အင်ဒိုနီးရှားတွင် မီးခိုးမြူများထူထပ်သဖြင့် လူထုကျန်းမာရေးစိုးရိမ်နေ

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ကလီမန်တန်ခရိုင်မှာ စက်တင်ဘာ ၁၅ ရက်က မီးခိုးမြူထူတွေ ရစ်သိုင်းနေပြီး လေထုညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရပါတယ်။  သစ်တောတွေ မီးလောင်နေလို့ လေထုအရည်အသွေးက အန္တရာယ်ရှိတဲ့ အဆင့်ထဲမှာ ရောက်နေပါတယ်။ အနားမှာနေသူတွေ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ဒေသန္တရာ အာဏာပိုင်တွေက ကူညီနေပါတယ်။ မီးသတ်သမားတွေက မီးတောက်တွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေပြီး အရပ်ဖက်အဖွဲ့အစည်းတွေက မီးခိုးတွေထဲ ကားမောင်းနေရသူတွေကို မျက်နှာဖုံးတွေ ဝေပေးခဲ့ပါတယ်။ ကလီမန်တန်က နေရာပေါင်း ၁၃၄၅ ခုမှာ မီးလောင်နေတယ်လို့ မိုးလေဝသ၊ ရာသီဥတုနဲ့ ပထဝီရူပအေဂျင်စီက ပြထားပါတယ်။  နှစ်စဉ် ခြောက်သွေ့ရာသီရောက်တိုင်း အင်ဒိုနီးရှားနိုင်ငံထဲမှာ ဆီအုန်းနဲ့ ပျော့ဖတ်ပင်တွေ စိုက်ဖို့ မြေရှင်းတဲ့ အနေနဲ့ တောမီးရှို့လေ့ ရှိပါတယ်။  မီးခိုးတွေက အိမ်နီးချင်းနိုင်ငံတွေဆီ ရစ်သိုင်းလွှမ်းခြုံလာလို့ လေကြောင်းခရီးစဉ်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ အများပြည်သူ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြရပါတယ်။ ====================== အင္ဒိုနီးရွားတြင္ မီးခိုးျမဴမ်ားထူထပ္သျဖင့္ လူထုက်န္းမာေရးစိုးရိမ္ေန DVB အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္း ကလီမန္တန္ခ႐ိုင္မွာ စက္တင္ဘာ ၁၅ ရက္က မီးခိုးျမဴထူေတြ ရစ္သိုင္းေနၿပီး ေလထုညစ္ညမ္းမႈနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ သစ္ေတာေတြ မီးေလာင္ေနလို႔ ေလထုအရည္အေသြးက အႏၲရာယ္ရွိတဲ့ အဆင့္ထဲမွာ ေရာက္ေနပါတယ္။ အနားမွာေနသူေတြ ေဘးကင္းရာ ေ႐ႊ႕ေျပာင္းၾကဖို႔ ေဒသႏၲရာ အာဏာပိုင္ေတြက ကူညီေနပါတယ္။ မီးသတ္သမားေတြက မီးေတာက္ေတြကို ျငႇိမ္းသတ္ဖို႔ ႀကိဳးစားေနၿပီး အရပ္ဖက္အဖြဲ႕အစည္းေတြက မီးခိုးေတြထဲ ကားေမာင္းေနရသူေတြကို မ်က္ႏွာဖုံးေတြ ေဝေပးခဲ့ပါတယ္။ ကလီမန္တန္က ေနရာေပါင္း ၁၃၄၅ ခုမွာ မီးေလာင္ေနတယ္လို႔ မိုးေလဝသ၊ ရာသီဥတုနဲ႔ ပထဝီ႐ူပေအဂ်င္စီက ျပထားပါတယ္။ ႏွစ္စဥ္ ေျခာက္ေသြ႕ရာသီေရာက္တိုင္း အင္ဒိုနီးရွားႏိုင္ငံထဲမွာ ဆီအုန္းနဲ႔ ေပ်ာ့ဖတ္ပင္ေတြ စိုက္ဖို႔ ေျမရွင္းတဲ့ အေနနဲ႔ ေတာမီးရႈိ႕ေလ့ ရွိပါတယ္။ မီးခိုးေတြက အိမ္နီးခ်င္းႏိုင္ငံေတြဆီ ရစ္သိုင္းလႊမ္းၿခဳံလာလို႔ ေလေၾကာင္းခရီးစဥ္ေတြ၊ ခရီးသြားလုပ္ငန္းရွင္ေတြနဲ႔ အမ်ားျပည္သူ က်န္းမာေရးအေျခအေနေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနၾကရပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up