A d v e r t i s e m e n t With Us

ဟွန်ဒူးရပ်တွင် အတိုက်အခံဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်

ဟွန်ဒူးရပ်နိုင်ငံမှာ စက်တင်ဘာ ၁၅ ရက်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပနေချိန်  မြို့တော်တီဂူစီဂါလ်ပါမှာတော့ အတိုက်အခံဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။  ဟွန်ဒူးရပ်ဟာ စပိန်နိုင်ငံဆီကနေ လွတ်လပ်ရေးရခဲ့တာပါ။ တနင်္ဂနွေနေ့မှာ  ဟွန်ဒူးရပ် သမ္မတ အော်လန်ဒို ဟာနန်ဒက်ဇ် ဦးဆောင်ပြီး တီဂူစီဂါလ်ပါ အမျိုးသား အားကစားရုံမှာ စစ်ရေးပြ အခမ်းအနား ကျင်းပခဲ့ပါတယ်။  တချိန်တည်းမှာပဲ မြို့တော် တီဂူစီဂါလ်ပါရဲ့ တခြားနေရာမှာတော့ သမ္မတဟောင်း မန်နျူရယ် ဇီလာယာ ဦးဆောင်တဲ့ အတိုက်အခံတွေက ဆန္ဒပြချီတက်ခဲ့တာပါ။   အကျင့်ပျက်ခြစားတဲ့ အစိုးရက အာဏာရယူထားတာကြောင့် လွတ်လပ်ရေးနေ့ကို အသိအမှတ်မပြုနိုင်ဘူးလို့ ဆန္ဒပြသူတွေက  ပြောပါတယ်။  သူတို့ဟာ လက်ရှိသမ္မတ ဟာနန်ဒက်ဇ်အနေနဲ့ ရာထူးက ဖယ်ပေးဖို့ကိုလည်း တောင်းဆို ခဲ့ကြပါတယ်။  သမ္မတဟာနန်ဒက်ဇ်ဟာ ၂၀၁၃ ရွေးကောက်ပွဲရန်ပုံငွေအတွက်  မူးယစ်မှောင်ခိုဂိုဏ်း တွေဆီက ငွေလက်ခံခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့တွေက ပြီးခဲ့တဲ့လမှာ  စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ဟာနန်ဒက်ဇ်က  အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူဟာ မူးယစ်ဂိုဏ်းတွေနဲ့ အတိုက်အခံတွေရဲ့   သားပုပ်လေလွင့်စွပ်စွဲတာကို ခံခဲ့ရတာလို့ ပြောပါတယ်။  တနင်္ဂနွေနေ့ ဆန္ဒပြပွဲမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ဆန္ဒပြလူအုပ်ကို လူစုခွဲရင်း နှစ်ဘက်ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ သမ္မတဟောင်း မန်နျူရယ်ဇီလာယာက လက်ရှိဗင်နီဇွဲလားအစိုးရကို ရာဇဝတ် အာဏာရှင်လို့ တနင်္ဂနွေနေ့ ဆန္ဒပြပွဲမှာ ကြွေးကြော်ခဲ့ပါတယ်။ ================================ ဟြန္ဒူးရပ္တြင္ အတိုက္အခံဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ ႐ုန္းရင္းဆန္ခတ္ ျဖစ္ DVB ဟြန္ဒူးရပ္ႏိုင္ငံမွာ စက္တင္ဘာ ၁၅ ရက္က လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ က်င္းပေနခ်ိန္  ၿမိဳ႕ေတာ္တီဂူစီဂါလ္ပါမွာေတာ့ အတိုက္အခံဆႏၵျပသူေတြနဲ႔ အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။ ဟြန္ဒူးရပ္ဟာ စပိန္ႏိုင္ငံဆီကေန လြတ္လပ္ေရးရခဲ့တာပါ။ တနဂၤေႏြေန႔မွာ  ဟြန္ဒူးရပ္ သမၼတ ေအာ္လန္ဒို ဟာနန္ဒက္ဇ္ ဦးေဆာင္ၿပီး တီဂူစီဂါလ္ပါ အမ်ိဳးသား အားကစား႐ုံမွာ စစ္ေရးျပ အခမ္းအနား က်င္းပခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ၿမိဳ႕ေတာ္ တီဂူစီဂါလ္ပါရဲ႕ တျခားေနရာမွာေတာ့ သမၼတေဟာင္း မန္န်ဴရယ္ ဇီလာယာ ဦးေဆာင္တဲ့ အတိုက္အခံေတြက ဆႏၵျပခ်ီတက္ခဲ့တာပါ။ အက်င့္ပ်က္ျခစားတဲ့ အစိုးရက အာဏာရယူထားတာေၾကာင့္ လြတ္လပ္ေရးေန႔ကို အသိအမွတ္မျပဳႏိုင္ဘူးလို႔ ဆႏၵျပသူေတြက  ေျပာပါတယ္။ သူတို႔ဟာ လက္ရွိသမၼတ ဟာနန္ဒက္ဇ္အေနနဲ႔ ရာထူးက ဖယ္ေပးဖို႔ကိုလည္း ေတာင္းဆို ခဲ့ၾကပါတယ္။ သမၼတဟာနန္ဒက္ဇ္ဟာ ၂၀၁၃ ေ႐ြးေကာက္ပြဲရန္ပုံေငြအတြက္  မူးယစ္ေမွာင္ခိုဂိုဏ္း ေတြဆီက ေငြလက္ခံခဲ့တယ္လို႔ အေမရိကန္ အစိုးရေရွ႕ေတြက ၿပီးခဲ့တဲ့လမွာ  စြပ္စြဲခဲ့ပါတယ္။ ဒါေပမယ့္ ဟာနန္ဒက္ဇ္က  အဲဒီစြပ္စြဲခ်က္ေတြကို ျငင္းဆိုခဲ့ၿပီး သူဟာ မူးယစ္ဂိုဏ္းေတြနဲ႔ အတိုက္အခံေတြရဲ႕   သားပုပ္ေလလြင့္စြပ္စြဲတာကို ခံခဲ့ရတာလို႔ ေျပာပါတယ္။ တနဂၤေႏြေန႔ ဆႏၵျပပြဲမွာ အဓိက႐ုဏ္းႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြက မ်က္ရည္ယို ဓာတ္ေငြ႕ေတြနဲ႔ ဆႏၵျပလူအုပ္ကို လူစုခြဲရင္း ႏွစ္ဘက္႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ၾကပါတယ္။ သမၼတေဟာင္း မန္န်ဴရယ္ဇီလာယာက လက္ရွိဗင္နီဇြဲလားအစိုးရကို ရာဇဝတ္ အာဏာရွင္လို႔ တနဂၤေႏြေန႔ ဆႏၵျပပြဲမွာ ေႂကြးေၾကာ္ခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up