မန်ယူအသင်း အောင်မြင်မှုရရန် ဆိုးလ်ရှားအနေဖြင့် အချိန်ယူရမည်ဟု ဂယ်ရီနဗီးလ် ပြော

1K
နည်းပြ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိူက်တက်အသင်းဟာ ဒီနှစ် ဘောလုံးရာသီအစမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရပြီး ၅ ပွဲကစားပြီးချိန်မှာ ၂ ပွဲပဲအနိုင်ရထားပါတယ်။
နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းကို ရေရှည်အတွက် ရည်မှန်းကာ တည်ဆောက်နေပြီး အချိန်ယူရနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
အသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း ဆိုးလ်ရှားအတွက် အချိန်လိုအပ်တယ်ဆိုတာ ထောက်ခံလိုက်ပြီး နောက်ထပ်တနှစ်လောက်အထိ အချိန်ယူရနိုင်တယ်လို့ TV2 နဲ့ အင်တာဗျူးတစ်ခုမှာ သုံးသပ်ပါတယ်။
လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကို ကြည့်မယ်ဆိုရင် သူဘာတခုမှ မအောင်မြင်သေးခင် အချိန်အထိ ၄ နှစ်အချိန်ယူခဲ့ပြီး ဆိုးလ်ရှားကတော့ တနှစ်အတွင်းမှာ ပဲပိုကောင်းအောင်လုပ်ပြနိုင်ခဲ့ တယ်လို့ နဗီးလ်ကပြောပါတယ်။
==============================
မန္ယူအသင္း ေအာင္ျမင္မႈရရန္ ဆိုးလ္ရွားအေနျဖင့္ အခ်ိန္ယူရမည္ဟု ဂယ္ရီနဗီးလ္ ေျပာ
DVB
နည္းျပ ဆိုးလ္ရွားရဲ႕ မန္ခ်က္စတာယူႏိူက္တက္အသင္းဟာ ဒီႏွစ္ ေဘာလုံးရာသီအစမွာ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ေနရၿပီး ၅ ပြဲကစားၿပီးခ်ိန္မွာ ၂ ပြဲပဲအႏိုင္ရထားပါတယ္။
နည္းျပဆိုးလ္ရွားကိုယ္တိုင္ကလည္း ယူႏိုက္တက္အသင္းကို ေရရွည္အတြက္ ရည္မွန္းကာ တည္ေဆာက္ေနၿပီး အခ်ိန္ယူရႏိုင္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ဖူးပါတယ္။
အသင္းရဲ႕ ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္ကလည္း ဆိုးလ္ရွားအတြက္ အခ်ိန္လိုအပ္တယ္ဆိုတာ ေထာက္ခံလိုက္ၿပီး ေနာက္ထပ္တႏွစ္ေလာက္အထိ အခ်ိန္ယူရႏိုင္တယ္လို႔ TV2 နဲ႔ အင္တာဗ်ဴးတစ္ခုမွာ သုံးသပ္ပါတယ္။
လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့ပ္ကို ၾကည့္မယ္ဆိုရင္ သူဘာတခုမွ မေအာင္ျမင္ေသးခင္ အခ်ိန္အထိ ၄ ႏွစ္အခ်ိန္ယူခဲ့ၿပီး ဆိုးလ္ရွားကေတာ့ တႏွစ္အတြင္းမွာ ပဲပိုေကာင္းေအာင္လုပ္ျပႏိုင္ခဲ့ တယ္လို႔ နဗီးလ္ကေျပာပါတယ္။