ရုရှား ပြန်ပို့လိုက်သည့် ရေတပ်သားများကို ယူကရိန်းသမ္မတ တွေ့ဆုံ

ရုရှား-ယူကရိန်း အကျဉ်းသား ဖလှယ်ရေး အစိတ်အပိုင်း အနေနဲ့ ရုရှားအစိုးရက ယူကရိန်း အစိုးရဆီ ပြန်ပို့ပေးလိုက်တဲ့ ရေတပ်သားတွေကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇေလန်စကီက စက်တင်ဘာ ၁၂ ရက်မှာ တွေ့ဆုံပါတယ်။
မြို့တော်ကိယက်ဗ်က သမ္မတနန်းတော်နားမှာရှိတဲ့ ပန်းခြံထဲမှာ သမ္မတက သင်္ဘောသား တွေကို နိုင်ငံအဆင့် ဆုတံဆိပ်တွေ ပေးအပ်ချီးမြှင့်ပါတယ်။
အဲဒီနောက် ဗိုလ်ကြီး ဒန်းနစ်စ်ဟရစ်ဆန်ကိုက သင်္ဘောတွေ ရုရှားထောင်ထဲမှာ လေးလေးစားစား ဆက်ဆံခံရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ဒါပေမယ့် သံတိုင်တွေနောက်မှာ နေရတာဟာ အမြဲတမ်းအတွက် မကောင်းတဲ့ အတွေ့အကြုံ လို့လည်း သူက ပြောပါတယ်။
ရုရှား အကျဉ်းခန်းတွေက သေးပြီး မီးအမြဲထွန်းထားတယ်လို့ လွတ်မြောက်လာတဲ့ ယူကရိန်း စစ်သည်တွေက ပြောပါတယ်။
ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခကို အဆုံးသတ်ပေးမယ်ဆိုတဲ့ ကတိနဲ့ ဒီနှစ်ထဲမှာ သမ္မတ ဖြစ်လာတဲ့ ဇေလန်စကီအတွက် အကျဉ်းသား ဖလှယ်နိုင်တာဟာ အောင်ပွဲတခုပါ။
မနှစ်က ခရိုင်းမီးယားကမ်းလွန်မှာ ပဋိပက္ခအတွင်း ယူကရိန်း စစ်သည် ၂၄ ယောက် အဖမ်းခံခဲ့ရပါတယ်။
=============================
႐ုရွား ျပန္ပို႔လိုက္သည့္ ေရတပ္သားမ်ားကို ယူကရိန္းသမၼတ ေတြ႕ဆုံ
DVB
႐ုရွား-ယူကရိန္း အက်ဥ္းသား ဖလွယ္ေရး အစိတ္အပိုင္း အေနနဲ႔ ႐ုရွားအစိုးရက ယူကရိန္း အစိုးရဆီ ျပန္ပို႔ေပးလိုက္တဲ့ ေရတပ္သားေတြကို ယူကရိန္းသမၼတ ဗိုလိုဒီမီယာေဇလန္စကီက စက္တင္ဘာ ၁၂ ရက္မွာ ေတြ႕ဆုံပါတယ္။
ၿမိဳ႕ေတာ္ကိယက္ဗ္က သမၼတနန္းေတာ္နားမွာရွိတဲ့ ပန္းၿခံထဲမွာ သမၼတက သေဘၤာသား ေတြကို ႏိုင္ငံအဆင့္ ဆုတံဆိပ္ေတြ ေပးအပ္ခ်ီးျမႇင့္ပါတယ္။
အဲဒီေနာက္ ဗိုလ္ႀကီး ဒန္းနစ္စ္ဟရစ္ဆန္ကိုက သေဘၤာေတြ ႐ုရွားေထာင္ထဲမွာ ေလးေလးစားစား ဆက္ဆံခံရတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။
ဒါေပမယ့္ သံတိုင္ေတြေနာက္မွာ ေနရတာဟာ အၿမဲတမ္းအတြက္ မေကာင္းတဲ့ အေတြ႕အႀကဳံ လို႔လည္း သူက ေျပာပါတယ္။
႐ုရွား အက်ဥ္းခန္းေတြက ေသးၿပီး မီးအၿမဲထြန္းထားတယ္လို႔ လြတ္ေျမာက္လာတဲ့ ယူကရိန္း စစ္သည္ေတြက ေျပာပါတယ္။
ယူကရိန္း အေရွ႕ပိုင္းက ပဋိပကၡကို အဆုံးသတ္ေပးမယ္ဆိုတဲ့ ကတိနဲ႔ ဒီႏွစ္ထဲမွာ သမၼတ ျဖစ္လာတဲ့ ေဇလန္စကီအတြက္ အက်ဥ္းသား ဖလွယ္ႏိုင္တာဟာ ေအာင္ပြဲတခုပါ။
မႏွစ္က ခ႐ိုင္းမီးယားကမ္းလြန္မွာ ပဋိပကၡအတြင္း ယူကရိန္း စစ္သည္ ၂၄ ေယာက္ အဖမ္းခံခဲ့ရပါတယ္။