အက်စတွန်ဗီလာ နောက်ခံလူ အသင်းဖော်အချင်းချင်း ခိုက်ရန်ဖြစ်ပွား

အက်စ်တွန်ဗီလာ နောက်ခံလူ ထရုန်းမင်စ်နဲ့ အယ်လ်ဂါဇီတို့ဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အသင်းဖော်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဝက်စ်ဟမ်းက နောက်ခံလူ မာဆာကူ အထုတ်ခံခဲ့ရပေမယ့်  ဂိုးမရှိ သရေကျခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် ၃၆ မိနစ်မှာ နောက်ပြန်ဆင်းပြီး အသင်းခံစစ်ကို မကူညီခဲ့တဲ့ အယ်လ်ဂါဇီနဲ့ ပတ်သက်ပြီး နောက်ခံလူ ထရုန်းမင်စ်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုမှာ တောင်ပံကစားသမား အယ်လ်ဂါဇီက ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် VAR နဲ့ ပြန်လည် စစ်ဆေးကြည့်မယ်ဆိုရင် အနီကတ် ပြသနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒိုင်လူကြီး မိုက်ဒိန်းကတော့ အရေးယူမှု မရှိခဲ့တာ ဖြစ်ပါတယ်။  ၂၀၀၅ ခုနှစ်က နယူးကာဆယ်နဲ့ အက်စ်တွန်ဗီလာတို့ ပွဲစဉ်မှာ ကာဆယ်က ကားသမားတွေ ဖြစ်တဲ့ လီဘော်ရာနဲ့ ဒိုင်ယာတို့ ထိုးကြိတ်တဲ့အထိ ခိုက်ရန်ဖြစ်ခဲ့တာကြောင့် ဒိုင်လူကြီးက နှစ်ဦးစလုံးကို ထုတ်ပယ်ခဲ့ဖူးပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version အက္စတြန္ဗီလာ ေနာက္ခံလူ အသင္းေဖာ္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြား အက္စ္တြန္ဗီလာ ေနာက္ခံလူ ထ႐ုန္းမင္စ္နဲ႔ အယ္လ္ဂါဇီတို႔ဟာ ဝက္စ္ဟမ္းနဲ႔ ပြဲမွာ အသင္းေဖာ္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ဝက္စ္ဟမ္းက ေနာက္ခံလူ မာဆာကူ အထုတ္ခံခဲ့ရေပမယ့္  ဂိုးမရွိ သေရက်ခဲ့ပါတယ္။ ပထမပိုင္းပြဲခ်ိန္ ၃၆ မိနစ္မွာ ေနာက္ျပန္ဆင္းၿပီး အသင္းခံစစ္ကို မကူညီခဲ့တဲ့ အယ္လ္ဂါဇီနဲ႔ ပတ္သက္ၿပီး ေနာက္ခံလူ ထ႐ုန္းမင္စ္က ေဒါသထြက္ခဲ့တာ ျဖစ္ပါတယ္။ ခိုက္ရန္ျဖစ္ပြားမႈမွာ ေတာင္ပံကစားသမား အယ္လ္ဂါဇီက ေခါင္းနဲ႔ တိုက္ခဲ့တာေၾကာင့္ VAR နဲ႔ ျပန္လည္ စစ္ေဆးၾကည့္မယ္ဆိုရင္ အနီကတ္ ျပသႏိုင္တဲ့ အေျခအေနမွာ ရွိခဲ့တယ္လို႔ ေဘာလုံးကြၽမ္းက်င္သူေတြက မွတ္ခ်က္ေပးခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒိုင္လူႀကီး မိုက္ဒိန္းကေတာ့ အေရးယူမႈ မရွိခဲ့တာ ျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္က နယူးကာဆယ္နဲ႔ အက္စ္တြန္ဗီလာတို႔ ပြဲစဥ္မွာ ကာဆယ္က ကားသမားေတြ ျဖစ္တဲ့ လီေဘာ္ရာနဲ႔ ဒိုင္ယာတို႔ ထိုးႀကိတ္တဲ့အထိ ခိုက္ရန္ျဖစ္ခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ႏွစ္ဦးစလုံးကို ထုတ္ပယ္ခဲ့ဖူးပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up