Home
မြန်မာသတင်း
မုံရွာမြို့တွင် လယ်ယာထွက် စွန့်ပစ်ပစ္စည်းများဖြင့် လောင်စာတောင့် ထုတ်လုပ်
DVB
·
September 17, 2019
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ မုံရွာမြို့မှာ လယ်ယာထွက်စွန့်ပစ်ပစ္စည်း တွေကို အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ စက်နဲ့ ထင်းအစားထိုး လောင်စာတောင့်အဖြစ် ထုတ်လုပ်ရာမှာ အောင်မြင်နေပါတယ်။ အခုလို လယ်ယာစွန့်ပစ်ပစ္စည်းတွေနဲ့ လောင်စာတောင့်ထုတ်လုပ်မှုကိုတော့ မုံရွာစက်မှုဇုံ (၂ ) ထဲက လုပ်ငန်းရှင်တဦးက ပြုလုပ်နေတာပါ။ အိန္ဒိယက ထုတ်လုပ်တဲ့ အဆိုပါ လောင်စာတောင့်စက်ကို သြဂုတ်လအတွင်းက စတင်စမ်းသပ်ခဲ့ပြီး အခုလိုထင်းအစားထိုးအဖြစ် ထုတ်လုပ်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ရာ ရည်ရွယ်လို့ သိရပါတယ်။ ဗန့်ကျီ လောင်စာတောင့် ထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဌေးမောင်က "ရည်မှန်းချက်ဆောင်ပုဒ်က စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းအားဖြင့် ကမ္ဘာကြီး ပူနွေးမှုကို လျော့ချနိုင်ဖို့ ကူညီကြပါလို့ ရေးထားတယ်။ နောက်ပြီး အဲ့ဒီလို လျော့ချခြင်းဖြင့် ဥစ္စာမပြိုရအောင် မပျက်စီးအောင် မီးသွေးမကုန်အောင် ဒါ သုံးပါဆိုပြီး လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာပြီ နောက်မကျခင်ကာကွယ်ကြပါဆိုတာက သဘာဝပတ်ဝန်းကျင်ပျက်စီးမှု တွေ များလာပြီ ကာကွယ်ကြပါလို့ ဆိုလိုတာဖြစ်ပါတယ်"လို့ ပြောပါတယ်။ စက်ဝယ်ဖို့အရင်းနှီးကိုတော့ ဒိန်းမတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း အကုန်ကျခံတယ်လို့သိရပြီး ထုတ်လုပ်သူအနေနဲ့ကတော့ လုပ်ငန်းဖြစ်မြောက်ရေးအတွက် စုစုပေါင်း သိန်း ၇၀၀ နဲ့ ၈၀၀ ကြား ကုန်ကျတယ်လို့ သိရပါတယ်။ စက်ပစ္စည်းတန်ဖိုးကတော့ ဒေါ်လာ ၄၀၀၀၀ ကုန်ကျပြီး အခုလို ထောက်ပံ့မှုအကူညီရဖို့ ထုတ်လုပ်သူအနေနဲ့  လျှောက်ထားခဲ့ရတယ်လို့ ဦးဌေးမောင်က ပြောပါတယ်။ "ဒိန်းမတ်နိုင်ငံကနေ တာဝန်ခံမှု၊ တာဝန်သိတဲ့ လုပ်ငန်းရှင်တွေ ပေါ်ထွန်းလာဖို့ဆိုပြီး အကူညီ ပေးပါတယ်။ SME ဌာနကနေ မုံရွာစက်မှုဇုံ ကော်မတီရုံးမှာ သင်တန်းပေးပါတယ်။လျှောက်ပုံ လျှောက်နည်းတွေလည်း ပြောပါတယ်။ အဲ့ဒါနဲ့ ကျနော်လည်း လျှောက်လိုက်တာ" လို့ ပြောပါတယ်။ လောင်စာတောင့်ထုတ်လုပ်ရာမှာ စပါးခွံ၊ မြေပဲခွံ၊ ပဲစိမ်းငုံရိုး၊ ကောက်ရိုး စတဲ့ လယ်ယာစွန့်ပစ်ပစ္စည်းမျိုးစုံအပြင် လွှစာနဲ့ပါ ရောစပ်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ "စမ်းသပ်ထုတ်ကြည့်တဲ့နေရာမှာ မြေပဲခွံနဲ့လည်း ထုတ်ကြည့်တယ်။ လွှစာနဲ့လည်း ထုတ်ကြည့်တယ်။ နောက်ပြီး စပါးခွံနဲ့လွှစာနဲ့ ရောစပ်ပြီးလည်း စမ်းသပ်ထုတ်ကြည့်တယ်။ အားလုံးကောင်းပါတယ်။ အောင်လဲ အောင်မြင်တယ်။ ကျနော်တို့က စျေးကွက်တင်ဖို့ရာကျတော့ သုံးစွဲတဲ့သူလဲ သုံးစွဲနိုင်အောင် အချိုဆုံး ကုန်ကြမ်းကတော့ စပါးခွံပဲ၊ အကောင်းဆုံးကုန်ကြမ်း ကတော့ လွှစာပေါ့။ အဲဒါတော့ အတော်လေးကောင်းတယ်"လို့ ဗန့်ကျီလောင်စာတောင့် လုပ်ငန်းမန်နေဂျာ ဦးအေးက ပြောပါတယ်။ ကုန်ကြမ်းဖြစ်တဲ့စပါးခွံကိုတော့ စစ်ကိုင်းတိုင်းထဲက စပါးအများဆုံးစိုက်ပျိုးရာဒေသဖြစ်တဲ့ ရွှေဘိုကနေ ဝယ်ယူတင်သွင်းတာဖြစ်ပါတယ်။ လတ်တလောမှာတော့ စျေးကွက်ထဲဝင်ဖို့ ကြိုးစားနေပြီး ထင်းကို အသုံးပြုလည်ပတ်ရတဲ့ လုပ်ငန်းကြီးတွေမှာ သုံးစွဲရင် ထင်းထက်ကုန်ကျစရိတ်သက်သာမှာဖြစ်သလို မီးတောက်အားလည်း ထင်းလို အလွန်အကျွံမထွက်တာကြောင့် မီးဘေးအန္တရာယ်ပါ သိပ်မစိုးရိမ်ရကြောင်း သိရပါတယ်။ "မီးတောက်သိပ်အားမကြီးတဲ့အတွက် မီးဘေးအန္တရာယ်သိပ်မရှိဘူး။ နောက်ပြီးတော့ လောင်သွားသမျှက မီးကျွမ်းမီးကျန်ရယ်လို့ မကျန်ဘူး။ အားလုံးလောင်သွားတာဆိုတော့ ပြာချည်းပဲ ဖြစ်သွားတာ " လို့ မန်နေဂျာ ဦးအေးက ပြောပါတယ်။ လက်ရှိမှာတော့ လောင်စာတောင့်ကို တစ်ပိဿာ ၈၀ ကျပ်နှုန်းနဲ့ ရောင်းချပြီး မှာယူထားတဲ့ စက်ရုံအလုပ်ရုံတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာရှိတဲ့ လယ်ယာစွန့်ပစ်ပစ္စည်းကနေ လောင်စာတောင့်ထုတ်လုပ်နေတဲ့ တရုတ်နိုင်ငံထုတ်စက်အများစုဟာ လွန်သွားတွေ မကြာခဏ ကျိုးပဲ့တာတွေရှိတာကြောင့် လုပ်ငန်းနှောင့်နှေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ အခုအသုံးပြုနေတဲ့ စက်ကတော့ လွန်သွားခိုင်မာမှုရှိပြီး စက်လည်ပတ်မှုလည်း အားကောင်းတယ်လို့ သိရပါတယ်။ အခုလို အိန္ဒိယနိုင်ငံထုတ်စက်ကို အသုံးပြု ပြီးထင်းအစားထိုးလောင်စာအဖြစ်ပြုလုပ်တာဟာ ပြည်တွင်းမှာတော့  ပထမဆုံးပဲ ဖြစ်ပါတယ်။ ရိုက်ကူး/ပေးပို့- ရန်နိုင်စိုး
မုံ႐ြာၿမိဳ႕တြင္ လယ္ယာထြက္ စြန႔္ပစ္ပစၥည္းမ်ားျဖင့္ ေလာင္စာေတာင့္ ထုတ္လုပ္ DVB သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းတဲ့အေနနဲ႔ မုံ႐ြာၿမိဳ႕မွာ လယ္ယာထြက္စြန႔္ပစ္ပစၥည္း ေတြကို အိႏၵိယႏိုင္ငံက ထုတ္လုပ္တဲ့ စက္နဲ႔ ထင္းအစားထိုး ေလာင္စာေတာင့္အျဖစ္ ထုတ္လုပ္ရာမွာ ေအာင္ျမင္ေနပါတယ္။ အခုလို လယ္ယာစြန႔္ပစ္ပစၥည္းေတြနဲ႔ ေလာင္စာေတာင့္ထုတ္လုပ္မႈကိုေတာ့ မုံ႐ြာစက္မႈဇုံ (၂ ) ထဲက လုပ္ငန္းရွင္တဦးက ျပဳလုပ္ေနတာပါ။ အိႏၵိယက ထုတ္လုပ္တဲ့ အဆိုပါ ေလာင္စာေတာင့္စက္ကို ၾသဂုတ္လအတြင္းက စတင္စမ္းသပ္ခဲ့ၿပီး အခုလိုထင္းအစားထိုးအျဖစ္ ထုတ္လုပ္တာဟာ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းဖို႔ရာ ရည္႐ြယ္လို႔ သိရပါတယ္။ ဗန႔္က်ီ ေလာင္စာေတာင့္ ထုတ္လုပ္ေရးလုပ္ငန္းရွင္ ဦးေဌးေမာင္က "ရည္မွန္းခ်က္ေဆာင္ပုဒ္က စြန႔္ပစ္ပစၥည္းမ်ားကို ျပန္လည္အသုံးျပဳျခင္းအားျဖင့္ ကမာၻႀကီး ပူေႏြးမႈကို ေလ်ာ့ခ်ႏိုင္ဖို႔ ကူညီၾကပါလို႔ ေရးထားတယ္။ ေနာက္ၿပီး အဲ့ဒီလို ေလ်ာ့ခ်ျခင္းျဖင့္ ဥစၥာမၿပိဳရေအာင္ မပ်က္စီးေအာင္ မီးေသြးမကုန္ေအာင္ ဒါ သုံးပါဆိုၿပီး လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ကမာၻႀကီး ပူေႏြးလာၿပီ ေနာက္မက်ခင္ကာကြယ္ၾကပါဆိုတာက သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈ ေတြ မ်ားလာၿပီ ကာကြယ္ၾကပါလို႔ ဆိုလိုတာျဖစ္ပါတယ္"လို႔ ေျပာပါတယ္။ စက္ဝယ္ဖို႔အရင္းႏွီးကိုေတာ့ ဒိန္းမတ္ႏိုင္ငံက ၇၀ ရာခိုင္ႏႈန္း အကုန္က်ခံတယ္လို႔သိရၿပီး ထုတ္လုပ္သူအေနနဲ႔ကေတာ့ လုပ္ငန္းျဖစ္ေျမာက္ေရးအတြက္ စုစုေပါင္း သိန္း ၇၀၀ နဲ႔ ၈၀၀ ၾကား ကုန္က်တယ္လို႔ သိရပါတယ္။ စက္ပစၥည္းတန္ဖိုးကေတာ့ ေဒၚလာ ၄၀၀၀၀ ကုန္က်ၿပီး အခုလို ေထာက္ပံ့မႈအကူညီရဖို႔ ထုတ္လုပ္သူအေနနဲ႔ ေလွ်ာက္ထားခဲ့ရတယ္လို႔ ဦးေဌးေမာင္က ေျပာပါတယ္။ "ဒိန္းမတ္ႏိုင္ငံကေန တာဝန္ခံမႈ၊ တာဝန္သိတဲ့ လုပ္ငန္းရွင္ေတြ ေပၚထြန္းလာဖို႔ဆိုၿပီး အကူညီ ေပးပါတယ္။ SME ဌာနကေန မုံ႐ြာစက္မႈဇုံ ေကာ္မတီ႐ုံးမွာ သင္တန္းေပးပါတယ္။ေလွ်ာက္ပုံ ေလွ်ာက္နည္းေတြလည္း ေျပာပါတယ္။ အဲ့ဒါနဲ႔ က်ေနာ္လည္း ေလွ်ာက္လိုက္တာ" လို႔ ေျပာပါတယ္။ ေလာင္စာေတာင့္ထုတ္လုပ္ရာမွာ စပါးခြံ၊ ေျမပဲခြံ၊ ပဲစိမ္းငုံ႐ိုး၊ ေကာက္႐ိုး စတဲ့ လယ္ယာစြန႔္ပစ္ပစၥည္းမ်ိဳးစုံအျပင္ လႊစာနဲ႔ပါ ေရာစပ္အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ "စမ္းသပ္ထုတ္ၾကည့္တဲ့ေနရာမွာ ေျမပဲခြံနဲ႔လည္း ထုတ္ၾကည့္တယ္။ လႊစာနဲ႔လည္း ထုတ္ၾကည့္တယ္။ ေနာက္ၿပီး စပါးခြံနဲ႔လႊစာနဲ႔ ေရာစပ္ၿပီးလည္း စမ္းသပ္ထုတ္ၾကည့္တယ္။ အားလုံးေကာင္းပါတယ္။ ေအာင္လဲ ေအာင္ျမင္တယ္။ က်ေနာ္တို႔က ေစ်းကြက္တင္ဖို႔ရာက်ေတာ့ သုံးစြဲတဲ့သူလဲ သုံးစြဲႏိုင္ေအာင္ အခ်ိဳဆုံး ကုန္ၾကမ္းကေတာ့ စပါးခြံပဲ၊ အေကာင္းဆုံးကုန္ၾကမ္း ကေတာ့ လႊစာေပါ့။ အဲဒါေတာ့ အေတာ္ေလးေကာင္းတယ္"လို႔ ဗန႔္က်ီေလာင္စာေတာင့္ လုပ္ငန္းမန္ေနဂ်ာ ဦးေအးက ေျပာပါတယ္။ ကုန္ၾကမ္းျဖစ္တဲ့စပါးခြံကိုေတာ့ စစ္ကိုင္းတိုင္းထဲက စပါးအမ်ားဆုံးစိုက္ပ်ိဳးရာေဒသျဖစ္တဲ့ ေ႐ႊဘိုကေန ဝယ္ယူတင္သြင္းတာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ေစ်းကြက္ထဲဝင္ဖို႔ ႀကိဳးစားေနၿပီး ထင္းကို အသုံးျပဳလည္ပတ္ရတဲ့ လုပ္ငန္းႀကီးေတြမွာ သုံးစြဲရင္ ထင္းထက္ကုန္က်စရိတ္သက္သာမွာျဖစ္သလို မီးေတာက္အားလည္း ထင္းလို အလြန္အကြၽံမထြက္တာေၾကာင့္ မီးေဘးအႏၲရာယ္ပါ သိပ္မစိုးရိမ္ရေၾကာင္း သိရပါတယ္။ "မီးေတာက္သိပ္အားမႀကီးတဲ့အတြက္ မီးေဘးအႏၲရာယ္သိပ္မရွိဘူး။ ေနာက္ၿပီးေတာ့ ေလာင္သြားသမွ်က မီးကြၽမ္းမီးက်န္ရယ္လို႔ မက်န္ဘူး။ အားလုံးေလာင္သြားတာဆိုေတာ့ ျပာခ်ည္းပဲ ျဖစ္သြားတာ " လို႔ မန္ေနဂ်ာ ဦးေအးက ေျပာပါတယ္။ လက္ရွိမွာေတာ့ ေလာင္စာေတာင့္ကို တစ္ပိႆာ ၈၀ က်ပ္ႏႈန္းနဲ႔ ေရာင္းခ်ၿပီး မွာယူထားတဲ့ စက္႐ုံအလုပ္႐ုံေတြလည္း ရွိတယ္လို႔ သိရပါတယ္။ ျပည္တြင္းမွာရွိတဲ့ လယ္ယာစြန႔္ပစ္ပစၥည္းကေန ေလာင္စာေတာင့္ထုတ္လုပ္ေနတဲ့ တ႐ုတ္ႏိုင္ငံထုတ္စက္အမ်ားစုဟာ လြန္သြားေတြ မၾကာခဏ က်ိဳးပဲ့တာေတြရွိတာေၾကာင့္ လုပ္ငန္းေႏွာင့္ေႏွးတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။ အခုအသုံးျပဳေနတဲ့ စက္ကေတာ့ လြန္သြားခိုင္မာမႈရွိၿပီး စက္လည္ပတ္မႈလည္း အားေကာင္းတယ္လို႔ သိရပါတယ္။ အခုလို အိႏၵိယႏိုင္ငံထုတ္စက္ကို အသုံးျပဳ ၿပီးထင္းအစားထိုးေလာင္စာအျဖစ္ျပဳလုပ္တာဟာ ျပည္တြင္းမွာေတာ့ ပထမဆုံးပဲ ျဖစ္ပါတယ္။ ႐ိုက္ကူး/ေပးပို႔- ရန္ႏိုင္စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024