Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းများတွင် ကျန်းမာရေးအကူအညီလိုအပ်နေ
Aung Ko Latt
·
September 17, 2019
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ မိုးရာသီအတွင်း ဖြစ်ပွားလေ့ရှိတဲ့ တုပ်ကွေးရောဂါတွေအဖြစ်များနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ မိုးနားကျေးရွာရှိ KBC စစ်ရှောင်စခန်း တာဝန်ရှိသူက ပြောပါတယ်။  ဒီစစ်ရှောင်စခန်းကို ဝိုင်းမော်၊ အင်ဂျန်းယန် မိုးမောက်၊ ဗန်းမော်၊ တနိုင်း၊ ဆဒုံး၊ ဆွမ်ပရာဘွမ်၊ ဖားကန့်စတဲ့မြို့နယ်တွေက လာရောက်ခိုလှုံနေကြတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၅၁၉ စု၊ လူဦးရေ ၂၈၃၃ ယောက်လာရောက်ခိုလှုံနေကြတာပါ။  ပြီးခဲ့တဲ့ မိုးလယ်ကာလတွေတုန်းက စခန်းအတွင်း တုပ်ကွေးရောဂါခံစားရသူ အများအပြားရှိခဲ့ပြီး ဆေးကုသမှုမှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ စခန်း ဒုတာဝန်ခံ ဦးဘရာမိုင်က ပြောပါတယ်။ "အခုဒီစခန်းမှာ လက်ရှိအဓိကလိုအပ်နေတာတော့ ကျန်းမာရေးပေါ့။ ရာသီတုပ်ကွေးကြောင့် လူ ၈၀%လောက် ဖျားနာနေကြတာပေါ့။ ၂ လနီးပါးတော့ရှိပြီ။ သက်ဆိုင်ရာဌာနတွေနဲ့ တခြား လူမှုကူညီရေးအဖွဲ့တွေလည်း ပါဝင်ပြီးမှ ဆေးလာကုပေးတဲ့ဟာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဆက်လက်ပြီးမှလိုအပ်နေပါတယ်။ ဒီအစိုးရပိုင်းကနေ ပံ့ပိုးကူညီတယ်ဆိုတဲ့ဟာကျတော့ ပုံမှန် အနေအထားတော့ မရှိပါဘူး။ ကြုံရင်ကြုံသလို အရေးကြီးရင်ကြီးသလို လာကူညီတဲ့ သဘောမျိုးတော့ ရှိပါတယ်။" လတ်တလောမှာတော့ ကျန်းမာရေးဌာနက ဆရာမ နှစ်ယောက်က စခန်းမှာ ဆေးခန်းဖွင့်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာတော့ ရှိပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ရှောင်စခန်းပေါင်း ၃၀ ထက်မနည်းရှိပြီး မိုင်းနားကျေးရွာက KBC စစ်ရှောင်စခန်းကိုတော့ ကချင်လက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်တဲ့ KIA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ  စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။  စစ်ရှောင်စခန်းရဲ့ သက်တမ်းက ၇ နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် ဒီနေ့အချိန်ထိ မတည်ငြိမ်သေးတဲ့အခြေအနေတွေကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။ လတ်တလောမှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ထောက်ပံ့တာတွေ ရပ်တည်နေကြပြီး တချို့လည်း စခန်းအနီးတဝိုက်က ကြုံရာအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ပေးတာတွေရှိသလို တချို့မိ သားစုတွေမှာတော့ တရုတ်နိုင်ငံသွားပြီး အလုပ်လုပ်ရာကနေ လူကုန်ကူးခံရသူတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ကလေးတွေကျောင်းတက်ရာမှာလည်း အခက်အခဲတွေရှိတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။  နေရပ်ကို အမြန်ဆုံးပြန်နိုင်ဖို့ ငြိမ်းချမ်းရေးရရှိဖို့သာ လိုလားနေပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသတွေမှာ မိုင်းတွေ မရှင်းနိုင်သေးတာ၊ နှစ်ဖက်တပ်တွေရှိနေသေးတာ၊ အပစ်ရပ်လက်မှတ်မထိုးနို င်သေးတာ စတဲ့ မလုံခြုံတဲ့ အနေအထားတွေကြောင့် နေရပ်ကို မပြန်နိုင်ဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။  ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှုး ဦးဇော်ဂျတ်က  “အိုင်ဒီပီတွေ နေရပ်ပြန်နိုင်ဖို့က ဒုတိယကိစ္စလိုဖြစ်နေတယ်။ ပထမဆုံးလုပ်ရမှာက အပစ်ရပ်စဲရမှာဖြစ်သလို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ အာမခံချက်ရမှာပဲ နေရပ်ပြန်မှ ပိုအဆင်ပြေမယ်။ အာမခံချက်မရှိတဲ့အနေအထားမှာ ပြန်သွားပြီး တိုက်ပွဲပြန်ဖြစ်လို့ ပြန်ပြေး ပြန်ထွက်ပြေး နေမယ့်အစား  ဒီမှာပဲ လုံလုံခြုံခြုံနဲ့ နေပြီး လုံခြုံမှ ပြန်တာက ပိုကောင်းပါတယ်။"လို့ ပြောပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာတင် စစ်ဘေးရှောင်စခန်းပေါင်း ၆၀ ကျော်ရှိနေပါတယ်။
ဝိုင္းေမာ္ၿမိဳ႕နယ္က စစ္ေရွာင္စခန္းမ်ားတြင္ က်န္းမာေရးအကူအညီလိုအပ္ေန ေအာင္ကိုလတ္ ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္စခန္းေတြမွာ မိုးရာသီအတြင္း ျဖစ္ပြားေလ့ရွိတဲ့ တုပ္ေကြးေရာဂါေတြအျဖစ္မ်ားေနတာေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈ အကူအညီေတြ လိုအပ္ေနတယ္လို႔ မိုးနားေက်း႐ြာရွိ KBC စစ္ေရွာင္စခန္း တာဝန္ရွိသူက ေျပာပါတယ္။ ဒီစစ္ေရွာင္စခန္းကို ဝိုင္းေမာ္၊ အင္ဂ်န္းယန္ မိုးေမာက္၊ ဗန္းေမာ္၊ တႏိုင္း၊ ဆဒုံး၊ ဆြမ္ပရာဘြမ္၊ ဖားကန႔္စတဲ့ၿမိဳ႕နယ္ေတြက လာေရာက္ခိုလႈံေနၾကတာျဖစ္ၿပီး အိမ္ေထာင္စုေပါင္း ၅၁၉ စု၊ လူဦးေရ ၂၈၃၃ ေယာက္လာေရာက္ခိုလႈံေနၾကတာပါ။ ၿပီးခဲ့တဲ့ မိုးလယ္ကာလေတြတုန္းက စခန္းအတြင္း တုပ္ေကြးေရာဂါခံစားရသူ အမ်ားအျပားရွိခဲ့ၿပီး ေဆးကုသမႈမွာ အခက္အခဲေတြ အမ်ားႀကီးရွိခဲ့တယ္လို႔ စခန္း ဒုတာဝန္ခံ ဦးဘရာမိုင္က ေျပာပါတယ္။ "အခုဒီစခန္းမွာ လက္ရွိအဓိကလိုအပ္ေနတာေတာ့ က်န္းမာေရးေပါ့။ ရာသီတုပ္ေကြးေၾကာင့္ လူ ၈၀%ေလာက္ ဖ်ားနာေနၾကတာေပါ့။ ၂ လနီးပါးေတာ့ရွိၿပီ။ သက္ဆိုင္ရာဌာနေတြနဲ႔ တျခား လူမႈကူညီေရးအဖြဲ႕ေတြလည္း ပါဝင္ၿပီးမွ ေဆးလာကုေပးတဲ့ဟာေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ဆက္လက္ၿပီးမွလိုအပ္ေနပါတယ္။ ဒီအစိုးရပိုင္းကေန ပံ့ပိုးကူညီတယ္ဆိုတဲ့ဟာက်ေတာ့ ပုံမွန္ အေနအထားေတာ့ မရွိပါဘူး။ ႀကဳံရင္ႀကဳံသလို အေရးႀကီးရင္ႀကီးသလို လာကူညီတဲ့ သေဘာမ်ိဳးေတာ့ ရွိပါတယ္။" လတ္တေလာမွာေတာ့ က်န္းမာေရးဌာနက ဆရာမ ႏွစ္ေယာက္က စခန္းမွာ ေဆးခန္းဖြင့္ကာ က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတာေတာ့ ရွိပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္မွာ စစ္ေရွာင္စခန္းေပါင္း ၃၀ ထက္မနည္းရွိၿပီး မိုင္းနားေက်း႐ြာက KBC စစ္ေရွာင္စခန္းကိုေတာ့ ကခ်င္လက္နက္ကိုင္ တပ္ဖြဲ႕တခုျဖစ္တဲ့ KIA ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ၂၀၁၁ ခုႏွစ္ေနာက္ပိုင္း ၂၀၁၂ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။ စစ္ေရွာင္စခန္းရဲ႕ သက္တမ္းက ၇ ႏွစ္ဝန္းက်င္ရွိလာၿပီ ျဖစ္ေပမယ့္ ဒီေန႔အခ်ိန္ထိ မတည္ၿငိမ္ေသးတဲ့အေျခအေနေတြေၾကာင့္ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။ လတ္တေလာမွာေတာ့ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ WFP ေထာက္ပံ့တာေတြ ရပ္တည္ေနၾကၿပီး တခ်ိဳ႕လည္း စခန္းအနီးတဝိုက္က ႀကဳံရာအလုပ္ေတြမွာ ဝင္ေရာက္လုပ္ကိုင္ေပးတာေတြရွိသလို တခ်ိဳ႕မိ သားစုေတြမွာေတာ့ တ႐ုတ္ႏိုင္ငံသြားၿပီး အလုပ္လုပ္ရာကေန လူကုန္ကူးခံရသူေတြလည္း ရွိေနပါတယ္။ ဒါ့အျပင္ ကေလးေတြေက်ာင္းတက္ရာမွာလည္း အခက္အခဲေတြရွိတယ္လို႔ စစ္ေဘးေရွာင္ျပည္သူေတြက ေျပာပါတယ္။ ေနရပ္ကို အျမန္ဆုံးျပန္ႏိုင္ဖို႔ ၿငိမ္းခ်မ္းေရးရရွိဖို႔သာ လိုလားေနၿပီး တိုက္ပြဲျဖစ္ပြားခဲ့ရာ ေဒသေတြမွာ မိုင္းေတြ မရွင္းႏိုင္ေသးတာ၊ ႏွစ္ဖက္တပ္ေတြရွိေနေသးတာ၊ အပစ္ရပ္လက္မွတ္မထိုးႏို င္ေသးတာ စတဲ့ မလုံၿခဳံတဲ့ အေနအထားေတြေၾကာင့္ ေနရပ္ကို မျပန္ႏိုင္ဘဲ ျဖစ္ေနရတယ္လို႔ ဆိုပါတယ္။ ကခ်င္အမ်ိဳးသားမ်ား အတိုင္ပင္ခံအဖြဲ႕ အတြင္းေရးမႈး ဦးေဇာ္ဂ်တ္က “အိုင္ဒီပီေတြ ေနရပ္ျပန္ႏိုင္ဖို႔က ဒုတိယကိစၥလိုျဖစ္ေနတယ္။ ပထမဆုံးလုပ္ရမွာက အပစ္ရပ္စဲရမွာျဖစ္သလို ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ပဲ ေျဖရွင္းရမယ္။ အာမခံခ်က္ရမွာပဲ ေနရပ္ျပန္မွ ပိုအဆင္ေျပမယ္။ အာမခံခ်က္မရွိတဲ့အေနအထားမွာ ျပန္သြားၿပီး တိုက္ပြဲျပန္ျဖစ္လို႔ ျပန္ေျပး ျပန္ထြက္ေျပး ေနမယ့္အစား ဒီမွာပဲ လုံလုံၿခဳံၿခဳံနဲ႔ ေနၿပီး လုံၿခဳံမွ ျပန္တာက ပိုေကာင္းပါတယ္။"လို႔ ေျပာပါတယ္။ ကခ်င္ျပည္နယ္က တိုက္ပြဲေတြေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာတင္ စစ္ေဘးေရွာင္စခန္းေပါင္း ၆၀ ေက်ာ္ရွိေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024