Home
မြန်မာသတင်း
မြန်မာအတွက် ရာဇဝတ် ခုံရုံးတခုဖွဲ့စည်းရန် ကုလလုံခြုံရေးကောင်စီကို တိုက်တွန်း
ပိုင်စိုး
·
September 17, 2019
ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါတို့အတွက် ဖွဲ့စည်းခဲ့သလို မြန်မာအတွက် လက်တန်းရာဇဝတ် ခုံရုံးတခု တည်ထောင်ဖို့ ကုလ အချက်အလက်ရှာဖွေရေး မစ်ရှင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်း လိုက်ပါတယ်။ ဒီနေ့မှာ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ့် အစီရင်ခံစာအသစ်အတွက် ထုတ်ပြန် ပြောဆို လိုက်တာပါ။  မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို လွှဲအပ်ဖို့၊ ဒါမှမဟုတ် အရင်က ယူဂိုဆလားဗီးယားနဲ့ ရဝမ်ဒါတို့အတွက် ဖွဲ့စည်းခဲ့သလို လက်တန်းရာဇဝတ်ခုံရုံးတခု တည်ထောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနဲ့ လူသားချင်း စာနာထောက်ထားမှု ဥပဒေချိုးဖောက်တာတွေကို တားမြစ်ဖို့အတွက် နိုင်ငံ တနိုင်ငံရဲ့ တာဝန်ဝတ္တရားကို မြန်မာနိုင်ငံက ပျက်ကွက်ခဲ့တယ်လို့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပြီး ၁၉၄၈ ဂျီနီဗာ ကွန်ဗင်းရှင်းလက်အောက်က ဝတ္တရားတွေကို ပျက်ကွက်ခဲ့တာက အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံး (ICJ) မှာ တရားစွဲနိုင်တယ်လို့ အဓိပ္ပာယ်ထွက်တယ်လို့ ဆိုပါတယ်။ မြန်မာ့စစ်တပ်လက်အောက်မှာ ခွဲခြားနှိမ့်ချ ဆက်ဆံတာနဲ့ ရက်စက်တာတွေကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေရဲ့ ခံစားချက်ဟာ တစုနဲ့ တစု မတူပေမယ့် အားလုံးမှာ ဘုံ ခံစားချက်ရှိနေတယ်လို့ သူတို့က ဆိုပါတယ်။ တပ်မတော်က တိုင်းရင်းသားလူနည်းစုတွေကို နှစ်ပေါင်းဆယ်ချီတိုက်ခိုက်တာတွေကြောင့် ဖြစ်လာတဲ့ လူ့အခွင့်အရေး အလွဲသုံးစားလုပ်တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်အသစ်တွေ အများကြီးကို ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အေအေနဲ့ တပ်မတော်တို့ရဲ့ ပဋိပက္ခတွေမှာ အရပ်သားတွေက လက်နက်ကိုင်တွေကို မထောက်ပံ့နိုင်အောင် ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်သွေးကြောကို ဖြတ်တောက်ထားပြီး လွတ်လွတ်လပ်လပ် သွားလာခွင့်ကိုရော၊ လူသားချင်းစာနာထောက်ထားမှု တွေ မဝင်နိုင်အောင်လည်း ကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။ အစီရင်ခံစာမှာ ရခိုင်ပြည်မြောက်ပိုင်းက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ ချိုးဖောက်ထားတာတွေကို အသေးစိတ်ဖော်ပြထားပြီး သောင်းကျန်းသူတွေ လို့ မသင်္ကာခံရသူတွေကို ဆိုးဆိုးရွားရွားဆက်ဆံ ညှဉ်းပန်းနှိပ်စက်တာတွေ ရှိတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။  ဒီအချက်အလက်တွေကို မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အသစ်ဆီကို လွှဲပြောင်းပေးခဲ့ပြီလို့လည်း ဆိုပါတယ်။ ပြည်တွင်းမှာ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ကလွတ်နေတဲ့ နောက်ခံအခြေအနေကြောင့် တာဝန်ခံမှု ရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေးရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အများသိစေဖို့ ကြေညာခဲ့တဲ့ စစ်ဗိုလ်ချုပ် ၆ ယောက်အပြင် အရာရှိတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ လူ ၁၀၀ ကျော်ရဲ့ နာမည်စာရင်းကိုတော့ မစ်ရှင်က လျှို့ဝှက်ထိန်းသိမ်းထားပါတယ်။ ဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်နဲ့ ကရင်ပြည်နယ်တို့က နစ်နာသူတွေနဲ့ မျက်မြင်တွေကို တွေ့ဆုံမေးမြန်းထားတာပါ။
ျမန္မာအတြက္ ရာဇဝတ္ ခုံ႐ုံးတခုဖြဲ႕စည္းရန္ ကုလလုံၿခဳံေရးေကာင္စီကို တိုက္တြန္း ပိုင္စိုး ယူဂိုဆလားဗီးယားနဲ႔ ရဝမ္ဒါတို႔အတြက္ ဖြဲ႕စည္းခဲ့သလို ျမန္မာအတြက္ လက္တန္းရာဇဝတ္ ခုံ႐ုံးတခု တည္ေထာင္ဖို႔ ကုလ အခ်က္အလက္ရွာေဖြေရး မစ္ရွင္က ကုလသမဂၢလုံၿခဳံေရးေကာင္စီကို တိုက္တြန္း လိုက္ပါတယ္။ ဒီေန႔မွာ လူ႔အခြင့္အေရးေကာင္စီကို တင္ျပမယ့္ အစီရင္ခံစာအသစ္အတြက္ ထုတ္ျပန္ ေျပာဆို လိုက္တာပါ။ ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈ တရား႐ုံးကို လႊဲအပ္ဖို႔၊ ဒါမွမဟုတ္ အရင္က ယူဂိုဆလားဗီးယားနဲ႔ ရဝမ္ဒါတို႔အတြက္ ဖြဲ႕စည္းခဲ့သလို လက္တန္းရာဇဝတ္ခုံ႐ုံးတခု တည္ေထာင္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီကို တိုက္တြန္းထားပါတယ္။ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ၊ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရး ဥပေဒနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ ဥပေဒခ်ိဳးေဖာက္တာေတြကို တားျမစ္ဖို႔အတြက္ ႏိုင္ငံ တႏိုင္ငံရဲ႕ တာဝန္ဝတၱရားကို ျမန္မာႏိုင္ငံက ပ်က္ကြက္ခဲ့တယ္လို႔ ဒီအစီရင္ခံစာမွာ ေဖာ္ျပထားၿပီး ၁၉၄၈ ဂ်ီနီဗာ ကြန္ဗင္းရွင္းလက္ေအာက္က ဝတၱရားေတြကို ပ်က္ကြက္ခဲ့တာက အျပည္ျပည္ဆိုင္ရာ တရားမွ်တမႈ တရား႐ုံး (ICJ) မွာ တရားစြဲႏိုင္တယ္လို႔ အဓိပၸာယ္ထြက္တယ္လို႔ ဆိုပါတယ္။ ျမန္မာ့စစ္တပ္လက္ေအာက္မွာ ခြဲျခားႏွိမ့္ခ် ဆက္ဆံတာနဲ႔ ရက္စက္တာေတြကို ခံခဲ့ရတဲ့ ျမန္မာႏိုင္ငံက တိုင္းရင္းသားလူမ်ိဳးေတြရဲ႕ ခံစားခ်က္ဟာ တစုနဲ႔ တစု မတူေပမယ့္ အားလုံးမွာ ဘုံ ခံစားခ်က္ရွိေနတယ္လို႔ သူတို႔က ဆိုပါတယ္။ တပ္မေတာ္က တိုင္းရင္းသားလူနည္းစုေတြကို ႏွစ္ေပါင္းဆယ္ခ်ီတိုက္ခိုက္တာေတြေၾကာင့္ ျဖစ္လာတဲ့ လူ႔အခြင့္အေရး အလြဲသုံးစားလုပ္တာေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္အသစ္ေတြ အမ်ားႀကီးကို ဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ရခိုင္ျပည္နယ္မွာျဖစ္ပြားေနတဲ့ ေအေအနဲ႔ တပ္မေတာ္တို႔ရဲ႕ ပဋိပကၡေတြမွာ အရပ္သားေတြက လက္နက္ကိုင္ေတြကို မေထာက္ပံ့ႏိုင္ေအာင္ ရခိုင္တိုင္းရင္းသားေတြရဲ႕ အသက္ေသြးေၾကာကို ျဖတ္ေတာက္ထားၿပီး လြတ္လြတ္လပ္လပ္ သြားလာခြင့္ကိုေရာ၊ လူသားခ်င္းစာနာေထာက္ထားမႈ ေတြ မဝင္ႏိုင္ေအာင္လည္း ကန႔္သတ္ထားတယ္လို႔လည္း ဆိုပါတယ္။ အစီရင္ခံစာမွာ ရခိုင္ျပည္ေျမာက္ပိုင္းက အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာ ေထာက္ထားမႈ ဥပေဒ ခ်ိဳးေဖာက္ထားတာေတြကို အေသးစိတ္ေဖာ္ျပထားၿပီး ေသာင္းက်န္းသူေတြ လို႔ မသကၤာခံရသူေတြကို ဆိုးဆိုး႐ြား႐ြားဆက္ဆံ ညႇဥ္းပန္းႏွိပ္စက္တာေတြ ရွိတာကို ေတြ႕ရတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီအခ်က္အလက္ေတြကို ျမန္မာႏိုင္ငံအတြက္ ကုလသမဂၢရဲ႕ စုံစမ္းစစ္ေဆးမႈ ယႏၲရား အသစ္ဆီကို လႊဲေျပာင္းေပးခဲ့ၿပီလို႔လည္း ဆိုပါတယ္။ ျပည္တြင္းမွာ ျပစ္မႈက်ဴးလြန္သူေတြ ျပစ္ဒဏ္ကလြတ္ေနတဲ့ ေနာက္ခံအေျခအေနေၾကာင့္ တာဝန္ခံမႈ ရွိေစဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက တြန္းအားေပးရမွာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က အမ်ားသိေစဖို႔ ေၾကညာခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ ၆ ေယာက္အျပင္ အရာရွိေတြ၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြနဲ႔ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ခဲ့တယ္လို႔ သံသယရွိတဲ့ လူ ၁၀၀ ေက်ာ္ရဲ႕ နာမည္စာရင္းကိုေတာ့ မစ္ရွင္က လွ်ိဳ႕ဝွက္ထိန္းသိမ္းထားပါတယ္။ ဒီအစီရင္ခံစာမွာ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း ရခိုင္၊ ခ်င္း၊ ရွမ္း၊ ကခ်င္နဲ႔ ကရင္ျပည္နယ္တို႔က နစ္နာသူေတြနဲ႔ မ်က္ျမင္ေတြကို ေတြ႕ဆုံေမးျမန္းထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024