Home
မြန်မာသတင်း
ဝန်ကြီးများနိုင်ငံခြားနှင့် လျှို့ဝှက်ဆက်သွယ်သူ မဖြစ်စေရေး အခြေခံဥပဒေပြင်ဆင်သည့် မူကြမ်းကို တပ်မတော်တင်သွင်း
ပိုင်စိုး
·
September 17, 2019
ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ နိုင်ငံခြားနဲ့ လျှို့ဝှက် ဆက်သွယ်သူတွေ မဖြစ်စေဖို့ အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက တင်သွင်းပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က တပ်မတော်သားကိုယ်စားလှယ် ၁၄၄ ယောက်က တင်သွင်းလိုက်တာလို့ ဒီနေ့ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယကက ကြေညာပါတယ်။ နိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း အခြေအနေတွေအရ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေ နိုင်ငံခြားနဲ့ လျှို့ဝှက်ဆက်သွယ်တာကို တားဆီးနိုင်ဖို့၊ ပြည်တွင်းရေးမှာ ပြည်ပနိုင်ငံတွေ ဝင်မစွက်ဖက်နိုင်ဖို့ အတွက်  ပြင်ဆင်တာ လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ (က) ပြည်ထောင်စု ဝန်ကြီးတွေရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့ ပုဒ်မ ၂၆၁ (က) မှာ နောက်ဆက်တွဲ အပိုဒ်ထပ်ဖြည့်လိုက်တာပါ။ ပြင်ဆင်ဖြည့်စွက်ဖို့ အဆိုပြုလာတာကတော့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေ ကိုယ်တိုင်၊ မိဘ တပါးပါး၊ ဇနီး ဒါမှမဟုတ် ခင်ပွန်း၊ တရားဝင် သားသမီး တယောက်ယောက်နဲ့ သူတို့ရဲ့ ဇနီး၊ ခင်ပွန်းတို့ဟာ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောင် ရိုသေသူ၊ နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံ မဖြစ်ရလို့ ဖော်ပြထားပါတယ်။ နိုင်ငံခြား အစိုးရရဲ့ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါးနိုင်ငံသားတွေ ခံစားရတဲ့ အခွင့်အရေးနဲ့ ကျေးဇူးခံစားခွင့်တွေကို ခံစားနိုင်ခွင့်ရှိသူ မဖြစ်စေရ လို့လည်း ဖော်ပြထားပါတယ်။ ဒီဥပဒေကြမ်းကို စက်တင်ဘာ ၁၀ ရက်က လက်ခံရရှိခဲ့ပြီး ဒါနဲ့ပတ်သက်လို့ လွှတ်တော် အစည်းအဝေးမှာ မဆွေးနွေးခင် အသေးစိတ်လေ့လာစိစစ်နိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် အားလုံးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ဒီနေ့ ဖွဲ့စည်းပေးခဲ့တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာပါတယ်။
ျပည္ေထာင္စုဝန္ႀကီးေတြနဲ႔ တိုင္း၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြဟာ ႏိုင္ငံျခားနဲ႔ လွ်ိဳ႕ဝွက္ ဆက္သြယ္သူေတြ မျဖစ္ေစဖို႔ အေျခခံဥပေဒျပင္ဆင္တဲ့ ဥပေဒမူၾကမ္းကို တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တင္သြင္းပါတယ္။ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသား လႊတ္ေတာ္က တပ္မေတာ္သားကိုယ္စားလွယ္ ၁၄၄ ေယာက္က တင္သြင္းလိုက္တာလို႔ ဒီေန႔ က်င္းပေနတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ နာယကက ေၾကညာပါတယ္။ ႏိုင္ငံရဲ႕ ေနာက္ခံ သမိုင္းေၾကာင္း အေျခအေနေတြအရ ဝန္ႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္ေတြ ႏိုင္ငံျခားနဲ႔ လွ်ိဳ႕ဝွက္ဆက္သြယ္တာကို တားဆီးႏိုင္ဖို႔၊ ျပည္တြင္းေရးမွာ ျပည္ပႏိုင္ငံေတြ ဝင္မစြက္ဖက္ႏိုင္ဖို႔ အတြက္  ျပင္ဆင္တာ လို႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၃၂ (က) ျပည္ေထာင္စု ဝန္ႀကီးေတြရဲ႕ အရည္အခ်င္းသတ္မွတ္ခ်က္နဲ႔ ပုဒ္မ ၂၆၁ (က) မွာ ေနာက္ဆက္တြဲ အပိုဒ္ထပ္ျဖည့္လိုက္တာပါ။ ျပင္ဆင္ျဖည့္စြက္ဖို႔ အဆိုျပဳလာတာကေတာ့ ဝန္ႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္ေတြ ကိုယ္တိုင္၊ မိဘ တပါးပါး၊ ဇနီး ဒါမွမဟုတ္ ခင္ပြန္း၊ တရားဝင္ သားသမီး တေယာက္ေယာက္နဲ႔ သူတို႔ရဲ႕ ဇနီး၊ ခင္ပြန္းတို႔ဟာ ႏိုင္ငံျခားအစိုးရရဲ႕ ေက်းဇူးသစၥာကို ခံယူေစာင့္ေရွာင္ ႐ိုေသသူ၊ ႏိုင္ငံျခားအစိုးရရဲ႕ လက္ေအာက္ခံ မျဖစ္ရလို႔ ေဖာ္ျပထားပါတယ္။ ႏိုင္ငံျခား အစိုးရရဲ႕ လက္ေအာက္ခံျဖစ္သူ၊ တိုင္းတပါးႏိုင္ငံသားေတြ ခံစားရတဲ့ အခြင့္အေရးနဲ႔ ေက်းဇူးခံစားခြင့္ေတြကို ခံစားႏိုင္ခြင့္ရွိသူ မျဖစ္ေစရ လို႔လည္း ေဖာ္ျပထားပါတယ္။ ဒီဥပေဒၾကမ္းကို စက္တင္ဘာ ၁၀ ရက္က လက္ခံရရွိခဲ့ၿပီး ဒါနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ အစည္းအေဝးမွာ မေဆြးေႏြးခင္ အေသးစိတ္ေလ့လာစိစစ္ႏိုင္ဖို႔အတြက္ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီဝင္ အားလုံးပါတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယ အႀကိမ္ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီ ဒီေန႔ ဖြဲ႕စည္းေပးခဲ့တယ္လို႔ ျပည္ေထာင္စု လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေၾကညာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024