ကျောက်စိမ်းစေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောပါတယ်။ “အရှေ့ဘက်မုခ်မှာ ကိုးလုံးပုတီးတခုရှိတယ်။ အဲဒီမှာ Landscape (မြေပြင်အလှဆင်) လုပ်ထားတဲ့ ကျောက်စိမ်းတွေကို ယူသွားတာပါ။ သံဇကာနဲ့ အုပ်ထားပေမယ့် အပေါက်နည်းနည်း ကျယ်နေတော့လေ။ ကျောက်ကတော့ အဖိုးလုံးဝ မတန်ပါဘူး။ ၃ ခု ယူသွားတာပါ” လို့ ပြောပါတယ်။ စက်တင်ဘာ ၉ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ဒါကို စီစီတီဗွီမှာရော လုံခြုံရေးကရောတွေ့ခဲ့ရတာ ကြောင့် ဂေါပကရုံးခန်းကို ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ခရီးသွားတာဝန်ခံကိုရော၊ စကားပြန်ကိုရော ခေါ်ယူပြီး ကျောက်စိမ်းယူသူ တရုတ်အတွက် အာမခံလားလို့ မေးခဲ့တယ်လို့လည်း ပြောပါတယ်။ “တရုတ်က တောတရုတ်တွေပါ။ တရုတ်ရဲ့ သဘောကတော့ ကျောက်စိမ်းကို တန်ဖိုးထားတာကိုး။ သူ့ကို ဒါက သာသနိက ပစ္စည်းဖြစ်တယ်။ မယူရဘူး။ငရဲကြီးမယ် ပြောပြီး ဂေါပက ဆုံးဖြတ်ချက် အတိုင်း လိုက်နာမယ် ဆိုလို့ ကုသိုလ်ရအောင် ငွေလှူခိုင်းလိုက်ပါတယ်။ သူက ငွေတသိန်းလှူပြီး ဒါကိုလည်း ဘောက်ချာဖြတ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။ ကျောက်စိမ်းစေတီတော်ကို တရက်မှာ တရုတ်ခရီးသွား ၃၀၀၀၊ ၄၀၀၀ လောက်ဝင်ရောက်နေပြီး သူတို့ကို ဝင်ကြေးကောက်ဖို့ တိုင်းအစိုးရဆီ စာတင်ထားတယ်လို့လည်း ဦးမောင်မောင်ဦးက ပြောပါတယ်။ “တယောက်ကို ကျပ် ၁၀၀၀ စီကောက်ဖို့ စာတင်ထားတယ်။ တရုတ်ခရီးသွားတွေလာရင် တယောက်မှ မလှူကြဘူး။ ထိုင်းတွေ၊ ကမ္ဘောဒီးယားတွေကတော့ လှူတယ်။ ကမ္ဘောဒီးယားတွေကတော့ အများဆုံး လှူကြတာ” လို့ ပြောပါတယ်။ အခုတော့ အလှဆင်ထားတဲ့ ကျောက်စိမ်းအသေးတွေကို ပြန်သိမ်းထားပြီး အကြီးတွေပဲ ထားတော့ ပါတယ်။ ပြီးတော့ တရုတ်ခရီးသွားတွေလာရင် လုံခြုံရေးတွေ ပိုပြီး စောင့်ကြည့်မယ် လို့လည်း ဦးမောင်မောင်ဦးက ဆိုပါတယ်။ စေတီတော်ဆီကို နေ့ကြီးရက်ကြီးတွေမှာ ပြည်တွင်းက ဘုရားဖူးဧည့်သည် ၄၀၀၀၀ လောက်လာလေ့ရှိပြီး သီတင်းကျွတ်လိုနေ့မျိုးဆိုရင်တော့ ၈၀၀၀၀ လောက်အထိ လာရောက်လေ့ရှိပါတယ်။
ေက်ာက္စိမ္းဘုရားရွိ အလွဆင္ေက်ာက္စိမ္းကို ေကာက္ယူသြားသည့္ တ႐ုတ္ခရီးသြား ဒဏ္႐ိုက္ခံရ ပိုင္စိုး မႏၲေလးတိုင္း၊ ေက်ာက္စိမ္းေစတီေတာ္ႀကီးမွာ ေျမျပင္အလွဆင္ထားတဲ့ ေက်ာက္စိမ္းတခ်ိဳ႕ကို တ႐ုတ္ႏိုင္ငံသား ခရီးသည္က ေကာက္ယူသြားလို႔ ဒဏ္႐ိုက္တဲ့အေနနဲ႔ အလႉေငြ ထည့္ခိုင္းလိုက္တယ္လို႔ ေဂါပကအဖြဲ႕ဝင္တေယာက္က ေျပာပါတယ္။ ျမက္ခင္းေပၚမွာ အလွဆင္ႀကဲခ်ထားတဲ့ ေက်ာက္စိမ္းျဖတ္စေတြကို ေကာက္ယူသြားတာလို႔ ေဝေရာစန ေက်ာက္စိမ္းေစတီေတာ္ ေဂါပကအဖြဲ႕ အတြင္းေရးမႉး ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။ “အေရွ႕ဘက္မုခ္မွာ ကိုးလုံးပုတီးတခုရွိတယ္။ အဲဒီမွာ Landscape (ေျမျပင္အလွဆင္) လုပ္ထားတဲ့ ေက်ာက္စိမ္းေတြကို ယူသြားတာပါ။ သံဇကာနဲ႔ အုပ္ထားေပမယ့္ အေပါက္နည္းနည္း က်ယ္ေနေတာ့ေလ။ ေက်ာက္ကေတာ့ အဖိုးလုံးဝ မတန္ပါဘူး။ ၃ ခု ယူသြားတာပါ” လို႔ ေျပာပါတယ္။ စက္တင္ဘာ ၉ ရက္က ျဖစ္ခဲ့တာျဖစ္ၿပီး ဒါကို စီစီတီဗြီမွာေရာ လုံၿခဳံေရးကေရာေတြ႕ခဲ့ရတာ ေၾကာင့္ ေဂါပက႐ုံးခန္းကို ေခၚယူခဲ့တယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ခရီးသြားတာဝန္ခံကိုေရာ၊ စကားျပန္ကိုေရာ ေခၚယူၿပီး ေက်ာက္စိမ္းယူသူ တ႐ုတ္အတြက္ အာမခံလားလို႔ ေမးခဲ့တယ္လို႔လည္း ေျပာပါတယ္။ “တ႐ုတ္က ေတာတ႐ုတ္ေတြပါ။ တ႐ုတ္ရဲ႕ သေဘာကေတာ့ ေက်ာက္စိမ္းကို တန္ဖိုးထားတာကိုး။ သူ႔ကို ဒါက သာသနိက ပစၥည္းျဖစ္တယ္။ မယူရဘူး။ငရဲႀကီးမယ္ ေျပာၿပီး ေဂါပက ဆုံးျဖတ္ခ်က္ အတိုင္း လိုက္နာမယ္ ဆိုလို႔ ကုသိုလ္ရေအာင္ ေငြလႉခိုင္းလိုက္ပါတယ္။ သူက ေငြတသိန္းလႉၿပီး ဒါကိုလည္း ေဘာက္ခ်ာျဖတ္ေပးလိုက္ပါတယ္” လို႔ ေျပာပါတယ္။ ေက်ာက္စိမ္းေစတီေတာ္ကို တရက္မွာ တ႐ုတ္ခရီးသြား ၃၀၀၀၊ ၄၀၀၀ ေလာက္ဝင္ေရာက္ေနၿပီး သူတို႔ကို ဝင္ေၾကးေကာက္ဖို႔ တိုင္းအစိုးရဆီ စာတင္ထားတယ္လို႔လည္း ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။ “တေယာက္ကို က်ပ္ ၁၀၀၀ စီေကာက္ဖို႔ စာတင္ထားတယ္။ တ႐ုတ္ခရီးသြားေတြလာရင္ တေယာက္မွ မလႉၾကဘူး။ ထိုင္းေတြ၊ ကေမာၻဒီးယားေတြကေတာ့ လႉတယ္။ ကေမာၻဒီးယားေတြကေတာ့ အမ်ားဆုံး လႉၾကတာ” လို႔ ေျပာပါတယ္။ အခုေတာ့ အလွဆင္ထားတဲ့ ေက်ာက္စိမ္းအေသးေတြကို ျပန္သိမ္းထားၿပီး အႀကီးေတြပဲ ထားေတာ့ ပါတယ္။ ၿပီးေတာ့ တ႐ုတ္ခရီးသြားေတြလာရင္ လုံၿခဳံေရးေတြ ပိုၿပီး ေစာင့္ၾကည့္မယ္ လို႔လည္း ဦးေမာင္ေမာင္ဦးက ဆိုပါတယ္။ ေစတီေတာ္ဆီကို ေန႔ႀကီးရက္ႀကီးေတြမွာ ျပည္တြင္းက ဘုရားဖူးဧည့္သည္ ၄၀၀၀၀ ေလာက္လာေလ့ရွိၿပီး သီတင္းကြၽတ္လိုေန႔မ်ိဳးဆိုရင္ေတာ့ ၈၀၀၀၀ ေလာက္အထိ လာေရာက္ေလ့ရွိပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024