A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် အာဖရိကဝက်တုပ်ကွေးရောဂါပိုး ပထမဆုံး တွေ့ရှိ

Photo : REUTERS/Ryan Woo
တောင်ကိုရီးယားနိုင်ငံ ပါဂျူမြို့က ဝက်မွေးမြူရေးခြံမှာ အာဖရိက ဝက်တုပ်ကွေးရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် တနိုင်ငံလုံးမှာ ဝက်တုပ်ကွေးရောဂါ သတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်တယ်လို့ တောင်ကိုရီးယား စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။ ပါဂျူမြို့ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်နားမှာ တည်ရှိပါတယ်။  မေလနှောင်းပိုင်းက အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး လေးလနီးပါးအကြာမှာပဲ တောင်ကိုရီးယားမှာလည်း အဲဒီ ရောဂါပိုး တွေ့ရပါတယ်။ ရောဂါပြန့်ပွားမှု တားမြစ်ဖို့ ဝက်အကောင်ရေ ၄၀၀၀ လောက်ကို သုတ်သင် ရှင်းလင်းသွားမယ်လို့ တောင်ကိုရီးယား စိုက်ပျိုးမွေးမြူရေး ဝန်ကြီး ကင်မ်ယွန်ဆိုက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အာဖရိက ဝက်တုပ်ကွေးရောဂါဟာ ကူးစက်မှုနှုန်း မြန်ပြီး ရောဂါကူးစက်ခံရတဲ့ တိရစ္ဆာန်တွေ သေဆုံးတဲ့အထိ ပြင်းထန်ပေမယ့် လူတွေကိုတော့ မကူးစက်နိုင်ပါဘူး။  ဒါ့အပြင် လက်ရှိအချိန်ထိ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အဲဒီရောဂါဟာ ဝက်တွေနဲ့ တောရိုင်းဝက်ဝံတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး မွှားကိုက်တာ၊ တိရစ္ဆာန်ချင်း တိုက်ရိုက်ထိတွေ့တာတွေကနေ ကူးစက်လေ့ ရှိပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေတာင္ကိုရီးယားတြင္ အာဖရိကဝက္တုပ္ေကြးေရာဂါပိုး ပထမဆုံး ေတြ႕ရွိ ေတာင္ကိုရီးယားႏိုင္ငံ ပါဂ်ဴၿမိဳ႕က ဝက္ေမြးျမဴေရးၿခံမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါပိုး ပထမဆုံး ေတြ႕ရွိခဲ့ၿပီးေနာက္ တႏိုင္ငံလုံးမွာ ဝက္တုပ္ေကြးေရာဂါ သတိေပးခ်က္ အျမင့္ဆုံးအဆင့္ ထုတ္ျပန္လိုက္တယ္လို႔ ေတာင္ကိုရီးယား စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီးဌာနက စက္တင္ဘာ ၁၇ ရက္ေန႔မွာ ေျပာပါတယ္။ ပါဂ်ဴၿမိဳ႕ဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ နယ္စပ္နားမွာ တည္ရွိပါတယ္။  ေမလေႏွာင္းပိုင္းက အိမ္နီးခ်င္း ေျမာက္ကိုရီးယားႏိုင္ငံမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြားၿပီး ေလးလနီးပါးအၾကာမွာပဲ ေတာင္ကိုရီးယားမွာလည္း အဲဒီ ေရာဂါပိုး ေတြ႕ရပါတယ္။ ေရာဂါျပန႔္ပြားမႈ တားျမစ္ဖို႔ ဝက္အေကာင္ေရ ၄၀၀၀ ေလာက္ကို သုတ္သင္ ရွင္းလင္းသြားမယ္လို႔ ေတာင္ကိုရီးယား စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီး ကင္မ္ယြန္ဆိုက အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ အာဖရိက ဝက္တုပ္ေကြးေရာဂါဟာ ကူးစက္မႈႏႈန္း ျမန္ၿပီး ေရာဂါကူးစက္ခံရတဲ့ တိရစာၦန္ေတြ ေသဆုံးတဲ့အထိ ျပင္းထန္ေပမယ့္ လူေတြကိုေတာ့ မကူးစက္ႏိုင္ပါဘူး။  ဒါ့အျပင္ လက္ရွိအခ်ိန္ထိ ကာကြယ္ေဆးလည္း မရွိေသးပါဘူး။ အဲဒီေရာဂါဟာ ဝက္ေတြနဲ႔ ေတာ႐ိုင္းဝက္ဝံေတြမွာ အမ်ားဆုံး ျဖစ္ပြားေလ့ရွိၿပီး မႊားကိုက္တာ၊ တိရစာၦန္ခ်င္း တိုက္႐ိုက္ထိေတြ႕တာေတြကေန ကူးစက္ေလ့ ရွိပါတယ္။

A d v e r t i s e m e n t With Us

More News
Up