ရာသီဥတု ပိုဆိုးမလာစေရေး အိုဇုန်းလွှာကို ဝိုင်း၀န်းထိန်းသိမ်းရန် ကရင်ဝန်ကြီးချုပ်တိုက်တွန်း

တောတောင်ရေမြေနဲ့ သဘာဝတွေ ပျက်သုဉ်း မသွားဖို့နဲ့ ရာသီဥတုတွေ ပိုမိုဆိုးဝါးမလာအောင် ကမ္ဘာ့အိုဇုန်းလွှာကို ဝိုင်း၀န်းထိန်းသိမ်းဖို့ ကရင်ပြည်နယ်၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တိုက်တွန်းလိုက်ပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ စက်တင်ဘာ ၁၆ ရက်မနက်ကပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။
ကရင်ပြည်နယ်၊ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “ကျမတို့ သတိနဲ့ပြန်ပြီးတော့ နေသင့်ပြီးဆိုတာ ကမ္ဘာ့အိုဇုန်းလွှာကြီးက ကျမတို့ကိုသတိပေးနေပြီ ဖြစ်တယ်။ ဒါကြောင့် နောက်ထပ်ပိုးဆိုးလာမယ့် ရာသီဥတုတွေမဖြစ်လာဖို့ ဝိုင်း၀န်းထိန်းသိမ်းကြပါ”လို့ တိုက်တွန်းလိုက်တာပါ။
ဘားအံမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းသား စောအောင်ချစ်မိုးက “သစ်တောပြန်းတီးမှုတွေကို ပိုမိုစောင့်ရှောက်ရမယ်။ ခေတ်မီတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် ခေတ်မီတဲ့ ပစ္စည်းတွေကို စနစ်တကျနဲ့သုံးရမယ်။ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ လက်ထောင်ညွှန်ကြားရေးမှူး ဉီးကြည်သာလှိုင်က “ကျနော်တို့ ပတ်ဝန်းကျင်မှာ မဏ္ဍိုင်ကြီး သုံးရပ်ရှိတယ်။ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုတဲ့ ဒီမဏ္ဍိုင်ကြီး သုံးရပ်ကို ကျနော်တို့တယောက်နဲ့တယောက် ချိတ်ဆက်ဆောင်ရွက်ခြင်းအားဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ပန်းတိုင်ကို ရောက်ရှိမယ်” လို့ ပြောပါတယ်။
အိုဇုန်းလွှာဟာ အိုဇုန်းအငွေ့တွေစုစည်းထားတဲ့ ပါးလွှာတဲ့ အငွေ့တန်းလေးဖြစ်ပြီး ကမ္ဘာ့မြေပြင်အထက် ၆ မိုင်ကနေ ၃၁ မိုင် အတွင်း ကမ္ဘာ့လေထုရဲ့ ဒုတိယအလွှာဖြစ်တဲ့ စထရက်တိုစဖီးယားအလွှာမှာ ဖွဲ့စည်းဖြစ်ပေါ်နေတာပါ။
အိုဇုန်းလွှာဟာ ကမ္ဘာ့မြေပြင်ပေါ်ကို ဘေးအန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် မကျရောက်အောင် ၉၅ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးထားတဲ့ သဘာ၀အကာအကွယ်ဒိုင်းကြီးတစ်ခုဖြစ်လို့ ကောင်းကင်မှာ အိုဇုန်း ၁ ရာခိုင်နှုန်းပျက်စီးရင် မြေပြင်မှာ ခရမ်းလွန်ရောင်ခြည် ၁ ရာခိုင်နှုန်းတိုးပွားလာမှာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
၃၂ နှစ်ကြာအောင်မြင်မှု အိုဇုန်းလွှာက သက်သေပြုဆောင်ပုဒ်အတိုင်း အောင်မြင်အောင်အစပြုခဲ့တဲ့ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်က အတည်ပြုခဲ့တဲ့ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်ပါအချက်တွေအတိုင်း အိုဇုန်းလွှာကို နိုင်ငံတကာက ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ခဲ့ကြလို့ အောင်မြင်မှုတွေ ရရှိလာခဲ့ကြတာပါ။
သတင်း- ရဲမင်းခေါင်
ရာသီဥတု ပိုဆိုးမလာေစေရး အိုဇုန္းလႊာကို ဝိုင္း၀န္းထိန္းသိမ္းရန္ ကရင္ဝန္ႀကီးခ်ဳပ္တိုက္တြန္း
DVB
ေတာေတာင္ေရေျမနဲ႔ သဘာဝေတြ ပ်က္သုဥ္း မသြားဖို႔နဲ႔ ရာသီဥတုေတြ ပိုမိုဆိုးဝါးမလာေအာင္ ကမာၻ႔အိုဇုန္းလႊာကို ဝိုင္း၀န္းထိန္းသိမ္းဖို႔ ကရင္ျပည္နယ္၊ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က တိုက္တြန္းလိုက္ပါတယ္။
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ဇြဲကပင္ခန္းမမွာ စက္တင္ဘာ ၁၆ ရက္မနက္ကျပဳလုပ္တဲ့ ၂၀၁၉ ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အခမ္းအနားမွာ အခုလို တိုက္တြန္းေျပာဆိုလိုက္တာပါ။
ကရင္ျပည္နယ္၊ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က “က်မတို႔ သတိနဲ႔ျပန္ၿပီးေတာ့ ေနသင့္ၿပီးဆိုတာ ကမာၻ႔အိုဇုန္းလႊာႀကီးက က်မတို႔ကိုသတိေပးေနၿပီ ျဖစ္တယ္။ ဒါေၾကာင့္ ေနာက္ထပ္ပိုးဆိုးလာမယ့္ ရာသီဥတုေတြမျဖစ္လာဖို႔ ဝိုင္း၀န္းထိန္းသိမ္းၾကပါ”လို႔ တိုက္တြန္းလိုက္တာပါ။
ဘားအံၿမိဳ႕၊ အမွတ္ ၂ အေျခခံပညာအထက္တန္းေက်ာင္းသား ေစာေအာင္ခ်စ္မိုးက “သစ္ေတာျပန္းတီးမႈေတြကို ပိုမိုေစာင့္ေရွာက္ရမယ္။ ေခတ္မီတဲ့ ႏိုင္ငံေတြျဖစ္တဲ့အတြက္ ေခတ္မီတဲ့ ပစၥည္းေတြကို စနစ္တက်နဲ႔သုံးရမယ္။ ျပည္သူေတြလည္း ပူးေပါင္းပါဝင္ေဆာင္႐ြက္ရမယ္” လို႔ ေျပာပါတယ္။
ကရင္ျပည္နယ္၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဉီးစီးဌာန၊ လက္ေထာင္ၫႊန္ၾကားေရးမႉး ဉီးၾကည္သာလႈိင္က “က်ေနာ္တို႔ ပတ္ဝန္းက်င္မွာ မ႑ိဳင္ႀကီး သုံးရပ္ရွိတယ္။ လူမႈေရး၊ စီးပြားေရး၊ ပတ္ဝန္းက်င္ဆိုတဲ့ ဒီမ႑ိဳင္ႀကီး သုံးရပ္ကို က်ေနာ္တို႔တေယာက္နဲ႔တေယာက္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္းအားျဖင့္ ေရရွည္စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္တဲ့ပန္းတိုင္ကို ေရာက္ရွိမယ္” လို႔ ေျပာပါတယ္။
အိုဇုန္းလႊာဟာ အိုဇုန္းအေငြ႕ေတြစုစည္းထားတဲ့ ပါးလႊာတဲ့ အေငြ႕တန္းေလးျဖစ္ၿပီး ကမာၻ႔ေျမျပင္အထက္ ၆ မိုင္ကေန ၃၁ မိုင္ အတြင္း ကမာၻ႔ေလထုရဲ႕ ဒုတိယအလႊာျဖစ္တဲ့ စထရက္တိုစဖီးယားအလႊာမွာ ဖြဲ႕စည္းျဖစ္ေပၚေနတာပါ။
အိုဇုန္းလႊာဟာ ကမာၻ႔ေျမျပင္ေပၚကို ေဘးအႏၲရာယ္ရွိတဲ့ ခရမ္းလြန္ေရာင္ျခည္ မက်ေရာက္ေအာင္ ၉၅ ရာခိုင္ႏႈန္းကေန ၉၉ ရာခိုင္ႏႈန္းအထိ ကာကြယ္ေပးထားတဲ့ သဘာ၀အကာအကြယ္ဒိုင္းႀကီးတစ္ခုျဖစ္လို႔ ေကာင္းကင္မွာ အိုဇုန္း ၁ ရာခိုင္ႏႈန္းပ်က္စီးရင္ ေျမျပင္မွာ ခရမ္းလြန္ေရာင္ျခည္ ၁ ရာခိုင္ႏႈန္းတိုးပြားလာမွာျဖစ္တယ္လို႔ ပညာရွင္ေတြက ဆိုပါတယ္။
၃၂ ႏွစ္ၾကာေအာင္ျမင္မႈ အိုဇုန္းလႊာက သက္ေသျပဳေဆာင္ပုဒ္အတိုင္း ေအာင္ျမင္ေအာင္အစျပဳခဲ့တဲ့ ၁၉၈၇ ခုႏွစ္ စက္တင္ဘာ ၁၆ ရက္က အတည္ျပဳခဲ့တဲ့ မြန္ထရီယယ္ ေနာက္ဆက္တြဲ စာခ်ဳပ္ပါအခ်က္ေတြအတိုင္း အိုဇုန္းလႊာကို ႏိုင္ငံတကာက ဝိုင္းဝန္းထိန္းသိမ္းကာကြယ္ခဲ့ၾကလို႔ ေအာင္ျမင္မႈေတြ ရရွိလာခဲ့ၾကတာပါ။
သတင္း- ရဲမင္းေခါင္