လီဗာပူးက ၅ မှတ်အသာရနေပေမယ့် ပွဲမပြီးသေးဟု မန်စီးတီး နည်းပြပြော

1K
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးအသင်းက ၅ မှတ် ဖြတ်လိုက်ပေမယ့် ပွဲမပြီးဆုံးသေးကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ နောဝှစ်ချ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၅ မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးရှုံးပွဲနဲ့ တွေ့ခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ ၅ပွဲ ကစားပြီး ၅ ပွဲလုံး အနိုင်ရထားတဲ့အတွက် မန်စီးတီးအသင်းကို ရမှတ် ၅ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
လီဗာပူးအတွက် ဂုဏ်ယူပေမယ့်လည်း စက်တင်ဘာလထဲမှာပဲ ရှိသေးတာကြောင့် ရလဒ်ပိုင်း ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပြီး ပြန်လာခဲ့မယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ ကျေနပ်မိပေမယ့်လည်း အနိုင်ရဖို့အတွက် တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ လိုအပ်ခဲ့တယ်လို့လည်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
~~~~~~~~~~~~~~~~~~
Zawgyi_version
လီဗာပူးက ၅ မွတ္အသာရေနေပမယ့္ ပြဲမၿပီးေသးဟု မန္စီးတီး နည္းျပေျပာ
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ လီဗာပူးအသင္းက ၅ မွတ္ ျဖတ္လိုက္ေပမယ့္ ပြဲမၿပီးဆုံးေသးေၾကာင္း မန္စီးတီးနည္းျပ ဂြါဒီယိုလာက ေျပာပါတယ္။
မန္စီးတီးအသင္းဟာ ေနာဝွစ္ခ်္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ ၅ မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလေနာက္ပိုင္း ပထမဆုံးရႈံးပြဲနဲ႔ ေတြ႕ခဲ့ပါတယ္။ လီဗာပူးအသင္းကေတာ့ ၅ပြဲ ကစားၿပီး ၅ ပြဲလုံး အႏိုင္ရထားတဲ့အတြက္ မန္စီးတီးအသင္းကို ရမွတ္ ၅ မွတ္အထိျဖတ္ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတာ ျဖစ္ပါတယ္။
လီဗာပူးအတြက္ ဂုဏ္ယူေပမယ့္လည္း စက္တင္ဘာလထဲမွာပဲ ရွိေသးတာေၾကာင့္ ရလဒ္ပိုင္း ျပန္လည္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ၿပီး ျပန္လာခဲ့မယ္လို႔ မန္စီးတီး နည္းျပ ဂြါဒီယိုလာက ေျပာပါတယ္။
ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚမွာ ေက်နပ္မိေပမယ့္လည္း အႏိုင္ရဖို႔အတြက္ တိုက္စစ္ပိုင္းက အခြင့္အေရးေတြကို အသုံးခ်ႏိုင္ဖို႔ လိုအပ္ခဲ့တယ္လို႔လည္း နည္းျပ ဂြါဒီယိုလာက ေျပာပါတယ္။