Home
မြန်မာသတင်း
ကရင်အာဇာနည်နေ့ ကျင်းပခဲ့သဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၃ ဦးကို လွှတ်ပေးရန်တောင်းဆို
နော်နိုရင်း
·
September 17, 2019
ရန်ကုန်မြို့မှာ ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့တာကြောင့် ဖမ်းဆီးတရားစွဲဆို ခံရတဲ့ နော်အုန်းလှအပါအ၀င် ၃ ဦးကို ပြန်လွှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံးအပါအဝင် ကရင်အဖွဲ့အစည်းတွေက တောင်းဆိုကြပါတယ်။  ရန်ကုန်မြို့မှာ  ခွင့်ပြုချက်မရဘဲ ကရင်အမျိုးသားအာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့လို့ ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ကရင်အမျိုးသမီးအစည်းအရုံး( KWU) ဥက္ကဋ္ဌ နော်အုန်းလှနဲ့ တရားစွဲဆို ခံထားရတဲ့ ကရင်လူငယ် စောအဲလ်ဘတ်ချိုနဲ့ စသိန်းဇော်မင်းတို့အား ခြွင်းချက်မရှိ အမှု ရုပ်သိမ်းပေးဖို့ KNUက  စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ကရင်အမျိုးသားအာဇာနည်နေ့ဟာ ကရင်တမျိုးသားလုံးက လက်ခံအသိအမှတ်ပြုထားတဲ့ ကရင်အမျိုးသားအာဇာနည်နေ့ဖြစ်ပြီး ကရင့်သမိုင်းတလျောက် သား စဉ်မျိုးဆက်အခမ်းအနားတွေကို  နှစ်စဉ်ကျင်းပလာတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားအာဇာနည်နေ့ကို တိုင်းရင်းသားလူမျိုးတွေရဲ့ မတူကွဲပြားတဲ့ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနဲ့ အမျိုးသားလက္ခဏာတွေကို အသိအမှတ်ပြုပြီး ပြည်ထောင်စုလက္ခဏာတရပ်ကို နိုင်ငံသားအားလုံးစုပေါင်းဖော်ဆောင်ရန် ဆိုတဲ့ သဘောတညီချက်အရ နှစ်စဉ် ကျင်းပမယ်လို့လည်း  ထုတ်ပြန်ထားပါတယ်။ နော်အုန်းလှ အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံ ချင်းမိုင်ကောင်စစ်ဝန်ရုံးရှေ့မှာ ထိုင်းရောက် ကရင်တိုင်းရင်းသားတွေ သွားရောက်တောင်းဆိုခဲ့ပါသေးတယ်။ အလားတူ နော်အုန်းလှနဲ့ ကရင်လူငယ်နှစ်ဦး တရားစွဲဆို ဖမ်းဆီးခံထားရတာကို ပြန်ရုပ်သိမ်းပေးဖို့  KNU Concern Group၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်-KPSNတို့ကလည်း သဘောထား ထုတ်ပြန်ကြေညာထားပါတယ်။ နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းရှိ ကရင်လူမှုအသိုင်းအဝိုင်းကလည်း ဒီကိစ္စအပေါ် အပြင်းအထန်ဝေဖန်ရှုတ်ချခဲ့ပြပါတယ်။  နော်အုန်းလှအပါအဝင် ၃ ဦးကို ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။  သူနဲ့အမှုတွဲ လူငယ် ၂ ဦးကလည်း ဒီကနေ့ရုံးထုတ်မှာလာရောက်ခဲ့ပြီး အာမခံမယူပဲ လာမယ့် စက်တင်ဘာ ၂၄ ရက် ရုံးပြန်ချိန်းဆိုထားပါတယ်။  သြဂုတ် ၁၂ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့တဲ့ ကရင်အာဇာနည်နေ့ အခမ်းအနားမှာ ကရင်အာဇာနည်နေ့လို့ မသုံးစွဲဖို့ အကြောင်းကြားပေမယ့် လိုက်နာခြင်း မရှိတဲ့အတွက် နော်အုန်းလှ အပါအဝင် သုံးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဓာတ်ပုံ - မင်းနေထူး
ကရင္အာဇာနည္ေန႔ က်င္းပခဲ့သျဖင့္ ဖမ္းဆီးတရားစြဲဆိုခံရသူ ၃ ဦးကို လႊတ္ေပးရန္ေတာင္းဆို ေနာ္ႏိုရင္း ရန္ကုန္ၿမိဳ႕မွာ ကရင္အာဇာနည္ေန႔ အခမ္းအနားက်င္းပခဲ့တာေၾကာင့္ ဖမ္းဆီးတရားစြဲဆို ခံရတဲ့ ေနာ္အုန္းလွအပါအ၀င္ ၃ ဦးကို ျပန္လႊတ္ေပးဖို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးအပါအဝင္ ကရင္အဖြဲ႕အစည္းေတြက ေတာင္းဆိုၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ခြင့္ျပဳခ်က္မရဘဲ ကရင္အမ်ိဳးသားအာဇာနည္ေန႔ကို ဦးေဆာင္က်င္းပခဲ့လို႔ ဆိုၿပီး ဖမ္းဆီးခံထားရတဲ့ ကရင္အမ်ိဳးသမီးအစည္းအ႐ုံး( KWU) ဥကၠ႒ ေနာ္အုန္းလွနဲ႔ တရားစြဲဆို ခံထားရတဲ့ ကရင္လူငယ္ ေစာအဲလ္ဘတ္ခ်ိဳနဲ႔ စသိန္းေဇာ္မင္းတို႔အား ႁခြင္းခ်က္မရွိ အမႈ ႐ုပ္သိမ္းေပးဖို႔ KNUက စက္တင္ဘာလ ၁၆ ရက္ေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုခဲ့ပါတယ္။ ကရင္အမ်ိဳးသားအာဇာနည္ေန႔ဟာ ကရင္တမ်ိဳးသားလုံးက လက္ခံအသိအမွတ္ျပဳထားတဲ့ ကရင္အမ်ိဳးသားအာဇာနည္ေန႔ျဖစ္ၿပီး ကရင့္သမိုင္းတေလ်ာက္ သား စဥ္မ်ိဳးဆက္အခမ္းအနားေတြကို ႏွစ္စဥ္က်င္းပလာတာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ကရင္အမ်ိဳးသားအာဇာနည္ေန႔ကို တိုင္းရင္းသားလူမ်ိဳးေတြရဲ႕ မတူကြဲျပားတဲ့ ေနာက္ခံသမိုင္း၊ ႐ိုးရာယဥ္ေက်းမႈ၊ စာေပ၊ ဘာသာစကားနဲ႔ အမ်ိဳးသားလကၡဏာေတြကို အသိအမွတ္ျပဳၿပီး ျပည္ေထာင္စုလကၡဏာတရပ္ကို ႏိုင္ငံသားအားလုံးစုေပါင္းေဖာ္ေဆာင္ရန္ ဆိုတဲ့ သေဘာတညီခ်က္အရ ႏွစ္စဥ္ က်င္းပမယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။ ေနာ္အုန္းလွ အပါအဝင္ ၃ ဦးကို ျပန္လႊတ္ေပးဖို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ေကာင္စစ္ဝန္႐ုံးေရွ႕မွာ ထိုင္းေရာက္ ကရင္တိုင္းရင္းသားေတြ သြားေရာက္ေတာင္းဆိုခဲ့ပါေသးတယ္။ အလားတူ ေနာ္အုန္းလွနဲ႔ ကရင္လူငယ္ႏွစ္ဦး တရားစြဲဆို ဖမ္းဆီးခံထားရတာကို ျပန္႐ုပ္သိမ္းေပးဖို႔ KNU Concern Group၊ ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္-KPSNတို႔ကလည္း သေဘာထား ထုတ္ျပန္ေၾကညာထားပါတယ္။ ႏိုင္ငံတကာေရာက္ ကရင္အဖြဲ႕အစည္းေတြနဲ႔ ျပည္တြင္းရွိ ကရင္လူမႈအသိုင္းအဝိုင္းကလည္း ဒီကိစၥအေပၚ အျပင္းအထန္ေဝဖန္ရႈတ္ခ်ခဲ့ျပပါတယ္။ ေနာ္အုန္းလွအပါအဝင္ ၃ ဦးကို ဒီေန႔မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးမွာ ဒုတိယအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ သူနဲ႔အမႈတြဲ လူငယ္ ၂ ဦးကလည္း ဒီကေန႔႐ုံးထုတ္မွာလာေရာက္ခဲ့ၿပီး အာမခံမယူပဲ လာမယ့္ စက္တင္ဘာ ၂၄ ရက္ ႐ုံးျပန္ခ်ိန္းဆိုထားပါတယ္။ ၾသဂုတ္ ၁၂ ရက္က ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံေရွ႕မွာ က်င္းပခဲ့တဲ့ ကရင္အာဇာနည္ေန႔ အခမ္းအနားမွာ ကရင္အာဇာနည္ေန႔လို႔ မသုံးစြဲဖို႔ အေၾကာင္းၾကားေပမယ့္ လိုက္နာျခင္း မရွိတဲ့အတြက္ ေနာ္အုန္းလွ အပါအဝင္ သုံးဦးကို ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ႏွင့္ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၂၀ နဲ႔ အမႈဖြင့္ထားတာျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024