Home
မြန်မာသတင်း
မိုင်းရှူးမြို့နယ်က မွေးရာပါ ခြေ၊ လက်မူမမှန်သည့် ကလေးငယ် ၄ ဦး အကူအညီလိုအပ်နေ
နန်းမြနဒီ
·
September 17, 2019
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ နောင်အဲပ်ကျေးရွာမှာ မွေးရာပါ လက်နဲ့ခြေတော က်မူမမှန်ဖြစ်နေတဲ့ ပလောင်တိုင်းရင်းသားညီအစ်ကို ကလေးငယ်  ၄ ဦးတွေ့ရှိရပြီး သူတို့မိသားစုအတွက် စားဝတ်နေရေး အကူညီတွေလိုအပ်နေတယ်လို့ ကလေးငယ်တွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ စေတနာရှင်တဦးက ပြောပါတယ်။  လဲချားမြို့မှာ အရောင်းအဝယ်လုပ်နေတဲ့ နန်းမြမွှမ်းဆိုသူ အမျိုးသမီး ၁ ဦးက လူမှု ကွန်ရက်ပေါ်က ခြေလက်အင်္ဂါ ထူးဆန်းစွာပုံမမှန်ဖြစ်နေတဲ့ ကလေးဓာတ်ပုံကိုတွေ့မိပြီး ကူညီလိုတဲ့စိတ်ပေါ်လာတာကြောင့် ကလေးတွေရှိတဲ့နေရာကို စုံစမ်းမေးမြန်းကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က သွားရောက်တွေ့ဆုံခဲ့ တယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ် ။  “ခြေချောင်းလက်ချောင်းတွေ သူများနဲ့မတူဘဲ ငှက်ခြေထောက်လိုဖြစ်နေတဲ့ ကလေး ဓာတ်ပုံ တွေ့ပြီး စုံစမ်းကြည့်တော့ မိုင်းရှူးမြို့နယ် နောင်အဲပ်ကျေးရွာကလို့ ဆိုတာနဲ့ လပြည့်နေ့က ကားငှား ပြီး သွားကြည့်ခဲ့တယ်။ သူတို့နေရာရောက်ဖို့ ခက်ခက်ခဲခဲသွား ရပါတယ်။ မြန်မာ စစ်တပ်ဂိတ်တွေ ရော၊ ရှမ်းစစ်တပ်ဂိတ်တွေရော အစစ်ဆေးခံပြီးမှ သွားရတယ်။ ဘယ်လောက်ဝေးလဲတော့ မသိဘူး။ လဲချားကနေ မနက် ၈ နာရီထွက်တာ နေ့လယ် ၁၂  နာရီမှရောက်သွားတယ်။ တရွာပြီးတရွာ လိုက်မေးသွားတာ၊ သူတို့ရွာက အိမ်ခြေ ဆယ်ဂဏန်းလောက်ပဲ ရှိတဲ့ ပလောင်ရွာလေးပါ။ ရွာနားရောက် တော့ အဖိုးကြီး တယောက်ကို ဓာတ်ပုံပြပြီး ဒီကလေးတွေ ဒီရွာကလား၊ သူတို့ကို သွားကူချင်လို့ပါလို့ ပြောတော့ အဖိုးကြီးက ဟုတ်တယ်၊ သူတို့တအိမ်လုံး အဲလိုဖြစ်တာ လို့ပြောပြီး သူတို့ အိမ်လိုက်ပို့တယ်။ အိမ်က တဲသာသာလေး တော်တော်ချို့တဲ့ရှာပါတယ်၊ အရင်ဆုံး ၃ နှစ် အရွယ်ကလေးတယောက်က လေးဘက် ထောက်ပြီးထွက်လာတယ်၊ အဲဒီကလေးက သူ့ခြေထောက် ရော လက်တွေရော သစ်ပင်ရဲ့ အမြစ်တွေလိုဘဲ၊ ထိုးထိုးထောင်ထောင်နဲ့၊ ညီလဲမညီဘူး၊ သာမန် ခြေချောင်း လက်ချောင်း တွေမရှိလို့ ဒူးနဲ့ လေးဘက်ထောက်ပြီး သွားရတာ။” အဲဒီနောက် ကလေးတွေရဲ့ မိခင်ဖြစ်သူရော ၈ နှစ်ရွယ်ကလေးတယောက်ပါ ရောက်လာပြီး အဆိုပါ ကလေးမှာလည်း လက်ချောင်း ၄ ချောင်းရှည်ရှည်ကြဲကြဲနဲ့ ခြေချောင်း ၂ ချောင်းတုတ်တုတ်ကြီးသာပါရှိတယ်လို့ ဆိုပါတယ်။  မိခင်ရော ကလေးတွေမှာ ဖိနပ်မရှိလို့ ပါသွားတဲ့ဖိနပ်ကို ပေးခဲ့ပေမယ့် ကလေးက ဖိနပ်စီးလို့မရဘဲ အဝတ်အစား၊ အသုံးအဆောင်နဲ့ ငွေကြေးအချို့ ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါ တယ်။  ကလေးမိခင်ဖြစ်သူ နန်းထွမ်း (အသက် ၄၀ ကျော်) ပြောပြချက်အရ သူ့မှာ သား ၄ ယောက်ရှိပြီး ၄ ယောက် လုံး ခြေလက်တွေ အဲဒီလိုပုံစံမမှန်ဖြစ်နေကြောင်း၊  အကြီးဆုံးမှာ အသက် ၁၂ နှစ်၊ ဒုတိယသားမှာ ၁၀ နှစ်၊ တတိယသားမှာ ၈ နှစ်၊ အငယ်ဆုံးမှာ ၃ နှစ်ဖြစ်ပြီး လင်ယောကျာ်းဖြစ်သူကတော့ အငယ်ဆုံးသားကို မွေးလာတဲ့အချိန်မှာ မင်းနဲ့ရတဲ့ကလေးတိုင်း ဒီလိုချည်းဘဲလို့ ပစ်တင်ပြောဆိုကာ အိမ်ပေါ်ကဆင်းသွားပြီး ပြန်မလာတော့ဘူးလို့ ဆိုပါတယ်။  ပုံစံမမှန်တဲ့ကလေးတွေ မွေးလာပေမယ့်လည်း ဘယ်ဆေးရုံဆေးခန်းကိုမှ သွားမပြ ခဲ့ရကြောင်း၊ ခုလိုဖြစ်လာတာ သူတို့ရဲ့ ကုသိုလ်ကံအကြောင်းတရားကြောင့် ဖြစ်ရတာလို့ မိခင်က ပြောပြီး ရွာသားတွေကတော့ ကလေး တွေကိုယ်ဝန်ဆောင်စဉ်က သူတို့ဖခင်မှာ တောထဲမှာ ငှက်လိုက်ပစ်နေတာကြောင့် ဝဋ်လည်တာလို့ ပြောနေကြပါတယ်။  နန်းထွမ်းမှာ ပုံမမှန်တဲ့ ကလေး ၄ ယောက်ကို ခြံစိုက်ပြီးပင်ပန်းစွာရှာဖွေကျွေးမွေး ခဲ့ရကြောင်း၊ အကြီး ၂ ယောက်က သူများကျွဲနွားအငှါးလိုက်ကျောင်းသွားနေလို့ မတွေ့ခဲ့ ရဘူးလို့ ဆိုပါတယ် ။  သူတို့ရွာဟာ မြို့နဲ့အလွန်ဝေးပြီး တခြားဘုန်းကြီးကျောင်းရှိတဲ့ရွာနဲ့လည်း ၃ နာရီကြာ လမ်းလျှောက်ရသွားရတာကြောင့် ကလေးတွေကို ကျောင်းမထားနိုင်ကြောင်း၊ စေတနာရှင် နန်းမြမွမ်းအနေနဲ့ကတော့ ကလေးတွေ ပညာသင်ကြားခွင့်ရရေးအတွက် လဲချားပရဟိတ စာသင်ကျောင်းနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ ပြောပါတယ်။ အခုလို ကလေးတွေကို သွားရောက်ကူညီတာကတော့ အဖွဲ့အစည်းအနေနဲ့မဟုတ်ဘဲ သနားစိတ်နဲ့ သွားကူခဲ့တာဖြစ်ကြောင်း၊  ခြေလက်အင်္ဂါမူမမှန်တဲ့ကလေးနဲ့ မိခင်ကို ထောက်ပံ့ ကူညီလိုပါက နန်းမြမွမ်း ဖုန်းနံပတ် ၀၉ ၄၀၄၆ ၄၃၂၈၈ သို့ ဆက်သွယ်နိုင်ပါတယ်။  Photo: Nang Mya Moon
မိုင္းရွဴးၿမိဳ႕နယ္က ေမြးရာပါ ေျခ၊ လက္မူမမွန္သည့္ ကေလးငယ္ ၄ ဦး အကူအညီလိုအပ္ေန နန္းျမနဒီ ရွမ္းျပည္ေတာင္ပိုင္း၊ မိုင္းရွဴးၿမိဳ႕နယ္၊ ေနာင္အဲပ္ေက်း႐ြာမွာ ေမြးရာပါ လက္နဲ႔ေျခေတာ က္မူမမွန္ျဖစ္ေနတဲ့ ပေလာင္တိုင္းရင္းသားညီအစ္ကို ကေလးငယ္ ၄ ဦးေတြ႕ရွိရၿပီး သူတို႔မိသားစုအတြက္ စားဝတ္ေနေရး အကူညီေတြလိုအပ္ေနတယ္လို႔ ကေလးငယ္ေတြကို သြားေရာက္ ေတြ႕ဆုံခဲ့တဲ့ ေစတနာရွင္တဦးက ေျပာပါတယ္။ လဲခ်ားၿမိဳ႕မွာ အေရာင္းအဝယ္လုပ္ေနတဲ့ နန္းျမမႊမ္းဆိုသူ အမ်ိဳးသမီး ၁ ဦးက လူမႈ ကြန္ရက္ေပၚက ေျခလက္အဂၤါ ထူးဆန္းစြာပုံမမွန္ျဖစ္ေနတဲ့ ကေလးဓာတ္ပုံကိုေတြ႕မိၿပီး ကူညီလိုတဲ့စိတ္ေပၚလာတာေၾကာင့္ ကေလးေတြရွိတဲ့ေနရာကို စုံစမ္းေမးျမန္းကာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၃ ရက္က သြားေရာက္ေတြ႕ဆုံခဲ့ တယ္လို႔ ကာယကံရွင္က ဒီဗြီဘီကို ေျပာပါတယ္ ။ “ေျခေခ်ာင္းလက္ေခ်ာင္းေတြ သူမ်ားနဲ႔မတူဘဲ ငွက္ေျခေထာက္လိုျဖစ္ေနတဲ့ ကေလး ဓာတ္ပုံ ေတြ႕ၿပီး စုံစမ္းၾကည့္ေတာ့ မိုင္းရွဴးၿမိဳ႕နယ္ ေနာင္အဲပ္ေက်း႐ြာကလို႔ ဆိုတာနဲ႔ လျပည့္ေန႔က ကားငွား ၿပီး သြားၾကည့္ခဲ့တယ္။ သူတို႔ေနရာေရာက္ဖို႔ ခက္ခက္ခဲခဲသြား ရပါတယ္။ ျမန္မာ စစ္တပ္ဂိတ္ေတြ ေရာ၊ ရွမ္းစစ္တပ္ဂိတ္ေတြေရာ အစစ္ေဆးခံၿပီးမွ သြားရတယ္။ ဘယ္ေလာက္ေဝးလဲေတာ့ မသိဘူး။ လဲခ်ားကေန မနက္ ၈ နာရီထြက္တာ ေန႔လယ္ ၁၂ နာရီမွေရာက္သြားတယ္။ တ႐ြာၿပီးတ႐ြာ လိုက္ေမးသြားတာ၊ သူတို႔႐ြာက အိမ္ေျခ ဆယ္ဂဏန္းေလာက္ပဲ ရွိတဲ့ ပေလာင္႐ြာေလးပါ။ ႐ြာနားေရာက္ ေတာ့ အဖိုးႀကီး တေယာက္ကို ဓာတ္ပုံျပၿပီး ဒီကေလးေတြ ဒီ႐ြာကလား၊ သူတို႔ကို သြားကူခ်င္လို႔ပါလို႔ ေျပာေတာ့ အဖိုးႀကီးက ဟုတ္တယ္၊ သူတို႔တအိမ္လုံး အဲလိုျဖစ္တာ လို႔ေျပာၿပီး သူတို႔ အိမ္လိုက္ပို႔တယ္။ အိမ္က တဲသာသာေလး ေတာ္ေတာ္ခ်ိဳ႕တဲ့ရွာပါတယ္၊ အရင္ဆုံး ၃ ႏွစ္ အ႐ြယ္ကေလးတေယာက္က ေလးဘက္ ေထာက္ၿပီးထြက္လာတယ္၊ အဲဒီကေလးက သူ႔ေျခေထာက္ ေရာ လက္ေတြေရာ သစ္ပင္ရဲ႕ အျမစ္ေတြလိုဘဲ၊ ထိုးထိုးေထာင္ေထာင္နဲ႔၊ ညီလဲမညီဘူး၊ သာမန္ ေျခေခ်ာင္း လက္ေခ်ာင္း ေတြမရွိလို႔ ဒူးနဲ႔ ေလးဘက္ေထာက္ၿပီး သြားရတာ။” အဲဒီေနာက္ ကေလးေတြရဲ႕ မိခင္ျဖစ္သူေရာ ၈ ႏွစ္႐ြယ္ကေလးတေယာက္ပါ ေရာက္လာၿပီး အဆိုပါ ကေလးမွာလည္း လက္ေခ်ာင္း ၄ ေခ်ာင္းရွည္ရွည္ႀကဲႀကဲနဲ႔ ေျခေခ်ာင္း ၂ ေခ်ာင္းတုတ္တုတ္ႀကီးသာပါရွိတယ္လို႔ ဆိုပါတယ္။ မိခင္ေရာ ကေလးေတြမွာ ဖိနပ္မရွိလို႔ ပါသြားတဲ့ဖိနပ္ကို ေပးခဲ့ေပမယ့္ ကေလးက ဖိနပ္စီးလို႔မရဘဲ အဝတ္အစား၊ အသုံးအေဆာင္နဲ႔ ေငြေၾကးအခ်ိဳ႕ ကူညီေထာက္ပံ့ခဲ့တယ္လို႔ သိရပါ တယ္။ ကေလးမိခင္ျဖစ္သူ နန္းထြမ္း (အသက္ ၄၀ ေက်ာ္) ေျပာျပခ်က္အရ သူ႔မွာ သား ၄ ေယာက္ရွိၿပီး ၄ ေယာက္ လုံး ေျခလက္ေတြ အဲဒီလိုပုံစံမမွန္ျဖစ္ေနေၾကာင္း၊ အႀကီးဆုံးမွာ အသက္ ၁၂ ႏွစ္၊ ဒုတိယသားမွာ ၁၀ ႏွစ္၊ တတိယသားမွာ ၈ ႏွစ္၊ အငယ္ဆုံးမွာ ၃ ႏွစ္ျဖစ္ၿပီး လင္ေယာက်ာ္းျဖစ္သူကေတာ့ အငယ္ဆုံးသားကို ေမြးလာတဲ့အခ်ိန္မွာ မင္းနဲ႔ရတဲ့ကေလးတိုင္း ဒီလိုခ်ည္းဘဲလို႔ ပစ္တင္ေျပာဆိုကာ အိမ္ေပၚကဆင္းသြားၿပီး ျပန္မလာေတာ့ဘူးလို႔ ဆိုပါတယ္။ ပုံစံမမွန္တဲ့ကေလးေတြ ေမြးလာေပမယ့္လည္း ဘယ္ေဆး႐ုံေဆးခန္းကိုမွ သြားမျပ ခဲ့ရေၾကာင္း၊ ခုလိုျဖစ္လာတာ သူတို႔ရဲ႕ ကုသိုလ္ကံအေၾကာင္းတရားေၾကာင့္ ျဖစ္ရတာလို႔ မိခင္က ေျပာၿပီး ႐ြာသားေတြကေတာ့ ကေလး ေတြကိုယ္ဝန္ေဆာင္စဥ္က သူတို႔ဖခင္မွာ ေတာထဲမွာ ငွက္လိုက္ပစ္ေနတာေၾကာင့္ ဝဋ္လည္တာလို႔ ေျပာေနၾကပါတယ္။ နန္းထြမ္းမွာ ပုံမမွန္တဲ့ ကေလး ၄ ေယာက္ကို ၿခံစိုက္ၿပီးပင္ပန္းစြာရွာေဖြေကြၽးေမြး ခဲ့ရေၾကာင္း၊ အႀကီး ၂ ေယာက္က သူမ်ားကြၽဲႏြားအငွါးလိုက္ေက်ာင္းသြားေနလို႔ မေတြ႕ခဲ့ ရဘူးလို႔ ဆိုပါတယ္ ။ သူတို႔႐ြာဟာ ၿမိဳ႕နဲ႔အလြန္ေဝးၿပီး တျခားဘုန္းႀကီးေက်ာင္းရွိတဲ့႐ြာနဲ႔လည္း ၃ နာရီၾကာ လမ္းေလွ်ာက္ရသြားရတာေၾကာင့္ ကေလးေတြကို ေက်ာင္းမထားႏိုင္ေၾကာင္း၊ ေစတနာရွင္ နန္းျမမြမ္းအေနနဲ႔ကေတာ့ ကေလးေတြ ပညာသင္ၾကားခြင့္ရေရးအတြက္ လဲခ်ားပရဟိတ စာသင္ေက်ာင္းနဲ႔ ခ်ိတ္ဆက္ေပးသြားမယ္လို႔ ေျပာပါတယ္။ အခုလို ကေလးေတြကို သြားေရာက္ကူညီတာကေတာ့ အဖြဲ႕အစည္းအေနနဲ႔မဟုတ္ဘဲ သနားစိတ္နဲ႔ သြားကူခဲ့တာျဖစ္ေၾကာင္း၊ ေျခလက္အဂၤါမူမမွန္တဲ့ကေလးနဲ႔ မိခင္ကို ေထာက္ပံ့ ကူညီလိုပါက နန္းျမမြမ္း ဖုန္းနံပတ္ ၀၉ ၄၀၄၆ ၄၃၂၈၈ သို႔ ဆက္သြယ္ႏိုင္ပါတယ္။ Photo: Nang Mya Moon
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024