အယ်လ်ဂျီးရီးယားသမ္မတ ရွေးကောက်ပွဲ ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပမည်

Photo : Reuters
အယ်လ်ဂျီးရီးယားသမ္မတ ရွေးကောက်ပွဲကို   ဒီဇင်ဘာ ၁၂ ရက်မှာ ကျင်းပသွားမယ်လို့ ယာယီသမ္မတ အက်ဘ်ဒီကာဒါဘန်ဆာလာက စက်တင်ဘာ ၁၅ ရက်က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။  သီတင်းပတ်ချီတဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာအပြီး ဧပြီလမှာ သမ္မတ အက်ဘ်ဒီလာဇစ် ဘူတီဖလီကာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အယ်လ်ဂျီးရီးယားနိုင်ငံဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရနဲ့ ဆန္ဒပြသူတွေအကြား လိပ်ခဲတည်းလည်း အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။  လာမယ့် ဒီဇင်ဘာရွေးကောက်ပွဲကို ကြီးကြပ်ဖို့ လွတ်လပ်တဲ့ရွေးကောက်ပွဲ ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ယာယီသမ္မတ ဘန်ဆာလာရှ်က ပြောပါတယ်။ ဒီဇင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်မှာ ကျန်တဲ့ အာဏာရအခွင့်ထူးခံလူတွေ ရာထူးက ဆင်းပေးကြဖို့ သောကြာနေ့က မြို့တော်အယ်လ်ဂျီးရီးယားမှာ  သောင်းချီတဲ့ နိုင်ငံသားတွေ စုဝေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။  အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ အင်အားကောင်းဆုံး အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်က ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေအကြား လိပ်ခဲတည်းလည်း အခြေအနေကိုရပ်ဖို့ သမ္မတ ရွေးကောက်ပွဲကို တတ်နိုင်သမျှ မြန်မြန်ကျင်းပချင်နေပါတယ်။  အယ်လ်ဂျီးရီးယားနိုင်ငံဟာ ဥရောပကို သဘာဝဓာတ်ငွေ့ အဓိကထောက်ပံ့တဲ့ နိုင်ငံဖြစ်ပြီး ဆာဟာရာနဲ့ ဆာဟဲလ်ဒေသမှာ အစ္စလာမ်မစ်စစ်သွေးကြွ နှိမ်နင်းရေး စစ်ဆင်ရေးမှာလည်း အမေရိကန်ရဲ့ မဟာမိတ် ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အယ္လ္ဂ်ီးရီးယားသမၼတ ေ႐ြးေကာက္ပြဲ ဒီဇင္ဘာ ၁၂ ရက္တြင္ က်င္းပမည္ အယ္လ္ဂ်ီးရီးယားသမၼတ ေ႐ြးေကာက္ပြဲကို   ဒီဇင္ဘာ ၁၂ ရက္မွာ က်င္းပသြားမယ္လို႔ ယာယီသမၼတ အက္ဘ္ဒီကာဒါဘန္ဆာလာက စက္တင္ဘာ ၁၅ ရက္က ႐ုပ္သံမိန႔္ခြန္းမွာ ေျပာပါတယ္။ သီတင္းပတ္ခ်ီတဲ့ လူထုဆႏၵျပပြဲေတြ ေပၚေပါက္လာအၿပီး ဧၿပီလမွာ သမၼတ အက္ဘ္ဒီလာဇစ္ ဘူတီဖလီကာ ရာထူးက ႏုတ္ထြက္သြားခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း အယ္လ္ဂ်ီးရီးယားႏိုင္ငံဟာ စစ္တပ္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အစိုးရနဲ႔ ဆႏၵျပသူေတြအၾကား လိပ္ခဲတည္းလည္း အေျခအေနနဲ႔ ရင္ဆိုင္ေနရတာပါ။ လာမယ့္ ဒီဇင္ဘာေ႐ြးေကာက္ပြဲကို ႀကီးၾကပ္ဖို႔ လြတ္လပ္တဲ့ေ႐ြးေကာက္ပြဲ ေကာ္မရွင္တရပ္ကိုလည္း ဖြဲ႕စည္းသြားမယ္လို႔ ယာယီသမၼတ ဘန္ဆာလာရွ္က ေျပာပါတယ္။ ဒီဇင္ဘာေ႐ြးေကာက္ပြဲ မတိုင္ခင္မွာ က်န္တဲ့ အာဏာရအခြင့္ထူးခံလူေတြ ရာထူးက ဆင္းေပးၾကဖို႔ ေသာၾကာေန႔က ၿမိဳ႕ေတာ္အယ္လ္ဂ်ီးရီးယားမွာ  ေသာင္းခ်ီတဲ့ ႏိုင္ငံသားေတြ စုေဝး ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ အယ္လ္ဂ်ီးရီးယားႏိုင္ငံရဲ႕ အင္အားေကာင္းဆုံး အဖြဲ႕အစည္းျဖစ္တဲ့ စစ္တပ္က ဆႏၵျပသူေတြနဲ႔ အာဏာပိုင္ေတြအၾကား လိပ္ခဲတည္းလည္း အေျခအေနကိုရပ္ဖို႔ သမၼတ ေ႐ြးေကာက္ပြဲကို တတ္ႏိုင္သမွ် ျမန္ျမန္က်င္းပခ်င္ေနပါတယ္။ အယ္လ္ဂ်ီးရီးယားႏိုင္ငံဟာ ဥေရာပကို သဘာဝဓာတ္ေငြ႕ အဓိကေထာက္ပံ့တဲ့ ႏိုင္ငံျဖစ္ၿပီး ဆာဟာရာနဲ႔ ဆာဟဲလ္ေဒသမွာ အစၥလာမ္မစ္စစ္ေသြးႂကြ ႏွိမ္နင္းေရး စစ္ဆင္ေရးမွာလည္း အေမရိကန္ရဲ႕ မဟာမိတ္ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up