နောက်တန်းကစားသမားတွေကြောင့် မန်စီးတီးအသင်း ချန်ပီယံ မဖြစ်နိုင်ဟု  ဝေဖန်ခံရ

နောက်တန်းကစားသမား အော်တာမန်ဒီနဲ့ ဂျွန်စတုန်း အတွဲဟာ မန်စီးတီးအသင်းကို ချန်ပီယံဖြစ်စေမှာ မဟုတ်ဘူးလို့  ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့က ဝေဖန်လိုက်ပါတယ်။ မန်စီးတီးအသင်းဟာ နောဝှစ်ချ်စီးတီးနဲ့ ပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဇန်နဝါရီလနောက်ပိုင်း ပထဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ နောက်ခံလူ လာပေါ်တေး ဒဏ်ရာရနေတာကြောင့် အော်တာမန်ဒီနဲ့ ဂျွန်စတုန်းတို့က မန်စီးတီး ခံစစ်ကို ဦးဆောင်ကစားသွားခဲ့တာပါ။ ဂျွန်စတုန်းနဲ့ အော်တာမန်ဒီတို့ဟာ ခံစစ်အတွဲဟာ နောဝှစ်ချ်အသင်း တိုက်စစ်ကို အကောင်းဆုံး မထိန်းချုပ်နိုင်ခဲ့ဘဲ အမှားအယွင်းများခဲ့တာ ဖြစ်ပါတယ်။ စကိုင်းစပေါ့မှာ ဘောလုံးကျွမ်းကျင်သူတွေအဖြစ် သုံးသပ်တင်ဆက်ခဲ့ကြတဲ့ ဂယ်ရီနဗီးလ်က လက်ရှိ ခံစစ်အတွဲနဲ့ မန်စီးတီးအသင်း ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ဝေဖန်ပါတယ်။ ကာရေဂါကတော့ စတုန်းဟာ အာရုံစူးစိုက်မှုမရှိဘဲ ဘယ်လို ကစားသမားကို ပြေးကပ်ရမယ် ဆိုတာ မသိသလို အော်တာမန်ဒီဟာလည်း ဒိုင်ဗင်ထိုး ဖျက်ထုတ်ဖို့ပဲ အားသန်တဲ့ ကစားသမားဖြစ်ပြီး မန်စီးတီးအသင်းအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ကာရေဂါက ဝေဖန်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနာက္တန္းကစားသမားေတြေၾကာင့္ မန္စီးတီးအသင္း ခ်န္ပီယံ မျဖစ္ႏိုင္ဟု  ေဝဖန္ခံရ ေနာက္တန္းကစားသမား ေအာ္တာမန္ဒီနဲ႔ ဂြၽန္စတုန္း အတြဲဟာ မန္စီးတီးအသင္းကို ခ်န္ပီယံျဖစ္ေစမွာ မဟုတ္ဘူးလို႔  ဂယ္ရီနဗီးလ္နဲ႔ ကာေရဂါတို႔က ေဝဖန္လိုက္ပါတယ္။ မန္စီးတီးအသင္းဟာ ေနာဝွစ္ခ်္စီးတီးနဲ႔ ပြဲစဥ္မွာ ၃ ဂိုး ၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရၿပီး ဇန္နဝါရီလေနာက္ပိုင္း ပထဆုံး ရႈံးပြဲ ႀကဳံေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာ ေနာက္ခံလူ လာေပၚေတး ဒဏ္ရာရေနတာေၾကာင့္ ေအာ္တာမန္ဒီနဲ႔ ဂြၽန္စတုန္းတို႔က မန္စီးတီး ခံစစ္ကို ဦးေဆာင္ကစားသြားခဲ့တာပါ။ ဂြၽန္စတုန္းနဲ႔ ေအာ္တာမန္ဒီတို႔ဟာ ခံစစ္အတြဲဟာ ေနာဝွစ္ခ်္အသင္း တိုက္စစ္ကို အေကာင္းဆုံး မထိန္းခ်ဳပ္ႏိုင္ခဲ့ဘဲ အမွားအယြင္းမ်ားခဲ့တာ ျဖစ္ပါတယ္။ စကိုင္းစေပါ့မွာ ေဘာလုံးကြၽမ္းက်င္သူေတြအျဖစ္ သုံးသပ္တင္ဆက္ခဲ့ၾကတဲ့ ဂယ္ရီနဗီးလ္က လက္ရွိ ခံစစ္အတြဲနဲ႔ မန္စီးတီးအသင္း ခ်န္ပီယံ မျဖစ္ႏိုင္ဘူးလို႔ ေဝဖန္ပါတယ္။ ကာေရဂါကေတာ့ စတုန္းဟာ အာ႐ုံစူးစိုက္မႈမရွိဘဲ ဘယ္လို ကစားသမားကို ေျပးကပ္ရမယ္ ဆိုတာ မသိသလို ေအာ္တာမန္ဒီဟာလည္း ဒိုင္ဗင္ထိုး ဖ်က္ထုတ္ဖို႔ပဲ အားသန္တဲ့ ကစားသမားျဖစ္ၿပီး မန္စီးတီးအသင္းအတြက္ လုံေလာက္တဲ့ စြမ္းေဆာင္ရည္ မရွိတဲ့ ကစားသမားေတြ ျဖစ္တယ္လို႔ ကာေရဂါက ေဝဖန္ခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up