Home
မြန်မာသတင်း
ဝန်ကြီးအနေဖြင့် မေးခွန်းများအလေးထား ဖြေကြားရန် နမ္မတူအမတ် တိုက်တွန်း 
ပိုင်စိုး
·
September 16, 2019
ဝန်ကြီးတယောက်က လွှတ်တော်ကိုယ်စားလှယ်ရဲ့ မေးခွန်းကို အလေးမထားဘဲ တုံ့ပြန်ဖြေကြားနေတာဟာ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်လို့ နမ္မတူမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဝေဖန်ပြောကြားလိုက်ပါတယ်။ နမ္မတူမြို့နယ်မှာ ဖြစ်နေတဲ့ မြေယာပြဿနာကို ၂၀၁၂ ခုနှစ်ကစလို့ သက်ဆိုင်ရာတွေဆီ တင်ပြခဲ့ပေမယ့် အကြောင်းမထူးခဲ့သလို လွှတ်တော်မှာ တင်ပြတဲ့အခါမှာလည်း ကွဲလွဲတာတွေ ရှိနေလို့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထပ်မေးလိုက်တာပါ။ T&C Group ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း  နမ္မတူမှာ မြေဧကပေါင်း ၁၇၉၇ ဧက ရယူခဲ့ပြီး ရွာနဲ့ တမိုင်လောက် အကွာမှာ စိုက်ပျိုးရေးလုပ်ကိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ရွာနဲ့တဆက်တည်းမှာရှိတဲ့ ဒေသခံတွေ စိုက်ပျိုးနေတဲ့မြေတွေကို သိမ်းယူ စိုက်ပျိုးခဲ့တာကြောင့် ဒေသခံတွေနဲ့ အငြင်းပွားခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်က သွားရောက် စစ်ဆေးရာမှာ မစိုက်ပျိုးဘဲ ကျန်နေတဲ့မြေတွေ တွေ့ရတာ ကြောင့် အဲဒါကို ပြန်သိမ်းဖို့အတွက် မြို့နယ် မြေယာစိစစ်ရေးအဖွဲ့ကို အကြံပြုခဲ့ပေမယ့် ၂၀၁၈ ခုနှစ်အထိ နိုင်ငံတော်က သိမ်းယူတယ်လို့ အမိန့်မထုတ်နိုင်ခဲ့ဘူးလို့ ဒေါ်နန်းခမ်းအေးက ပြောပါတယ်။ ဒီအတွက် လွှတ်တော်ကနေ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်မှာပဲ သိမ်းဆည်းပြီးဖြစ်ကြောင်း၊ မြေဧက ၇၉၇ ဧကမှာ အပြည့်အဝ စိုက်ထားပြီလို့လည်း ဖြေလာခဲ့တာက ကွဲလွဲနေတာလို့ ဆိုပါတယ်။ “မြို့နယ် အာဏာပိုင်တွေကိုယ်တိုင်လက်မှတ်ထိုးထားပြီး အမှန်ရယူထားတဲ့ စာရင်းအတိုင်း တင်ပြတဲ့မြေ ဧက ၁၂၀ တည်နေရာ ကွဲလွဲသွားတာဟာ ဘာကြောင့် ကွဲလွဲတယ်ဆိုတာကို တိတိကျကျ မဖြေပေးတာဟာ အဂတိလိုက်စားတာနဲ့ ဆက်စပ်နိုင်သလို လွှတ်တော်ကိုယ်စားလှယ် ရဲ့ ခိုင်လုံတဲ့ အထောက်အထားနဲ့ မေးတာကိုလည်း ကိုယ်စားလှယ်ရဲ့ မေးခွန်းကို အမှားဖြစ်အောင် လုပ်နေတာဟာ လွှတ်တော်ကို တာဝန်ခံထားတဲ့ ကိုယ်စားလှယ်ကို မထီမဲ့မြင်လုပ်ရာ ရောက်ပါတယ်” လို့  ဒေါ်နန်းခမ်းအေးကပြောပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပတ်သက်လို့ မေးတိုင်းမှာ ကွဲလွဲတဲ့ အဖြေတွေ အမြဲရတယ်လို့လည်း ဆိုပါတယ်။  “ခုနက ဒုဝန်ကြီး ပြသွားတဲ့ဓာတ်ပုံတွေက ပြည်နယ်ကိုယ်စားလှယ် ဆိုတာ ကျမ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ပုံတွေ ဖြစ်ပါတယ်။ ကျမကိုယ်တိုင်ကွင်းဆင်းပြီးတော့ ရိုက်လာတဲ့ ပုံတွေဖြစ်ပြီး ဖြေရှင်းချက်တွေဟာ အခုထိမရပါဘူး။ အဲဒါကြောင့် ဒီဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ သမ္မတရဲ့ လမ်းညွှန်ချက်နဲ့ လုံးဝ ကွဲလွဲနေတယ်ဆိုတာ တွေ့ရှိပါမယ်။ ဝန်ကြီးတယောက်က လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ မေးခွန်းကို အလေးမထားဘဲ တုန့်ပြန်ဖြေကြားနေတာဟာ နိုင်ငံတော်ကို ထိခိုက်စေသလို လွှတ်တော်ကိုလည်း ဂုဏ်သိက္ခာ ညှိုးနွမ်းစေပါတယ်” လို့ ဒေါ်နန်းခမ်းအေးက ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက ဆက်စပ်မေးခွန်းမေးဖို့ရှိလားလို့ မေးမြန်းရာမှာတော့ ဒေါ်နန်းခမ်းအေး က အခုမေးရင်လည်း ဖြေနိုင်ကြမှာ မဟုတ်လို့ ဒီလိုပဲ တင်ပြတာ လို့ ပြောခဲ့ပါတယ်။ ဒု ဝန်ကြီး ဦးလှကျော်ကတော့ သူဖြေဆိုတာတွေဟာ ရှမ်းပြည်နယ်အစိုးရရဲ့ ဖြေတာနဲ့ ပေါင်းစပ်ဖြေတာ ဖြစ်ပြီး နိုင်ငံတော်ရဲ့ မူတွေနဲ့အညီ ထိန်းကျောင်းလုပ်ဆောင်နေရတာ လို့ ဖြေပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဖို့ လိုတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
ဝန္ႀကီးအေနျဖင့္ ေမးခြန္းမ်ားအေလးထား ေျဖၾကားရန္ နမၼတူအမတ္ တိုက္တြန္း ပိုင္စိုး ဝန္ႀကီးတေယာက္က လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ေမးခြန္းကို အေလးမထားဘဲ တုံ႔ျပန္ေျဖၾကားေနတာဟာ လႊတ္ေတာ္ရဲ႕ ဂုဏ္သိကၡာ ညႇိဳးႏြမ္းေစတယ္လို႔ နမၼတူမဲဆႏၵနယ္က ကိုယ္စားလွယ္ ေဒၚနန္းခမ္းေအးက ေဝဖန္ေျပာၾကားလိုက္ပါတယ္။ နမၼတူၿမိဳ႕နယ္မွာ ျဖစ္ေနတဲ့ ေျမယာျပႆနာကို ၂၀၁၂ ခုႏွစ္ကစလို႔ သက္ဆိုင္ရာေတြဆီ တင္ျပခဲ့ေပမယ့္ အေၾကာင္းမထူးခဲ့သလို လႊတ္ေတာ္မွာ တင္ျပတဲ့အခါမွာလည္း ကြဲလြဲတာေတြ ရွိေနလို႔ ဒီေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ထပ္ေမးလိုက္တာပါ။ T&C Group ကုမၸဏီဟာ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အတြင္း နမၼတူမွာ ေျမဧကေပါင္း ၁၇၉၇ ဧက ရယူခဲ့ၿပီး ႐ြာနဲ႔ တမိုင္ေလာက္ အကြာမွာ စိုက္ပ်ိဳးေရးလုပ္ကိုင္ဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ ကုမၸဏီဟာ ႐ြာနဲ႔တဆက္တည္းမွာရွိတဲ့ ေဒသခံေတြ စိုက္ပ်ိဳးေနတဲ့ေျမေတြကို သိမ္းယူ စိုက္ပ်ိဳးခဲ့တာေၾကာင့္ ေဒသခံေတြနဲ႔ အျငင္းပြားခဲ့ရပါတယ္။ ၂၀၁၃ ခုႏွစ္က သြားေရာက္ စစ္ေဆးရာမွာ မစိုက္ပ်ိဳးဘဲ က်န္ေနတဲ့ေျမေတြ ေတြ႕ရတာ ေၾကာင့္ အဲဒါကို ျပန္သိမ္းဖို႔အတြက္ ၿမိဳ႕နယ္ ေျမယာစိစစ္ေရးအဖြဲ႕ကို အႀကံျပဳခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္အထိ ႏိုင္ငံေတာ္က သိမ္းယူတယ္လို႔ အမိန႔္မထုတ္ႏိုင္ခဲ့ဘူးလို႔ ေဒၚနန္းခမ္းေအးက ေျပာပါတယ္။ ဒီအတြက္ လႊတ္ေတာ္ကေန ၾကယ္ပြင့္မျပေမးခြန္း ေမးျမန္းခဲ့လို႔ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ဆည္ေျမာင္း ဝန္ႀကီးဌာနက ၂၀၁၈ ခုႏွစ္မွာပဲ သိမ္းဆည္းၿပီးျဖစ္ေၾကာင္း၊ ေျမဧက ၇၉၇ ဧကမွာ အျပည့္အဝ စိုက္ထားၿပီလို႔လည္း ေျဖလာခဲ့တာက ကြဲလြဲေနတာလို႔ ဆိုပါတယ္။ “ၿမိဳ႕နယ္ အာဏာပိုင္ေတြကိုယ္တိုင္လက္မွတ္ထိုးထားၿပီး အမွန္ရယူထားတဲ့ စာရင္းအတိုင္း တင္ျပတဲ့ေျမ ဧက ၁၂၀ တည္ေနရာ ကြဲလြဲသြားတာဟာ ဘာေၾကာင့္ ကြဲလြဲတယ္ဆိုတာကို တိတိက်က် မေျဖေပးတာဟာ အဂတိလိုက္စားတာနဲ႔ ဆက္စပ္ႏိုင္သလို လႊတ္ေတာ္ကိုယ္စားလွယ္ ရဲ႕ ခိုင္လုံတဲ့ အေထာက္အထားနဲ႔ ေမးတာကိုလည္း ကိုယ္စားလွယ္ရဲ႕ ေမးခြန္းကို အမွားျဖစ္ေအာင္ လုပ္ေနတာဟာ လႊတ္ေတာ္ကို တာဝန္ခံထားတဲ့ ကိုယ္စားလွယ္ကို မထီမဲ့ျမင္လုပ္ရာ ေရာက္ပါတယ္” လို႔ ေဒၚနန္းခမ္းေအးကေျပာပါတယ္။ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနနဲ႔ ပတ္သက္လို႔ ေမးတိုင္းမွာ ကြဲလြဲတဲ့ အေျဖေတြ အၿမဲရတယ္လို႔လည္း ဆိုပါတယ္။ “ခုနက ဒုဝန္ႀကီး ျပသြားတဲ့ဓာတ္ပုံေတြက ျပည္နယ္ကိုယ္စားလွယ္ ဆိုတာ က်မ ျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္ကတည္းက ပုံေတြ ျဖစ္ပါတယ္။ က်မကိုယ္တိုင္ကြင္းဆင္းၿပီးေတာ့ ႐ိုက္လာတဲ့ ပုံေတြျဖစ္ၿပီး ေျဖရွင္းခ်က္ေတြဟာ အခုထိမရပါဘူး။ အဲဒါေၾကာင့္ ဒီဌာနရဲ႕ ေဆာင္႐ြက္ခ်က္ေတြဟာ သမၼတရဲ႕ လမ္းၫႊန္ခ်က္နဲ႔ လုံးဝ ကြဲလြဲေနတယ္ဆိုတာ ေတြ႕ရွိပါမယ္။ ဝန္ႀကီးတေယာက္က လႊတ္ေတာ္ ကိုယ္စားလွယ္ တေယာက္ရဲ႕ ေမးခြန္းကို အေလးမထားဘဲ တုန႔္ျပန္ေျဖၾကားေနတာဟာ ႏိုင္ငံေတာ္ကို ထိခိုက္ေစသလို လႊတ္ေတာ္ကိုလည္း ဂုဏ္သိကၡာ ညႇိဳးႏြမ္းေစပါတယ္” လို႔ ေဒၚနန္းခမ္းေအးက ေျပာပါတယ္။ လႊတ္ေတာ္ဥကၠ႒က ဆက္စပ္ေမးခြန္းေမးဖို႔ရွိလားလို႔ ေမးျမန္းရာမွာေတာ့ ေဒၚနန္းခမ္းေအး က အခုေမးရင္လည္း ေျဖႏိုင္ၾကမွာ မဟုတ္လို႔ ဒီလိုပဲ တင္ျပတာ လို႔ ေျပာခဲ့ပါတယ္။ ဒု ဝန္ႀကီး ဦးလွေက်ာ္ကေတာ့ သူေျဖဆိုတာေတြဟာ ရွမ္းျပည္နယ္အစိုးရရဲ႕ ေျဖတာနဲ႔ ေပါင္းစပ္ေျဖတာ ျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕ မူေတြနဲ႔အညီ ထိန္းေက်ာင္းလုပ္ေဆာင္ေနရတာ လို႔ ေျဖပါတယ္။ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က အျဖစ္မွန္ေပၚေပါက္ေရးအတြက္ ကြင္းဆင္းစစ္ေဆးဖို႔ လိုတယ္လို႔ မွတ္ခ်က္ ေပးခဲ့ပါတယ္။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024