ဟောင်ကောင်တွင် အစိုးရဆန့်ကျင်သူများနှင့် အစိုးရလိုလားသူများ ထိပ်တိုက်တွေ့

980
ဟောင်ကောင်မှာ အစိုးရဆန့်ကျင်သူတွေနဲ့ အစိုးရလိုလားတဲ့ ဆန္ဒပြသူတွေ အကြား စက်တင်ဘာ ၁၅ ရက်က ထိပ်တိုက်တွေ့ခဲ့ပါတယ်။
လွှတ်တော်နားက မြေအောက်ရထားဘူတာနားမှာ ဆန္ဒပြသူတွေက ဓာတ်ဆီပုလင်း ပုံးတွေနဲ့ ပစ်ပေါက်တာ ပြတင်းမှန်တွေကို ရိုက်ခွဲတာနဲ့ ဘူတာကို ဖျက်ဆီးတာတွေ လုပ်ခဲ့လို့ ရဲတွေက ရေအမြောက်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။
မျက်နှာဖုံးအနက်တွေ ဝတ်ထားတဲ့ ဆန္ဒပြသူတွေ မြို့ထဲကို ချီတက်လာချိန်မှာ လုံခြုံရေး တပ်ဖွဲ့တွေက အပြာရောင် ဆိုးထားတဲ့ ရေအမြောက်နဲ့ ဖျန်းပြီး လူစုခွဲပါတယ်။
ဒါဟာ နောက်ပိုင်းမှာ ဆေးရောင်စွန်းထင်းနေတဲ့ ဆန္ဒပြသူတွေကို လူအုပ်ထဲ ခွဲခြား ဖမ်းဆီးနိုင်ဖို့ နိုင်ငံတကာမှာ သုံးတဲ့ နည်းလမ်းပါ။
ဆန္ဒပြသူတွေဟာ ဗြိတိန် ကောင်စစ်ဝန်ရုံးရှေ့မှာ စုရုံးခဲ့ပြီး တရုတ်အစိုးရကို အရှိန်သတ်ဖို့နဲ့ ဟောင်ကောင် လွတ်လပ်ရေးကို လေးစားအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
တရုတ်ပြည်မကြီးဆီ ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။
အငြင်းပွား ဥပဒေမူကြမ်းကို အခု ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် ဆန္ဒပြပွဲတွေ ရပ်မသွားဘဲ ဟောင်ကောင်မှာ လွတ်လပ်စွာ မဲပေးခွင့်အတွက် တောင်းဆိုမှု ပိုကျယ်ပြန့်လာခဲ့ပါတယ်။
==============================
ေဟာင္ေကာင္တြင္ အစိုးရဆန႔္က်င္သူမ်ားႏွင့္ အစိုးရလိုလားသူမ်ား ထိပ္တိုက္ေတြ႕
DVB
ေဟာင္ေကာင္မွာ အစိုးရဆန႔္က်င္သူေတြနဲ႔ အစိုးရလိုလားတဲ့ ဆႏၵျပသူေတြ အၾကား စက္တင္ဘာ ၁၅ ရက္က ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။
လႊတ္ေတာ္နားက ေျမေအာက္ရထားဘူတာနားမွာ ဆႏၵျပသူေတြက ဓာတ္ဆီပုလင္း ပုံးေတြနဲ႔ ပစ္ေပါက္တာ ျပတင္းမွန္ေတြကို ႐ိုက္ခြဲတာနဲ႔ ဘူတာကို ဖ်က္ဆီးတာေတြ လုပ္ခဲ့လို႔ ရဲေတြက ေရအေျမာက္ေတြ၊ မ်က္ရည္ယိုဓာတ္ေငြ႕ေတြနဲ႔ တုံ႔ျပန္ခဲ့ပါတယ္။
မ်က္ႏွာဖုံးအနက္ေတြ ဝတ္ထားတဲ့ ဆႏၵျပသူေတြ ၿမိဳ႕ထဲကို ခ်ီတက္လာခ်ိန္မွာ လုံၿခဳံေရး တပ္ဖြဲ႕ေတြက အျပာေရာင္ ဆိုးထားတဲ့ ေရအေျမာက္နဲ႔ ဖ်န္းၿပီး လူစုခြဲပါတယ္။
ဒါဟာ ေနာက္ပိုင္းမွာ ေဆးေရာင္စြန္းထင္းေနတဲ့ ဆႏၵျပသူေတြကို လူအုပ္ထဲ ခြဲျခား ဖမ္းဆီးႏိုင္ဖို႔ ႏိုင္ငံတကာမွာ သုံးတဲ့ နည္းလမ္းပါ။
ဆႏၵျပသူေတြဟာ ၿဗိတိန္ ေကာင္စစ္ဝန္႐ုံးေရွ႕မွာ စု႐ုံးခဲ့ၿပီး တ႐ုတ္အစိုးရကို အရွိန္သတ္ဖို႔နဲ႔ ေဟာင္ေကာင္ လြတ္လပ္ေရးကို ေလးစားေအာင္ လုပ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
တ႐ုတ္ျပည္မႀကီးဆီ ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို ဆန႔္က်င္ၿပီး ဆႏၵျပပြဲေတြ ေပၚေပါက္လာတာပါ။
အျငင္းပြား ဥပေဒမူၾကမ္းကို အခု ႐ုပ္သိမ္းလိုက္ၿပီ ျဖစ္ေပမယ့္ ဆႏၵျပပြဲေတြ ရပ္မသြားဘဲ ေဟာင္ေကာင္မွာ လြတ္လပ္စြာ မဲေပးခြင့္အတြက္ ေတာင္းဆိုမႈ ပိုက်ယ္ျပန႔္လာခဲ့ပါတယ္။